Arc 4.0 ( Bái Wú Qīng )

1.1K 103 2
                                    


Unicode

ပိုင်ဝူချင်းသူရောက်တဲ့ နေရာကို ကြည့်လိုက်တော့ အခန်းတစ်ခန်းထဲတွင်ဖြစ်နေတယ်
ဒါပေမယ့် အခန်းရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုကြည့်လိုက်ခြင်းအားဖြင့် ရှေးခေတ်ဆိုတာ သိလိုက်ရတယ်

အဲ့တာနဲ့ပဲ ပိုင်ဝူချင်းလည်း systemကို ဇာတ်ကြောင်းပို့ခိုင်းတော့သည်

' system အမြန် ဇာတ်ကြောင်းပို့ '

[ ဟုတ် ]

အဲ့တော့မှ သူလည်း ဇာတ်ကြောင်းဖတ်လိုက်တော့ နည်းနည်းအံ့သြသွားတယ်

ဘာကြောင့်လဲဆိုတော့ သူဝင်တဲ့ ခန္တကိုက ဇာတ်လိုက်တွေနဲ့မတွေ့ခင်မှာပဲ သေသွားလို့ ဇာတ်လိုက်တွေရဲ့အကြောင်း မပါလိုက်ခြင်းဖြစ်တယ်

ဒီကမ္ဘာက ကျင့်ကြံခြင်းလောကလို့ ပြောလို့ရတဲ့ ကမ္ဘာတစ်ခုဖြစ်တယ်
ကျင့်ကြံဆင့်ကို အထွတ်အထိပ်ထိရောက်ပြီဆိုရင် ကောင်းကင်ဘုံရဲ့ စစ်ဆေးခြင်းခံရပြီး အောင်မြင်ရင်တော့ ထိုလူဟာ လူသားကနေ အဆင့်တက်ပြီး နတ်ဘုရားဖြစ်သွားကြတယ်

ဒါပေမယ့် တစ်ဆင့်ပြီးတစ်ဆင့် မကျင့်ကြံပဲ နတ်ဘုရားအဖြစ်မွေးဖွားလာတဲ့သူတွေလည်း ရှိကြတယ် သူတို့ဟာ ကျင့်ကြံပြီးမှ နတ်ဘုရားဖြစ်လာတဲ့လူတွေထက် ပိုပြီး အစွမ်းထက်ပြီး လွှမ်းမိုးနိုင်ကြတယ်

ပိုင်ဝူချင်းဝင်လိုက်တဲ့ ခန္တာကိုယ်ဟာလည်း သာမန်လူသားတစ်ယောက်ဖြစ်တယ် နာမည်ကတော့ ပိုင်ဝူချင်းပါပဲ
သူဟာ လူသားကျင့်ကြံ့သူဖြစ်ပေမယ့် ပါရမီမပါတာကြောင့် သူ့ရဲ့ ​ကျင့်ကြံ့ခြင်းဟာ အင်မတန်ကို နှောင့်နှေးလှတယ်
ကျင့်ကြံခြင်းလောကမှ ပါရမီဟာ အရာရာကိုဆုံးဖြတ်ပေးလေ့ရှိတယ်

သို့ပေမယ့် ပါရမီမရှိတဲ့ ကျင့်ကြံသူတွေလည်း ရှိကြတယ်
ပိုင်ဝူချင်းကတော့ ပါရမီကလည်းမပါ ကျင့်ကြံခြင်းကလည်း တခြားလူတွေထက် ပိုပြီးနှောင့်နှေးနေတာကြောင့် လူတွေရဲ့ အထင်သေးခြင်းနဲ့ အနိုင်ကျင့်ခြင်းကို ခံရလေ့ရှိတယ်

တစ်နေ့မှာတော့ အလွန်ကျော်ကြားတဲ့ ယွဲ့ဖုန်းဂိုဏ်းက တပည့်ခေါ်သစ် ခေါ်ယူခြင်းကို ကြေညာလိုက်တယ်
ပိုင်ဝူချင်းလည်း ထိုပြိုင်ပွဲမှာ ပါဝင်ယှဥ်ပြိုင်လိုက်တယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now