4.6

768 77 5
                                        


Unicode

'' ဒါဆို ကောင်းပြီ ငါ့ကို အပြစ်မတင်နဲ့ ''

ရန်ဖုန်းယွီ ထိုသို့ပြောပြီးနောက် သူတို့ ဘေးပတ်ဝန်းကျင်ဟာ ရုတ်ချည်း အပူချိန်တက်လာကာ မီးပင်လယ်ထဲကျဆင်သလို ဖြစ်သွားတော့သည်

သိုပေမယ့်လည်း ကောင်းကင်အရှင် ဟန်ရှင်းဝမ်ဟာလည်း အားနည်းသူမဟုတ်ပေ
တစ်ချိန်တည်းမှာပဲ သူ့ဘေးနားမှာ မိုးကြိုးတွေဟာ တစ်လက်လက်တောက်ပလျက် ဟန်ရှင်းဝမ်ကို ပတ်လည်ဝိုင်းကာ ထွက်ပေါ်လာသည်

ထို့နောက် ရန်ဖုန်းယွီက ပြောလိုက်သည်

'' ဒီနေ့မှာ ငါတို့နှစ်ယောက်မှာ တစ်ယောက်ပဲ အသက်ရှင်မယ် အဲ့ဒီလူကပဲ ချင်းအာကို ပိုင်မယ် ''

'' သဘောတူတယ် ''

ဟန်ရှင်းဝမ်ဆီမှ သဘောတူညီမှုကို ကြားလိုက်မှ ရန်ဖုန်းယွီပြုံးလိုက်ပြီး စတင်တိုက်ခိုက်လိုက်သည်

ထိုစဥ် ရန်ဖုန်းယွီရဲ့ လက်ထဲ နှင်တံပေါ်လာသည် ထိုနှင်တံပေါ်မှာတော့ မီးတောက်များဟာ တစ်တောက်တောက်နဲ့ မီးလောင်နေသလို ဖြစ်နေတော့သည်

မီးနှင်တံကို လှုပ်ကိုင်ကာ ဟန်ရှင်းဝမ်ဆီကို အားပြင်းပြင်းနဲ့ တစ်ချက် လွှဲရိုက်လိုက်တယ်

တစ်ဖက်က ဟန်ရှင်းဝမ်မှာလည်း ထိုမီးနှင်တံကို မြင်တော့ သူ့မျက်နှာဟာ ပြောင်းလဲသွားပြီး သူ့ရဲ့ တုန်လှုပ်နေတဲ့ လက်ကို ထိန်းလိုက်ပြီး အလျင်အမြန်ပင် သူ့ရဲ့ မိုးကြိုးစွမ်းအားကို စုစည်းကာ သူ့ရှေ့ကို ဒိုင်းအဖြစ်သုံးလိုက်ပြီး ကာကွယ်လိုက်တယ်

* ဒုန်း!! .... ခရက်!! *
နှင်တံကျရောက်လာတော့ ကျယ်လောင်တဲ့ မြည်သံနဲ့အတူ မိုးကြိုးတွေနဲ့ စုဖွဲ့ထားတဲ့ ဒိုင်းရဲ့ အက်ကွဲသံဟာ တိုးညင်းစွာ ထွက်ပေါ်လာသည်

နောက်တော့ ရန်ဖုန်းယွီက ပြောလိုက်သည်

'' ဟက် ဒီလောက်စွမ်းအားလေးနဲ့ ငါ့ကို နိုင်မယ်လို့ ထင်နေတာလား ငါလိုချင်ရင် မင်းရဲ့ ကောင်းကင်အရှင်ဆိုတဲ့နေရာတောင် ငါ့ဟာ ဖြစ်နေပြီ ဒါနဲ့များ ငါ့ရဲ့ ချင်းအာကို လာလုနေတယ်.... တော်ပြီ စကားမများတော့ပဲ မင်းကို အမြန်အဆုံးသတ်လိုက်တော့မယ် ''

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now