Unicode
ဝီးလ်ဆန်တို့ စားသောက်ပြီး အိမ်ပြန်မယ့်ချိန်ရောက်တော့ မစ္စတာ ကောနာရ်ရဲ့ လိုက်ပို့မယ့်ဆိုတာကို ငြင်းပေမယ့်လည်း အတင်းနောက်ကနေ လက်ကိုဆွဲနေတာကြောင့် ဝီးလ်ဆန်လည်း လက်ခံလိုက်ရပြီး ထိုလူရဲ့ကားထဲကို ဝင်လိုက်တော့ တယ် စိတ်ထဲမှာလည်း
' ဒီကောင်က ဘာဖြစ်ချင်တာလဲ တစ်ဖက်လူက ငြင်းနေတာကို သူက အတင်းလုပ်တယ်.... တကယ်.. လူမှုရေးနားမလည်တာလား... '
တစ်လမ်းလုံး မစ္စတာ ကောနာရ်အပေါ် မကျေနပ်မှုကို စိတ်ထဲမှာပဲ ပွစိပွစိရေရွတ်နေတာကြောင့် အိမ်ရောက်တာကိုပင် မသိလိုက်
စတီဗ့်တစ်ယောက် အိမ်ရောက်တာကိုပင် မသိပဲ အတွေးလွန်နေတဲ့ သူလေးကြောင့် ကားထဲမှဆင်းကာ တစ်ဖက်ကိုသွားပြီး ကားတစ်ခါးကို ဖွင့်ကာ ပြောလိုက်သည်
'' ဝီးလ်ဆန် ရောက်ပြီလေ...''
'' အမ်...အော်...ကျေးဇူး.. မစ္စတာ ကောနာရ်... ''
အတွေးလွန်နေတဲ့ ဝီးလ်ဆန်ဟာ တစ်ဖက်လူရဲ့ အသံကြားမှ တုန့်ပြန်လိုက်တော့သည်
'' ရင်းရင်းနှီးနှီးဖြစ်အောင် စတီဗ့်လို့ပဲ ခေါ်ပါ ''
'' မဝံ့ရဲပါဘူး... ဘယ်လိုလုပ် ခင်ဗျားလိုလူနဲ့ သူငယ်ချင်းလုပ်ရဲပါ့မလဲ... ''
'' အိုး....ကိုယ်ပြောချင်တဲ့ အဓိပ္ပါယ်က အဲလိုမဟုတ်ဘူးဆိုရင်ရော ''
ထိုစကားကြောင့် ဝီးလ်ဆန်တစ်ယောက် မျက်ခုံးတစ်ဖက်ပင့်သွားရသည် သူ့စိတ်ထဲက ပြောနေတာကလည်း
' အော်...အဲတော့ မင်းက အီစီကလီရိုက်ချင်တာပေါ့...ကောင်းပြီလေ....'
'' ဟုတ်လား...ဒါဆို ဘယ်လိုမျိုးလဲ.... မဟုတ်မှ....''
ဝီးလ်ဆန်လည်း သူ့စကားကို ခဏရပ်လိုက်ပြီးနောက် မဲ့ပြုံးပြုံးကာ စတီဗ့်ရဲ့ နားဆီကို ကပ်ပြီးပြောလိုက်သည်
'' ချစ်သူလို ဆက်ဆံရေးမျိုးကို ပြောချင်တာလား ''
ဝီးလ်ဆန်ရဲ့ စကားကို ကြားတဲ့အခါ စတဗ့်ဟာ မျက်လုံးတစ်ချက်လက်သွားပြီး ဝီးလ်ဆန်ရဲ့ ခါးကနေဖက်ကာ ဆွဲယူလိုက်ပြီး သူ့နားနားကပ်ကာ ပြောလိုက်သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
