Unicode
ပိုင်ဝူချင်း နောက်ကမ္ဘာကို ကူးပြောင်းခြင်းကြောင့် သူ့ခေါင်းက ပေါက်ကွဲတော့မလို ခံစားရတာကြောင့် ပါးစပ်ကလည်း ' အ ' ခနဲ အသံပြုပြီး လက်ကလည်း သူ့ခေါင်းကို ဖိကိုင်လိုက်တယ် နောက်တော့ သူပထမဆုံး ခံစားရတာက သူ့ကိုယ်က ထိုင်ခုံတစ်ခုမှာ ထိုင်နေတာပဲဖြစ်တယ် နောက်တော့ သူဟာ မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ကာ ကြည့်လိုက်တော့ အခန်းထဲမှာဆိုပေမယ့် ရိုးရိုးအခန်းတော့ မဟုတ်ပေ
သူ့ဘယ်ဘက်မှာက လူအယောက်၃၀ လောက်က ထိုင်ခုံတန်းတွေမှာ ထိုင်နေပြီး သူ့ကို ကြည့်နေကြတယ် သူလည်း ထူးဆန်းသွားပြီး သူ့ကိုယ်သူ ငုံ့ကြည့်လိုက်တော့ ထိုလူတွေထက် အနည်းငယ်မြင့်နေတဲ့ စင်ပေါ်မှာ အနောက်တိုင်းဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ပြီး ထိုင်နေတာကို တွေ့လိုက်တယ်
သူ့ရှေ့တည့်တည့်ကို ကြည့်လိုက်တော့လည်း သူ့လိုပဲ အနောက်တိုင်း ဝတ်စုံနဲ့လူတစ်ယောက်ဟာလည်း သူ့ကို ကြည့်နေတယ်
နောက်တစ်ခါ သူ့ရဲ့ ညာဘက်ကို ကြည့်ပြန်တော့ သူ့ထက် ပိုမြင့်တဲ့ စင်ပေါ်မှာ လူတစ်ယောက်ထိုင်နေတာကို တွေ့ပြန်တယ် အားလုံးက သူ့ကို ကြည့်နေတာကြောင့် သူလည်း အံ့ဩသွားတယ်
'' Mr. Wilson ခင်ဗျားမှာ ငြင်းဖို့ သက်သေရှိသေးလား ''
သူ့ရဲ့ညာဖက်က လူရဲ့ စကားကို ကြားတော့ သူလည်း လှည့်ကြည့်လိုက်တယ်
' ဝါး...အရမ်းချောတာပဲ... မျက်ခုံးကလည်း ထူထူလေးနဲ့ နှာတံဖြောင်းစင်းပြီး နှုတ်ခမ်းကလည်း ရဲရဲလေးနဲ့ အိုက်စ် ငါလေး သဘောကျတယ်....'
[ host ငမ်းနေတာ တော်တော့ အခု host ရောက်နေတာက တရားရုံးနော် ပြီးတော့ မူလကိုယ်ရဲ့နာမည်က wilson သူက ရှေ့နေ... အရင်ဦးဆုံး host ရဲ့ ချောလှပါချည်ရဲ့ ဆိုတဲ့ တရားသူကြီးမင်းကို သက်သေရှာဖို့ တပတ်ခွင့်တောင်းလိုက်ပါ နောက်မှ ဇာတ်ကြောင်းပို့တော့မယ်]
' ok '
ပိုင်ဝူချင်းလည်း ထိုင်နေရာက ထကာ ရှေ့ကိုထွက်လိုက်ပြီး တရားသူကြီးမင်းကို အရိုအသေပေးလျက် ပြောလိုက်သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Phiêu lưuစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
