Arc 3.0 ( Xiè Chēn Wú )

1.8K 145 0
                                        

Unicode

'' ကောက ကျနော့်အပိုင်ပဲ မှတ်ထားပါ ''

'' ဘာကိစ္စ ငါက မင်းအပိုင်ဖြစ်ရမှာလဲ ''

'' မရဘူး ကောက ကျနော့်အပိုင်ပဲ ဖြစ်ရမှာ တခြားလူကို မချစ်ရဘူး ''

'' ငါ့ဘာသာ ဘယ်သူ့ကို ချစ်ချစ်ပေါ့ မင်းအပူပါလား ''

'' ဟက် လုပ်ရဲလုပ်ကြည့်လေ ကျနော့်အကြောင်းသိသွားမယ်....''

'' .... ''

'' ကော ပါးစပ်ဟ ''

ပိုင်ဝူချင်းလည်း ကြောင်တောင်တောင်နဲ့ ပါးစပ်ဟလိုက်တော့ ထိုလူရဲ့ လက်နှစ်ချောင်းဟာ သူ့ပါးစပ်ထဲ ဝင်လာတယ်

'' လက်ချောင်းကို စုပ်လိုက် ''

ပိုင်ဝူချင်းလည်း အခုချိန်မှာ ဒီကမ္ဘာနဲ့ ပတ်သတ်ပြီး ဘာမှမသိရသေးတာကြောင့် သူပြောသလိုသာ လုပ်လိုက်တယ်

[ host ကျနော် နောက်ကျလို့ တောင်းပန်ပါတယ် အခု ဇာတ်ကြောင်းလွှဲလိုက်ပြီ ]

ပိုင်ဝူချင်လည်း သူ့ပါးစပ်ထဲက လက်ချောင်းကို လျှာနဲ့ရစ်ပတ်ပြီး ချိုချဥ်စုပ်သလို စုပ်နေရင်း ဇာတ်ကြောင်းကို ဖတ်လိုက်သည်

သူအားလုံးဖတ်ပြီးသွားတဲ့ချိန်မှာတော့ သူ့ရှေ့ကလူက ဘယ်သူလဲဆိုတာသိပြီး ခေါင်းခါမိလိုက်တယ်
တကယ့်မလွယ်ကြောလေး။

ထိုစဥ် ထိုလူက သူ့လက်ချောင်းကို ဆွဲထုတ်လိုက်ပြီး လက်ချောင်း အရင်းကနေ ပင့်လျက်လိုက်တယ်
ထိုမြင်ကွင်းကို ကြည့်ပြီး ပိုင်ဝူချင်း သဘောကျစွာ ပြုံးမိသွားတယ်

' ဘယ်လိုတောင် ဆွဲဆောင်မှုရှိနေတာလဲ '

'' ယွမ်လေး ကြိုးဖြည်ပေးအုံး နေရခက်တယ် ''

'' ကျနော်ဖြည်ပေးရင် ကောက ထွက်မပြေးဘူးလို့ ကျနော်က ယုံရမှာလား ''

'' ဟ ဟ ယွမ်လေး လုပ်စမ်းပါ မြန်မြန်ဖြည်ပေး ငါထွက်မပြေးဘူးလို့ ''

'' တကယ်နော် ''

'' တကယ် ''

ထိုအခါမှ ယွမ်လေးဆိုသူလည်း ကြိုးကို ဖြည်ပေးလိုက်တယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now