Unicode
ဝီးလ်ဆန် အိမ်ရောက်တော့ ခနနားလိုက်သည်
ထို့နောက် system ကို ဆက်သွယ်လိုက်တယ်
' system မင်းရှိလား? '
[ ရှိ ရှိ 🖐🏻 ]
လက်ထောင်ကာ ကုတင်အောက်က ထွက်လာပြန်တဲ့ system ကို ကြည့်ကာ ဝီးလ်ဆန်စိတ်လေချင်သွားသည်
' အဲ့အောက်မှာ ဘာရှိလို့ အားတိုင်း ဝင်နေတာလဲ '
[ ဟဲ ဟဲ host ကလည်း ကုတင်အောက်က မှောင်တော့ နေလို့ကောင်းတာကိုးလို့ ]
' ထားပါ... ငါက မေးချင်တာရှိလို့ '
[ host အလကားမရဘူးနော် point နဲ့ဝယ် ]
' ငါက ဘာမေးမှာလဲ သိလို့လား '
[ အမှုနဲ့ ဆိုင်တာပဲနေမှာပေါ့ ]
' ဘယ်လိုတောင်တိကျနေတာလဲ ဟား..ဟား...'
[ မှန်တယ်လား....ရေးးး....host point နဲ့ဝယ်ရမှာနော် ]
' အင်း 100% ကို မှားတယ်... ဟား..ဟား..ဟား...'
[ host နော် လူယုတ်မာရီသံကြီးနဲ့..လူကို လှောင်နေတယ် တစ်ခါလေး ခန့်မှန်းတာလွဲတာကို...ဟွန့်..ခေါ်တော့ဘူး ]
' နောက်မှပေါ့ အခုငါမေးတာဖြေအုံး .... အရင်ကမ္ဘာက host တစ်ယောက်က အခုမပါဘူးလား '
[ ဘယ်သူ့ကို ပြောတာလဲ မမှတ်မိဘူး ]
' ကျစ်...အရင်အမ္ဘာက ငါ့မစ်ရှင်ကို နှောက်ယှက်တဲ့သူကို ပြောတာလေ '
[ အာ သိပြီ သိပြီ..... သူလား... ကျနော်လည်း မသိဘူး ဘာလို့လဲ host ]
' ဒီတိုင်းမေးတာပါ....ဒါနဲ့ သူလည်း တာဝန်ထမ်းဆောင်နေတဲ့သူဆိုတော့ ငါတို့ system နယ်မြေထဲမှာပေါ့ '
[ မဟုတ်ပါဘူး host... ကျနော်တို့ နယ်မြေကလူအချင်းချင်း ကမ္ဘာတစ်ခုမှာ မဆုံနိုင်ပါဘူး ]
' ဟင်? ဒါဆို ဘယ်ကလဲ? '
[ နောက်မှ ပြောပြမယ် ]
' ကောင်းပြီလေ '
ဝီးလ်ဆန်လည်း system နဲ့ပြောနေတာကို အဆုံးသတ်လိုက်ပြီး အိပ်စက်အနားယူတော့သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
