Unicode
(အပေါ်က media ထဲက ပုံက လုခ့်ရဲ့ ပုံပါ )
ဝီးလ်ဆန်ဟာ ဘေးနားက လုကာကို လျစ်လျူရှုလိုက်ကာ ရှေ့ကို ကြည့်ပြီး ဆက်ပြောလိုက်သည်
'' your honour ကျနော် အခုတောင်းဆိုချင်တာက တကယ့်တရားခံ ရောက်လာရင် တရားသူကြီးဘက်က ဘာမှမပြောသေးပဲ ကျနော်ကိုယ်တိုင်မေးပြီး သူကိုယ်တိုင်ဝန်ခံစေချင်တယ် ''
'' ကောင်းပြီ မစ္စတာဝီးလ်ဆန်ရဲ့ တောင်းဆိုချက်အတိုင်း ကျုပ်ခွင့်ပြုမယ် ''
ထိုစဥ် အပြင်ဘက်မှ လူတစ်ယောက်ရဲ့ အော်ပြောသံကို ကြားလိုက်ရသည်
'' တရားသူကြီး ကျနော်ဝင်လာလို့ရမလား ''
'' ဝင်လာပါ ''
ထိုအပြင်က လူဟာ ရဲအရာရှိ ဆိုင်းလပ်စ့်ဖြစ်ပြီး သူ့ဘေးတွင်လည်း လူတစ်ယောက် ပါလာသည်
ထိုလူကို မြင်တော့ လုကာတစ်ယောက် ထိုင်နေရာမှ ချက်ချင်းထကာ ထိတ်လန့်တုန်လှုပ်မိသွားသည်ဆိုင်းလပ်စ့်ဟာ ခပ်တည်တည်ဝင်လာပေမယ့် ဝီးလ်ဆန်ကို တွေ့တော့ မျက်စိတစ်ဖက် မှိတ်ပြကာ ' ဘယ်လိုလဲ ' ဆိုတဲ့ ပုံစံနဲ့ မေးငေါ့ပြလာတာကြောင့် ဝီးလ်ဆန် ခေါင်းငြိမ့်ပြလိုက်မှ ကျေနပ်စွာ ပြုံးတော့သည်
သူတို့နှစ်ယောက်ရဲ့ အပြုအမူကို ကြည့်နေတဲ့သူရဲ့ လူသတ်ချင်နေတဲ့ အကြည့်ကိုတော့ ဝီးလ်ဆန်တို့နှစ်ယောက် သတိမထားမိပေ
နောက်မှ ဝီးလ်ဆန်က ပြောလာသည်'' your honour အခုဝင်လာတဲ့ မစ္စတာဆိုင်းလပ်စ့် ခေါလာတဲ့ လူကို witness - box မှာ ခေါ်မေးချင်ပါတယ် ''
'' ....''
ဘာသံမှ ပြန်မလာတာကြောင့် ဝီးလ်ဆန်အံ့သြပြီး တရားသူကြီးကို ကြည့်လိုက်တော့ ဆိုင်းလပ်စ့်ကို စိုက်ကြည့်နေဆဲပင်
'' your honour? ''
နောက်တစ်ခေါက်ပြန်ခေါ်လိုက်မှ တရားသူကြီးဆီမှ အသံကြားရပေမယ့် ကြားလိုက်ရတဲ့စကားကြောင့် တရားရုံးထဲရှိ လူအားလုံး မှင်သက်သွားကြသည် ထိုဟာကတော့
'' သတ်ချင်တယ် ''
'' ဘယ်လို ''
'' အမ်? ''
'' ဘာာ! ''
'' အယ် ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Phiêu lưuစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)