Unicode
ရှဲ့ချန်းဝူလည်း ရှဲ့ယွမ်ရဲ့ ပွေ့ချီမှုကြား သက်သောင့်သက်သာပင် လိုက်ပါလာတော့တယ်
အခန်းထဲရောက်တော့ သူ့ကို ကုတင်ပေါ်ချပေးလိုက်ပြီး ဆေးသေတ္တာယူလိုက်တယ်
'' ကော စပ်ရင်ပြောနော် ''
'' အင်း ''
'' နောက်ခါ ကျနော့်ခွင့်ပြုချက်မရဘဲ အပြင်မထွက်နဲ့တော့ မဟုတ်ရင် ခုထက်ပိုဆိုးမယ် ''
ထိုစကားကြားတော့ ရှဲ့ချန်းဝူရဲ့ မျက်ဝန်းဟာ တခဏတာလက်သွားသည် ထို့နောက် ရှဲ့ယွမ်စကားကို ပြန်တုန့်ပြန်လိုက်သည်
'' မင်း...အဲ့လိုလုပ်တာက ငါ့ရဲ့ လွတ်လပ်မှုကို ပိတ်ပင်လိုက်တာပဲ ငါကို အကျဥ်းသားလို့ ထင်နေတာလား ''
ရှဲ့ချန်းဝူရဲ့ ရုတ်တရက် အော်ပြောသံနဲ့အတူ စကားအသုံးနှုန်းပါ ပြောင်းသွားတာကြောင့် ရှဲ့ယွမ်ဒေါသထွက်သွားသည်
'' မဟုတ်ဘူး ဒါပေမယ့် ကောက ကျနော့်ကို ဒေါသထွက်စေမယ်ဆိုရင်တော့ အဲ့လိုလုပ်ရလိမ့်မယ်!! ''
* ဂျိမ်း!! *
ထိုသို့ပြောပြီး တံခါးကိုအသံမြည်အောင် ပိတ်ကာ ထွက်သွားတဲ့ ရှဲ့ယွမ်ကြောင့် အခန်းထဲကျန်ခဲ့တဲ့ ရှဲ့ချန်းဝူမှာ နှုတ်ခမ်းပေါ်တွင် နားလည်ရခက်တဲ့ အပြုံးတစ်ခုဖြစ်ပေါ်လာသည်
' ဒီကောင်လေးက တကယ်ပဲ....အဟက်...ချစ်စရာကောင်းတယ် '
[ host ကြိုက်တဲ့ပုံကလည်း ထူးဆန်းလိုက်တာ ]
' အော် system လေးပါလား '
[ ဟုတ်တယ် ကျနော်လေးပါ....ဒါနဲ့ host မစ်ရှင်မလုပ်တော့ဘူးလား ]
' လုပ်ဖို့လိုလို့လား... မူလကိုယ်ရဲ့ မစ်ရှင်ကလည်း ယွမ်လေးဆီက ထွက်မပြေးဖို့လေ ပြီးတော့ အချစ်စစ်ကလည်း ရှာဖို့မလိုပဲ ယွမ်လေးရှိနေတာပဲ အဲ့တော့ အေးဆေးပဲ '
[ ..... ]
^ မေးမိတဲ့ ကျနော်ပဲ မှားတာပါ ^
' system အပြင်ထွက်ရအောင် စီစဥ်ပေး '
[ hostနော် ကျနော်က hostရဲ့ အတွင်းရေးမှူးမဟုတ်ဘူး]
' သိတယ်လေ ဒါပေမယ့် ငါ့မှာ ခိုင်းဖက်...အဲ တွဲဖက်ဆိုလို့မင်းဘဲရှိတာကို '
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
