လီဟွားလည်း စာသင်ခန်းထဲက ထွက်လာပြီးတော့ ဘယ်သွားရမှန်းမသိလို့ သန့်စင်ခန်းကို အရင်သွားလိုက်တယ်
' system မေးဖို့ မေ့သွားလို့ ဒီကမ္ဘာမှာက ဒုတိယဇာတ်လိုက်တွေ ဗီလိန်တွေမရှိဘူးလား '
[ ရှိတာပေါ့ ဇာတ်လိုက်ရှိရင် ဒုတိယဇာတ်လိုက်လည်း ရှိတယ်လေ ဘာလို့လဲ]
' အဲဒါဆို ဘာလို့ သူ့တို့အကြောင်းက ဇာတ်ကြောင်းပို့တုန်းမှာ ဘာလို့ မပါရတာလဲ '
[ သူတို့တွေက မူလကိုယ်နဲ့မှမဆိုင်တာ ဇာတ်လိုက်တို့နဲ့ပဲ ဆိုင်တယ်လေ host]
' ခုပို့ပေးလိုက် '
[ host က ဘာလုပ်မို့လဲ]
' မင်းတို့က ငါ့ကို တကယ်ချစ်တဲ့သူကို ရှာခိုင်းတယ်ဆိုမှတော့ ပထမဆုံး သူတို့ ရုပ်ရည်ကိုကြည့်ရမယ်လေ ပြီးမှ သူ့နှလုံးသားကို ရအောင်လုပ်မှာပေါ့ အဲတော့ ဒုတိယဇာတ် လိုက်နဲ့ ဗီလိန်က ငါ့ စတိုင် ဟုတ်မဟုတ် ကြည့်ရအောင် ခုပို့ပေးလိုက် '
[ အော်.. ]
system လေးလည်း အော်တစ်လုံးပဲ ပြောနိုင်တော့တယ်
သူလည်း ေနာက်ထပ်ဇာတ်ကြောင်းကို ပို့ပေးလိုက်တော့သည်
ဒုတိယဇာတ်လိုက်ရဲ့ နာမည်က ကျန်းရိနင် ဖြစ်ပြီး ဥာဏ်ကောင်းပြီး အရည်အချင်း ရှိတာကြောင့် ငယ်ငယ်လေးနဲ့ ကုမ္ပဏီ CEO ရာထူးကို ရရှိခြင်းဖြစ်သည် တနေ့ ဇာတ်လိုက်မက ကန်တင်းကနေ ထွက်အလာ ချော်လဲတော့မလို ဖြစ်တာကြောင့် ဒုတိယဇာတ်လိုက်က လှမ်းထိန်းပေးရင်း သူမရဲ့အလှမှာ ကျရှုံးသွားတာပေါ့ အဲ့တော့ သူက လိုက်ပိုးပန်းပေမယ့် ဇာတ်လိုက်မက ဇာတ်လိုက် ရွေးသွားတာကြောင့် သူက လက်လျှော့လိုက်ရတယ်
' အမ်.. ဗီလိန်အကြောင်းရော '
[ သူ ပေါ်လာခါနီးမှပေါ့.... ဟင်းဟင်း... ]
' မင်းရယ်သံကြီးက ဘာအဓိပ္ပါယ်လဲ '
[ အဟမ်း... ဘာမှမဟုတ်ပါဘူး အခု host ရောက်နေတဲ့နေရာကိုပဲ ကြည့်လိုက်ပါ]
system ပြောမှ လီဟွားသူ (မ) ရောက်တဲ့နေရာကို စူးစမ်းကြည့်လိုက်တော့
' f**k ပဲ!!!... ယောက်ျားလေးသန့်စင်ခန်းကြီးမှကွ system စုတ် မင်းမြန်မြန်ပြောပါလား '
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
