4.3

838 97 4
                                        


Unicode

' ဟင် system ဒါ..ဒါက ဘာလဲ..မင်းငါ့ကို ဂျင်းထည့်နေတာလား သောက် system '

'' မင်း..မင်းတို့..ရုတ်တရက်ကြီး အေးလာသလိုခံစားရလား ''

'' အင်း ငါလည်း အဲ့လိုခံစားရတယ် ငါစိတ်ထင်နေလို့ ပြောပေမယ့် အခုက ပိုပိုပြီး အေးလာတယ် ''

'' ဟုတ်တယ်...အားးး အေးလိုက်တယ် ငါ့လက်တွေ တဖြေးဖြေးထုံလာသလိုပဲ ''

ပိုင်ဝူချင်းတစ်ယောက် သူထင်သလို မီးတောက်တွေထွက်လာတာကြောင့် သူ့ system ကို ရန်ရှာနေတုန်း သူ့ရှေ့က လူတွေရဲ့ အသံကို ကြားလိုက်ရတော့ ပတ်ဝန်းကျင်လှည့်ကြည့်ကာမှ သတိထားမိလိုက်တယ်

သူတို့ ဘေးနားပတ်ဝန်းကျင်က သစ်ပင်တွေက အစိမ်းရောင်ကနေ ဖြေးဖြေးချင်း အဖြူရောင်ပြောင်းလာကြပြီး အကိုင်းတွေမှာလည်း အဖြူရောင်အမှုန်လေးတွေကို တွေ့ရတယ်

နောက်တော့ တခြားအရာတွေကပါ အဖြူရောင်တွေပြောင်းလာပြီး လေပေါ်ပျံဝဲနေတဲ့ အကောင်လေးတွေလည်း ပျံနေရင်းတန်းလန်း အေးခဲကာ အောက်ကို တစ်ခုပြီးတစ်ခု ကျလာကြတယ်

ပြီးတော့ သူ့ရှေ့က လူတွေဟာလည်း သူတို့လှုပ်ရှားမှုများက နှေးကွေးလာပြီး ခနအကြာမှာတွေ ဘာလှုပ်ရှားမှုမှ မရှိပဲ ရပ်မြဲအတိုင်း အေးခဲသွားကြကာ သူတို့ဆံပင်တွေနဲ့ မျက်ခုံးမွေးတွေမှာဆိုရင် အဖြူရောင်အမှုန်လေးတွေပါ ရှိနေကြတယ်

ဒါပေမယ့် သူကျတော့ ထိုလူတွေပြောသလို အအေးဒဏ်ကို ဘာတစ်ခုမှ မခံစားရပဲ ပုံမှန်အတိုင်းဖြစ်နေလေသည်

'' system... system ငါ..ငါဘာဖြစ်တာလဲ?  ဒီလူတွေကရော ဘာလို့ အေးခဲသွားတာလဲ? ''

[ ဒီလောက်သိသာနေတာကို hostက အရာရာကို အေးခဲစေနိုင်တဲ့ ရေခဲ(သို့) နှင်း စွမ်းအားပိုင်ရှင် ပိုင်ဝူချင်းလေ ]
.
.
.
ထိုစဥ် မိုင်ပေါင်းများစွာ ကွာဝေးသော တောင်ထိပ်တစ်ခုပေါ်တွင် အနီရောင်ဝတ်ရုံကို အပေါ်က အနက်ရောင်နဲ့ ထပ်ကာ ဝတ်ထားပြီး ဆံပင်တစ်ဝက်ထုံးကာ တင်ပလ္လင်ခွေထိုင်နေတဲ့ အမျိုးသားတစ်ယောက်က မျက်လုံးမှိတ်နေရာက ဖွင့်လာတော့ ရွှေရောင်မျက်ဝန်းများနဲ့ ကြည့်ကောင်းလှတဲ့ ထိုလူဟာ တစ်နေရာကို ကြည့်ကာ ပြုံးလျက် ပြောလိုက်သည်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now