💫 System Space 💫

1.2K 109 9
                                        


Unicode

[ ပြန်လည်ကြိုဆိုပါတယ် host ]

' အင်း ငါထွက်သွားပြီးနောက်ပိုင်း ကြည့်ရအောင် '

ထို့နောက် ရှဲ့ချန်းဝူထွက်သွားပြီးနောက်မှာတော့ ရှဲ့ယွမ်ဟာ အရူးတစ်ပိုင်းဖြစ်သွားပြီး အခန်းထဲတွင် အစားလည်းမစား အိပ်လည်းမအိပ်ပဲ နေနေသည်

ကျူးဖူယွင်လည်း ရှဲ့ချန်းဝူထွက်သွားတော့ ရှဲ့ချန်းဝူသေတာ ရှဲ့ယွမ်ကြောင့်ဆိုပြီး သူတို့ကုမ္ပဏီကို အမျိုးမျိုးဒုက္ခပေးပြီး နှောက်ယှက်တော့သည်

ရှဲ့ပါးပါးကတော့ ကုမ္ပဏီကို တတ်နိုင်သလောက်ထိန်းနေတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းပြီး ကျန်းမာရေထိခိုက်လာသည်

ရှဲ့မားမားလည်း ရှဲ့ချန်းဝူကသေပြီး ရှဲ့ယွမ်ကလည်း အရူးလိုဖြစ်နေတာကြောင့် စိတ်မခိုင်တဲ့သူမအဖို့ အိပ်ယာထဲလဲနေတော့သည်

ရက်အနည်းငယ်လောက်ကြာတော့ ရှဲ့ယွမ်တစ်ယောက် အခန်းထဲက ထွက်လာပြီး အပြင်ကိုကားမောင်းထွက်ကာ ရှဲ့ချန်းဝူရဲ့ အုတ်ဂူဆီဦးတည်သွားသည်

သူရောက်တော့ ရှဲ့ယွမ်လည်း အုတ်ဂူရှေ့ရပ်ကာ တစ်ယောက်တည်းငိုရင်းစကားပြောနေသည်
'' ကော ကျနော်ကောနောက်လိုက်လာပြီ ''
ထို့နောက် ပစ္စတိုသေနတ်ကို ထုတ်ယူကာ သူ့ခေါင်းကိုချိန်လိုက်ပြီး တုန့်ဆိုင်းမှုမရှိပဲ ခလုတ်ကိုနှိပ်လိုက်တော့သည်

ကျူးဖူယွင်ဟာလည်း ရှဲ့ယွမ်သတ်သေတဲ့သတင်းကို ကြားပေမယ့် စိတ်မကောင်းဖြစ်တာက လွဲပြီးတခြားဘာမှမခံပေ
နောက်တော့ ရှဲ့ကုမ္ပဏီလည်း ဒေဝါလီခံသွားပြီးနောက် ကျူးဖူယွင်လည်း သူ့အခန်းတွင် အဆုံးစီရင်တော့သည်

ကျုံးထျန်းယောင်ကတော့ ရှဲ့ယွမ်သတင်းကို ကြားပြီး သူ့ကို ရှဲ့ချန်းဝူရဲ့ အုတ်ဂူဘေးတွင် မြုပ်ပေးလိုက်ပြီး သူလည်းသူ့လူတစ်ယောက်ကို ရှဲ့ချန်းဝူရဲ့ နောက်တစ်ဖက်ဘေးမှာ မြုပ်ပေးဖို့ပြောရင်း အဆုံးစီရင်လိုက်တော့သည်

[ ပြီးပါပြီ host ]

' အင်း ဒါနဲ့လေ မင်းတစ်ခုခုကို မေ့နေသလားလို့ '

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now