💫system space💫

1.8K 160 9
                                        


Unicode

[ Host ပြန်လည်ကြိုဆိုပါတယ် ]

' ဘာလို့ ငါ့ကို ရုတ်တရက်ကြီး ခေါ်လာတာတုန်း '

[ အဲ့ဒါက host အတွက် အသက်အန္တာရာယ်ဖြစ်နိုင်လို့ပါ ]

'ဖြစ်နိုင်တယ်? အခု ဖြစ်မှမဖြစ်သေးတာ တကယ်လို့ ဖြစ်ခဲ့ရင်လည်း အဲ့ဒီအချိန်ကျမှ ခေါ်သွားရင်လည်း နောက်မကျသေးပါဘူးလေ ခုတော့ လုခ့်လေး....ဟူး... '

[ ကျနော်လုပ်တာ မဟုတ်ပါဘူးနော် အထက်က လုပ်ခိုင်းလို့ပါ ]

' အေး အဲ့အထက်ကလူ ဖာခ့်ပဲ လက်ခလယ်ပဲ သိလား ဘဝဆက်တိုင်း b ထိုင်ပါစေ '

[ host မဖြစ်နိုင်တာတွေ ပြောမနေနဲ့ ]

' ဘာလို့မဖြစ်နိုင်ရမှာလဲ ငါလေးတက်လုပ်လိုက်ရင် b ဖြစ်မှာပဲမလား '

[ အော်... host က စိတ်ကူးလည်း ယဥ်တတ်တာပဲ ]

' မင်း!! ဟူး...ထားလိုက်တော့ အခု အဲ့ဒီကမ္ဘာ ဘာဖြစ်သွားလဲဆိုတာ ကြည့်လို့ရလား '

[ ရတယ် ]

ထို့နောက် သူတို့ရှေ့တွင် စခရင်တစ်ခုပေါ်လာပြီး သူထွက်သွားပြီးနောက်ပိုင်း ဖြစ်ရပ်များကို ကြည့်တော့သည်

သူထွက်သွားတော့ သူနဲ့နောက်ဆုံးတွေ့ခဲ့တဲ့ လုခ့်ဟာ ရုတ်တရက် လဲကျသွားတဲ့ ဝီးလ်ဆန်ကြောင့် ထိတ်လန့်သွားပေမယ့် နောက်တော့ တစ်ယောက်တည်း ထိုင်ရီနေတတ်တာကြောင့် သူ့ဘေးက လူတွေက သူ့ကို လန့်ပြီး သူ့နားမနေရဲကြတော့ပေ ဝီးလ်ဆန်သေပြီး တစ်ပတ်လောက်တော့ လုခ့်ဟာလည်း ထောင်ထဲတွင် သူ့ကိုယ်သူ အဆုံးစီရင်သွားသည်

ဆိုင်းလ်စ့်လည်း ဝီးလ်ဆန်သေကြောင်း ကြားပြီးတဲ့နောက် အရင်ကထက် ပိုပြီး အေးစက်လာပြီး တစ်ယောက်တည်းနေလာတယ် သူတစ်ခုခုလုပ်တိုင်း အမြဲဒေါသထွက်ပြီး သူ့နားက လူတွေ မကြာခဏ ရိုက်တတ်တာကြောင့် သူ့နားကလူတွေဟာ ထွက်သွားကြတော့တယ် ဝီးလ်ဆန်သေပြီး တစ်ပတ်ကြာတော့ ဆိုင်းလပ်စ့်ဟာလည်း သူ့ကိုယ်သူ အဆုံးစီရင်သွားသည်

နောက်ဆုံးတစ်ယောက်ကတော့ စတီဗ့် ကောနာရ် သူဟာ ဝီးလ်ဆန်ကို သူ့နားမှာ တစ်သက်လုံးထားနိုင်ဖို့ ဘယ်လိုလုပ်မလဲ ဆိုပြီး တစ်ယောက်တည်း အစီစဥ်ဆွဲနေခဲ့တယ် ဒါပေမယ့်
ဝီးလ်ဆန်သေတယ်ဆိုတဲ့ အကြောင်း ပြောလာတဲ့အခါမှာ သူ့ကမ္ဘာကြီးရပ်တန့်သွားသလို ငူငူငိုင်ငိုင်ကြီး နေလာတော့တယ် တစ်ပတ်ကြာပြီး နောက်တော့ သူဟာလည်း သေဆုံးသွားခဲ့တယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now