Unicode
( အဟမ်း... အနဲငယ် မီးနီပါမယ်နော်... ဟဲဟဲ... )
[ host ဒီနေ့ ကုချန်ချိုး ပြန်လာပါမယ် ]
' အိုကေ... '
ညနေ ၅နာရီလောက်မှာတော့ ခြံဝန်းထဲကို ကားတစ်စီးဝင်လာတာကြောင့် လီဟွားထွက်ကြိုလိုက်သည်
ကားထဲကနေ အနောက်တိုင်းဝတ်စုံနဲ့ ခန့်ညားလှတဲ့ လူတစ်ယောက်ဆင်းလာတော့ လီဟွားတစ်ယောက် ငေးမိသွားသည်
' system ကြည့်လိုက် ငါ့ရဲ့ အနာဂတ်ခင်ပွန်းလောင်းလေး ဘယ်လောက်တောင် ခန့်ညားပြီး ချောလိုက်သလဲ....ဝါး.... '
[ host သူ့ကို target က ကုချန်ချိုးလို့ ဆုံးဖြတ်ပြီးသွားပြီလား]
' အင်းလေ ဘာလို့လဲ... '
[ ရွှမ်ချင်းယွီ က host ကို ဒီလောက်တောင် ပိုးပန်းနေတာ host က မကြိုက်ဘူးလား]
' သူက ချောပေမယ့် ငါမကြိုက်ဘူး '
[ ဒါဆိုလည်း....... ဟူး..... ]
system လေးကတော့ မနေ့ညက သူမြင်ခဲ့ရတာကို ပြန်တွေးရင်း သူ့ host ကို လူရွေးမမှားဖို့ပဲ ဆုတောင်းပေးလိုက်သည်
' ဟေ့.. system ဘာလို့ သက်ပြင်းတွေချနေတာလဲ စိတ်ညစ်စရာရှိလို့လား '
[ မရှိပါဘူး host ဒါနဲ့ hidden mission ကိုလည်း မမေ့နဲ့အုံးနော်]
' အိုး... ဟုတ်သား... မေ့တော့မလို့...ဒါပေမယ့် ငါက ဘယ်လိုရှာရမလဲ သဲလွန်စတော့ ပေးသင့်တယ်မလား '
[ host ဘာသာ ရှာပါ ဘာသဲမှ လွန်မှာမဟုတ်ပါဘူး ]
လီဟွားလည်း system နဲ့ စကားပြောပြီးမှ ရှေ့ကလူကို ပြန်အာရုံစိုက်လိုပ်သည်
'' Daddy ဘာလို့တွေ့ဖို့အရမ်းခက်နေတာလဲ ဟွားဟွားကို မတွေ့ချင်လို့လား ''
လီဟွား ကုချနိချိုးကို ပြောရင်း သူ့လက်မောင်းကို သွားချိတ်ကာ နှုတ်ခမ်းလေးဆူရင်း ပြောလာတာကြောင့် ကုချန်ချိုးတစ်ယောက် နှုတ်ခမ်းလေး ကော့တက်သွားသည်
[ ကုချန်ချိုးရဲ့ host ကို နှစ်သက်မှု 27% ]
' ဟဲဟဲ... ငါလေး အရမ်းတော်တာပဲ... '
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)