4.2

816 90 1
                                        


Unicode

ပိုင်ဝူချင်းနဲ့ ပတ်သတ်တဲ့ ကောလဟာလထွက်လာပြီးနောက် အရင်လိုပဲ လူတွေဟာ ပိုင်ဝူချင်းကို ရှုံ့ချလာကြတော့တယ် နောက်ကွယ်ကနေဖြစ်ဖြစ် ပေါ်တင်ပဲဖစ်ဖြစ် သူ့အကြောင်းကို အတင်းပြောနေတဲ့သူတွေဟာ နေရာတိုင်းမှာ တွေ့လို့ရတယ်

ပိုင်ဝူချင်းသည် ထိုအရာတွေကို ဂရုမစိုက်ပေမယ့် လူတွေက ဘာကြောင့် မီးနတ်ဘုရားကို မုန်းနေတာလဲ ဆိုတာကို သိဖို့လို တာကြောင့် သူ့အစ်ကိုကြီးဆီကို သွားဖို့ ဆုံးဖြတ်လိုက်တယ်
သူအရမ်းသိချင်လို့တော့ မဟုတ် systemဆီက side mission ဆိုတဲ့အကြောင်းကြောင့်သာ ဖြစ်တယ်

ဒါကြောင့် ပိုင်ဝူချင်းလည်း သူ့အစ်ကိုကြီးအဆောင်ဖက်ကို ဦးတည်လာတော့တယ်

သူရောက်တော့ အစ်ကိုကြီးက ဓားသိုင်းလေ့ကျင့်နေပြန်တယ်

' အင်း သူသာ အထွတ်အထိပ်အဆင့်ရောက်ပြီး နတ်ဘုရားဖြစ်လာရင်တော့ သူက သေချာတယ် စစ်နတ်ဘုရားဖြစ်လာမှာ '

[ ဝါးးးး host တော်လိုက်တာ ဘယ်လိုသိတာလဲ ] 

ဘေးကနေလိုက်လာရင်း သူ့ဖက်ကို မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်လာတဲ့ ကြောင်လေးကြောင့် ပိုင်ဝူချင်းတစ်ယောက် သူခန့်မှန်းတာ မှန်သွားမှန်းသိလိုက်သည်

' အိုး တကယ်ပဲ သူက စစ်နတ်ဘုရားဖြစ်တာလား '

[ ဟုတ်ပါတယ် host မူလဇာတ်ကြောင်းမှာ ပိုင်ဝူချင်းသေပြီး နှစ်ပတ်အကြာမှာပဲ ကောင်းကင်ဘုံစစ်ဆေးခြင်းခံယူပြီး နတ်ဘုရားဖြစ်သွားတာ ]

' အော် ငါ့အစ်ကိုကြီးဆိုတော့ ဒီလောက်တော့ရှိမှာပေါ့ '

[ ...... ]

ပိုင်ဝူချင်းရဲ့ စကားကြောင့် ကြောင်လေးမှာ ပြောစရာစကားပျောက်သွားရတယ် ဘယ်လိုတောင် ဘဝင်မြင့်နေတဲ့ host ကြီးလဲ ဆိုပြီး စိတ်ထဲတွေးပြီး သူ့hostကို မျက်စောင်းတွေလှိမ့်ထိုးနေတော့သည်

'' အစ်ကိုကြီး... ''

ပိုင်ဝူချင်းလည်း သူ့အစ်ကိုကြီးကို အော်ခေါ်လိုက်ပြီး လက်ယက်ပြတော့မှ သူ့ကို တွေ့သွားတဲ့ပုံပင်
နောက်တော့ သူလည်း ပြုံးပြီး ပိုင်ဝူချင်းဆီကို လျှောက်လာတော့တယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now