Unicode
( အပေါ်က mediaထဲက ပုံက ကျူးဖူယွင်ရဲ့ ပုံပါ )
ရှဲ့ချန်းဝူလည်း ငေးကြည့်နေရာမှ systemရဲ့ သတိပေးမှုကြောင့် အသိဝင်လာပြီး ရှက်ကိုးရှက်ကန်းနှင့် ချောင်းဟန့်လိုက်ကာ ထိုလူမေးတာကို ဖြေလိုက်သည်
'' အဟမ်း...ဟုတ်ပါတယ် ကျနော်က ရှဲ့ချန်းဝူပါ ဘာကိစ္စရှိလို့လဲ ?....ဘေဘီ ခန ဘေးကိုထိုင်အုံး ''
ထိုအခါမှ ချောင်လင်းလည်း ဘေးကခုံတွင် ရွှေ့ထိုင်လိုက်တော့သည်
'' အာ...ကိစ္စတော့မရှိပါဘူး ကိုယ့်နာမည် ကျူးဖူယွင်ပါ တွေ့ရတာဝမ်းသာပါတယ် ''
ထိုသို့ပြောပြီး သူ့လက်ကို ကမ်းပေးတော့ ရှဲ့ချန်းဝူလည်း ပြန်ပြီး လက်ကမ်းကာ နှုတ်ဆက်လိုက်သည်
'' ဟုတ်ကဲ့ ကျနော်လည်း တွေ့ရတာဝမ်းသာတယ် ''
ထိုလူက လက်ဆွဲနှုတ်ဆက်ပြီးတာတောင် လက်ကို မလွှတ်သေးပဲ လက်ကိုခပ်ဖွဖွလာပွတ်နေတာကြောင့် သူလည်း မနေတတ်ပဲ အနည်းငယ်ဆွဲယူလိုက်တော့ ထိုလူက ရှဲ့ချန်းဝူရဲ့လက်ကို ဆွဲကာ လက်ဖမိုးကို နမ်းလိုက်တာကြောင့် သူသာမက ဘေးက ချောင်လင်းပါ ကြောင်အစွာ ကျူးဖူယွင်ဆိုသူကို ကြည့်နေမိသည်
ထိုသို့ထူးဆန်းတဲ့ အပြုအမူပြီးနောက် ကျူးဖူယွင်လည်း လက်ကို လွှတ်လိုက်ကာ ဘေးတွင်ဝင်ထိုင်လိုက်သည်
'' စိတ်မရှိပါနဲ့ မစ္စတာရှဲ့ ကိုယ်က နိုင်ငံခြားက ပြန်လာတာမကြာသေးတော့ အကျင့်ဖြစ်နေလို့... ဒါနဲ့ မစ္စတာရှဲ့က ကောလဟာလတွေအတိုင်းပဲနော် ''
ကျူးဖူယွင်က ဘေးကချောင်လင်းကို စောင်းကြည့်လိုက်ကာ ပြောလိုက်ခြင်းပေ
'' ကောလဟာလ? .... ဘယ်လိုကောလဟာလမျိုးလဲ ပြောပြပါအုံး ''
'' အိုး အဲ့ဒါက မစ္စတာရှဲ့က မိန်းကလေးတွေကြားမှာ ရေပန်းစားနေတယ်ဆိုတာလေ ''
'' ဟုတ်လား...ကျနော်တောင် မသိလိုက်ဘူး ''
'' သြော်....ဒါနဲ့ ဒါက ကိုယ့်bussiness cardပါ မစ္စတာရှဲ့ အားတယ်ဆိုရင် ကိုယ့်လုပ်ငန်းလေးတွေကိုလည်း လာကြည့်ကြည့်ပေါ့ ကိုယ်တို့ပိုရင်းနှီးသွားအောင် ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Phiêu lưuစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
