4.8

970 78 9
                                        

Unicode

ပိုင်ဝူချင်း သူ့နန်းဆောင်ကို ရောက်တော့ ဇာတ်ကြောင်းကို လက်ခံပြီး စဖတ်လိုက်တယ်

ဇာတ်ကြောင်းပြောရမယ်ဆိုရင် ကောင်းကင်ဘုံက စပြီး ပြောရမှာဖြစ်တယ်

ခုနက ေပြာခဲ့သလိုပဲ ဇာတ်လိုက်က ကောင်းကင်အရှင် ဟန်ရှင်းဝမ်ပေါ့ ဇာတ်လိုက်မကတော့ ဖူးစာရေးနတ်ဘုရား လီမုန်မုန်ပေါ့ 
ဟန်ရှင်းဝမ်က ဟိုးအရင်တုန်းက ကျင့်ကြံသူဖြစ်ပြီး အထွတ်အထိပ်ကိုရောက်တော့ ကောင်းကင်ဘုံရဲ့ စစ်ဆေးခြင်းခံရပြီး နတ်ဘုရားဖြစ်လာတယ် လီမုန်မုန် ကတော့ မွေးလာကတည်းက ကောင်းကင်ဘုံမှာ မွေးဖွားတာကြောင့် သူမက အစစ်အမှန်နတ်ဘုရားဖြစ်ပြီး အတိုက်အခိုက်ပဲဖစ်ဖြစ် ဖူးစားကြိုးချည်တာပဲဖြစ်ဖြစ် သူမရဲ့ စွမ်းရည်ဟာ တခြားသူတွေက မမှီကြဘူး

ကောင်းကင်ဘုံက ထုံးစံအတိုင်း သူတို့ရဲ့ ဖူးစာဖက်ကို ရှာတွေ့ဖို့ သူတို့ရဲ့ ဖူးစာကြိုးတွေကို ဖူးစာရေးနတ်ဘုရား ဆီမှာ အပ်နှံကြတယ်
ကောင်းကင်အရှင် ဟန်ရှင်းဝမ်လည်း အပါအဝင်ပေါ့

ဒီလိုနဲ့ လီမုန်မုန်က ဟန်ရှင်းဝမ်ရဲ့ ဖူးစာကြိုးကို ယောက်ျားတစ်ယောက်နဲ့ ချည်လိုက်တယ်
အဲ့ဒီလူကတော့ ပိုင်ဝူချင်းပေါ့

ဟန်ရှင်းဝမ် နတ်ဘုရားဖြစ်လာတုန်းက သူနဲ့အတူ တစ်ပြိုင်တည်း နတ်ဘုရားဖြစ်လာကြတဲ့ သူတွေရှိကြတယ် သူအပါအဝင် လေးယောက်ပေါ့
သူတို့ကတော့ လေနတ်ဘုရား ဝေ့ကျင်းဝူ၊ မီးနတ်ဘုရား ရန်ဖုန်းယွီ၊ မိုးကြိုးနတ်ဘုရား(သို့)
ယခုကောင်းကင်အရှင် ဟန်ရှင်းဝမ်၊ နဲ့ ရေနတ်ဘုရား ပိုင်ဝူချင်း တို့ပေါ့

သူတို့လေးယောက်က အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်ကြတယ်
နောက်ပိုင်းမှာတော့ ရန်ဖုန်းယွီနဲ့ ပိုင်ဝူချင်းက ချစ်သူတွေဖြစ်သွားကြတော့ အဲ့ဒီအကြောင်းကို သိသွားတဲ့ ဝေ့ကျင်းဝူက ဒေါသထွက်သွားတယ် သူလည်း ပိုင်ဝူချင်းကို ကြိုက်နေတာကြောင့်ပေါ့

ဒါပေမယ့် စိတ်ထဲမကျေနပ်ရုံနဲ့ မနာလိုရုံနဲ့ ပြီးသွား​တော့တယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now