Unicode
ရှဲ့ချန်းဝူလည်း ဆုတွေလက်ခံပြီးနောက် သူမနေ့က တည်းခဲ့တဲ့ ဟိုတယ်ကိုသာ ပြန်လာလိုက်တယ်
နောက်တော့ သူဖုန်းထုတ်ကာ နံပါတ်တစ်ခုကိုနှိပ်ပြီး ခေါ်လိုက်တယ်
📲 ဟယ်လို 📲
'' ဘေဘီ ဒီညအားလား? ''
📲 အားတယ်လေ ဘာလို့လဲ ကိုကိုရဲ့ 📲
'' ဒါဆို ဘေဘီဆီကို ဝတ်စုံပို့လိုက်မယ် ညနေကျ ပြင်ဆင်ပြီး ကိုယ့်ကိုစောင့်နေနော် ''
📲 အွင်း...ဒါနဲ့ ဘယ်သွားမို့လဲ 📲
'' ရောက်ရင်သိလိမ့်မယ် ''
ရှဲ့ချန်းဝူလည်း ဖုန်းပြောပြီးနောက် system ကို ဆက်သွယ်ပြီးပြောလိုက်သည်
' systemရယ်...မစ်ရှင်ပစ်မှတ်ကို အတည်ပြုတော့ ရှဲ့ယွမ်လို့ '
[ ok host
mission target confirmation
Target name - Xiè yuán ]
( host အပေါ် ရှဲ့ယွမ်ရဲ့ နှစ်သက်မှု 46% )
' ဟမ် နည်းလိုက်တာ '
[ ဒါနဲ့လေ host ကျနော်နားမလည်တာက ပါတီမှာ ဇာတ်လိုက်မကို hostရဲ့ ပါတနာအဖြစ် ခေါ်သွားမလို့လား ]
' အင်းလေ အဲ့ဒါမှ ဟိုကသဝန်တိုပြီး percentတိုးမှာပေါ့ '
[ ဒါပေမယ့် အဲ့အစား ဟိုက အပြစ်ပေးလိုက်ရင် ဘယ်လိုလုပ်မလဲ ]
' ပိုကောင်းတာပေါ့ ငါလေးကိုယ်ပေါ်မှာ ဒဏ်ရာမရှိတာကြာတာနဲ့ အတော်ပဲ '
[ ..... ]
system ဆီက ဘာသံမှထွက်မလာတော့တာကြောင့် ရှဲ့ချန်းဝူလည်း ရေချိုးခန်းထဲဝင်ပြီး ရေချိုးလိုက်တော့တယ်
ပြီးနောက် ပါတီသွားဖို့ကလည်း အခုက နေ့လည်ပဲ ဖြစ်နေတာကြောင့် သူလည်း ခနလောက် အိပ်ဖို့စဥ်းစားလိုက်ပြီး ကုတင်ပေါ်တက်ကာ အိပ်စက်လိုက်တော့တယ်
.
.
.
နာရီအနည်းငယ် ကုန်လွန်သွားတဲ့အချိန်မှာတော့ ကုတင်ပေါ်က အိပ်နေတဲ့ ရှဲ့ချန်းဝူဟာ လူးလိမ့်ကာ နိုးလာတော့သည်
နာရီကြည့်လိုက်တော့ ၅နာရီထိုးတော့မည်ဖြစ်တာကြောင့် သူလည်း အိပ်ယာမှ ထကာ ပြင်ဆင်လိုက်တယ်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
