( ပိုင်ဝူချင်းကို လီဟွားလို့ပဲ သုံးသွားပါမယ်)
နောက်တစ်နေ့ နံနက်ရောက်တော့ လီဟွားတစ်ယောက် နိုးလာတော့ ရေမိုးချိုးပြီး ကျောင်းသွားရန် ပြင်ဆင်လေသည် အဝတ်အစားလဲဖို့ ဗီရိုကို ဖွင့်လိုက်တော့ ပန်းရောင်နဲ့ အပြာနုရောင်ချည်းဖြစ်တာကြောင့် သူ( မ ) လည်း ဗီရိုတစ်ခုလုံးကို မွေနှောက်တော့မှ ခက်ခက်ခဲခဲ ဘောင်းဘီအနက်နဲ့ တီရှပ်အနက်ကို ဝတ်ပြီး အပေါ်ဝတ်ကိုလည်း အနက်ရောင် ရွေးဝတ်လိုက်တော့ ဘွတ်ဖိနပ်ကအစ တစ်ကိုယ်လုံးအနက်ရောင် ဖြစ်သွားသည် မူလကိုယ်ရဲ့ မျက်ဝန်းအရောင်က ကြက်သွေးရောင်ဖြစ်ပြီး ဆံပင် ဂုတ်လောက်ထိပဲရှိတာကြောင့် သူ့ပုံစံက ခပ်ဆိုဆိုးကောင်မလေးပုံစံဖြစ်သွားတော့သည်
အောက်ထပ်ကို ဆင်းလာတော့ ဘယ်သူမှရှိမနေတာကြောင့် သူ့ ( မ ) အဖေက အလုပ်သွားပြီမှန်းသိလိုက်သည် ထို့ကြောင့် သူ (မ)လည်း မနက်စာကို ပေါင်မုန့် ထောပတ်သုတ်နဲ့ ကော်ဖီတစ်ခွက် သောက်ပြီး ကျောင်းသို့ ထွက်လာခဲ့သည်
သူ (မ) ကျောင်းရောက်တော့ လူတွေရဲ့ ထူးဆန်းသလိုအကြည့်တွေကို လျစ်လျူရှုရင်း မူလကိုယ်ရဲ့ မှတ်ဥာဏ်ထဲကအတိုင်း သူ့နေရာတွင် ဝင်ထိုင်လိုက်ပြီး အေးဆေးစာအုပ်တစ်အုပ်ကို ထုတ်ဖတ်နေလိုက်သည်
' system စုတ် နောက် ကမ္ဘာကျရင် မိန်းမကိုယ်ထဲ ပို့ရဲ ပို့ကြည့် မင်းကို မထနိုင်တော့လောက်အောင် ရိုက်ပစ်မှာ '
[ ခုလည်း အဆင်ပြေနေတာ မဟုတ်လား host]
' ယောက်ျားတစ်ယောက်က ရုတ်တရက်ကြီး မိန်းကလေးလို ပြောင်းနေရမှာ အဆင်ပြောတာလား '
[ ကောင်းပါပြီ ဒါဆိုလည်း ယောက်ျားကိုယ်ထဲပဲ ပို့ပေးမယ် ခုတော့ host ဘေးက ပွစိပွစိနဲ့ ပြောနေတဲ့ မိန်းမတစ်သိုက်ကို အရင်ရှင်းလိုက်အုံး]
system ရဲ့ အပြောကြောင့် လီဟွားတစ်ယောက် သူ့ (မ) ေဘးက မိန်းကလေးတွေကို စောင်းကြည့်လိုက်တော့ မူလကိုယ်ကို အနိုင်ကျင့်နေတဲ့ သူတွေပဲ ကြည့်ကြသေးတာပေါ့
'' ဟဲ့ ကောင်မ... မင်းက ဝတ်စားပုံတွေဘာတွေ ပြောင်းလာတာလား ဟက်... ဒါပေမယ့် မင်းဘယ်လိုပဲ ပြောင်းပြောင်း သူတောင်းစားကနေ သူဌေးဖြစ်မလာနိုင်ဘူး ကောင်မစုတ် မင်းငါ့အတွက် ရေဘူးသွားဝယ်ပေးစမ်း ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
