Unicode
သူတို့ဆီကို လျှောက်လှမ်းလာတဲ့ ရှဲ့ယွမ်ကို နှစ်ယောက်လုံး လှည့်ကြည့်နေမိသည်
သူတို့နားရောက်လာတော့ ရှဲ့ယွမ်က ရှဲ့ချန်းဝူရဲ့ လက်ကိုကိုင်ကာ သူ့ဖက်ကို ဆွဲလိုက်ပြီး ပြောလိုက်တယ်
'' ကောက မင်းကို စိတ်မဝင်စားဘူး အဲ့တော့ မင်းလှည့်ပြန်တော့ ''
စကားပြောနေတဲ့ ရှဲ့ယွမ်ရဲ့ မျက်လုံးတွေကို ကျုံးထျန်းယောင် တစ်ယောက် သေချာကြည့်လိုက်တော့ မျက်ဝန်းတစ်ချက်လက်သွားကာ နောက်မှ ကျေနပ်စွာပြုံးလိုက်တယ်
'' အဟင်း...ဘယ်သူများလဲလို့ မင်းပါလား ''
'' မင်း ... ကောနားကို လာကပ်ဖို့ မကြိုးစားနဲ့ မဟုတ်လို့ကတော့.... ''
'' မဟုတ်လို့ကတော့? .... ကျုပ်က မင်းကိုကြောက်မယ်များထင်လား.... အဟက်....''
'' မင်း!! တောက်ခ်...လာ သွားမယ် ကော ''
ထွက်သွားတဲ့ လူနှစ်ယောက်ရဲ့ နောက်ကျောကို ကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်တယ်
'' ဒီတစ်ခေါက်လည်း ငါပဲ ရှုံးမယ်ထင်တယ် ''
ထိုစကားနဲ့အတူ ပါးပြင်ပေါ်ကျဆင်းလာတဲ့ မျက်ရည်အချို့ကို သုပ်လိုက်ပြီး ပြုံးကာ ထိုနေရာမှထွက်ခွာလာတော့သည်
တစ်ဖက်က ရှဲ့ချန်းဝူတို့မှာတော့ အရှေ့က ဒေါသထွက်နေတဲ့ ရှဲ့ယွမ်ကို ကြည့်ပြီး ပြုံးလိုက်မိတယ်
အိမ်ရောက်တော့ ရှဲ့ချန်းဝူကို ချက်ချင်းပင် အခန်းထဲဆွဲခေါ်ကာ နံရံတွင်ဖိကပ်လိုက်ပြီး အတင်းဖိကပ်နမ်းလိုက်တော့သည်
ရှဲ့ချန်းဝူမှာတော့ မထင်မှတ်ထားတဲ့ ရှဲ့ယွမ်ရဲ့ လုပ်ရပ်ကြောင့် ကြောင်ကာ ရပ်နေမိသည်
နောက်မှ သတိဝင်လာကာ ရှဲ့ယွမ်ကို တွန်းထုတ်လိုက်တော့ ကျောက်ဆောင်ကြီးကို ရွှေ့ဖို့လုပ်နေသလိုပင် တုတ်တုတ်မျှမလှုပ် ထို့ကြောင့် သူ့နှုတ်ခမ်းကိုသာ အတင်းစေ့ပိတ်ထားလိုက်တယ်
ရှဲ့ယွမ်လည်း အတင်းစေ့ထားတဲ့ နှုတ်ခမ်းကြောင့် စိတ်မရှည်တော့ပဲ အောက်နှုတ်ခမ်းကို ကိုက်လိုက်တော့ ' အ ' ကခနဲအော်သံနဲ့အတူ ပွင့်လာတဲ့ နှုတ်ခမ်းထဲကို အမြန်ပင် ဝင်ရောက်လိုက်ပြီး ခံတွင်းတစ်ခုလုံးကို စားသုံးချင်သယောင် မွှေနောက်နေတော့သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)