Unicode
ဇာတ်ကြောင်း ဖတ်ပြီးနောက်မှာတော့ ပိုင်ဝူချင်းလည်း မစ်ရှင်လုပ်ဖို့ စတော့တယ်
ဘယ်ကနေ ဘယ်လို စရမှာလဲ ဆိုတာကို ဖြေးဖြေးချင်းတွေးပြီး ဆက်စပ်ကြည့်တဲ့အခါ ဖြစ်ပျက်သမျှ အရာအားလုံး စတင်ခဲ့တဲ့သူကို တွေးမိသွားတယ် နောက်တော့ ကြောင်လေးကို မေးလိုက်တယ်
' systemလေး ဟန်ရှင်းဝမ်တို့နဲ့ အတူ ကောင်းကင်ဘုံစစ်ဆေးခြင်းကို ခံယူတဲ့ လေနတ်အရှင်ဆိုတဲ့လူရော အခုချိန် ဘယ်ရောက်နေတာလဲ? '
[ အာ..သူလား..သူက....အမ်...ရှာကြည့်လိုက်အုံး
မယ် ဟဲဟဲ ]အမြင်ကပ်စရာကောင်းအောင် သူ့hostကို စပ်ဖြီးဖြီး လုပ်ပြီး ကြောင်လေးဟာ ပျောက်သွားတော့တယ်
ပိုင်ဝူချင်းလည်း ထိုအခါမှ မျက်လုံးမှိတ်ကာ အေးဆေးအနားယူလိုက်တော့သည်
နာရီဝက်လောက်ကြာတော့ သူ့မျက်လုံးများက ပွင့်လာပြီး နိုးလာသည်
သူ့ဘေးကို ကြည့်လိုက်တော့ ကြောင်လေးက ငုတ်တုတ်လေးထိုင်ကာ သူ့ကို မျက်လုံးဝိုင်းကြီးတွေနဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်
' ကြာလှချည်လား နာရီဝက်တောင် ကြာတယ် မင်းဟာက '
[ ငါးမိနစ်ပဲ ကြာတာပါ, ကျနော်ပြန်ရောက်လာတော့ host က အိပ်နေတာကြောင့် နိုးတဲ့အထိ စောင့်နေတာပါနော် ဟွန့် ]
' ဟုတ်လား...လိမ္မာလိုက်တာ ငါ့ရဲ့ ကြောင်လေးက '
[ hostနော် အမျိုးမျိုးပဲ တတ်လည်းတတ်နိုင်ပါတယ် ]
' ကဲ ထားပါ, ငါရှာခိုင်းထားတာရော သူကဘယ်မှာလဲ ပြော '
[ ကောင်းကင်ဘုံမှာ ]
' အော်..သွားရအောင်လေ..မြန်မြန်! နေပါဦး ငါတို့က အခု ကောင်းကင်ဘုံမှာလေ မင်းလာနောက်နေတာ
လား '[ မဟုတ်ဘူး ရွဲ့နေတာ ]
' ဘာာ!!! မင်း '
[ အဟမ်း host.... တကယ်တော့ ဝေ့ကျင်းဝူက နှစ်ရာပေါင်းချီအောင် ပေါ်မလာပဲ ပျောက်နေတာပါ သူ့ကို ရှာဖို့ ကျနော် တော်တော်ကြိုးစားလိုက်ရတယ် ]

YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)