Unicode
' system ငါစဥ်းစားနေတာ အခုငါဝင်တဲ့ ကိုယ်နဲ့ ငါလေးရဲ့ အကျင့်စရိုက်က နဲနဲလွဲနေသလားလို့ '
[ ဘာကိုပြောတာလဲ host]
' ငါပြောချင်တာက ငါ့ရဲ့ မူလဘဝမှာက ဒုစရိုက်လောကမှာ ကျင်လည်နေတာလေ ခုတော့ ရှေ့နေလုပ်နေတော့ ဒါက တကယ်ကို မဆီလျော်တာ '
[ အော် သိပြီ...host ပြောချင်တာက ဒုစရိုက်လုပ်တဲ့ ခန္တာကိုယ်ထဲမှာပဲ ပို့ပေးရမယ် အဲလိုလား]
' ဒီဖေ.. မင်းငါ့ကို ရွဲ့နေတာလား... ငါထုလိုက်ရ....'
[ host ဘာကို ထုမှာလဲ... ]
' မင်းရဲ့ခေါင်းကိုပြောတာ သောက်တလွဲတွေ မတွေးနဲ့... အဟမ်း..... '
[....]
' အဲ...ဟုတ်သား... ခုနက ခန့်ညားတဲ့ တရားသူကြီးမင်းက ဘယ်သူလဲ...'
[ ဒုတိယဇာတ်လိုက်လေ... ]
' ဘာ!!... အဟမ်း...ငါအံ့ဩသွားလို့... ဒီလောက်ငယ်ငယ်လေးကို... '
[ အင်း..ဟုတ်တယ်...သူ့နာမည်က Steve Connor
(စတီဗ့် ကောနာရ်) .... ငယ်ငယ်တည်းက သူ့ရဲ့မိဘတွေက သူ့အပေါ်တင်းကြပ်တယ်လေ... သူက စာလည်းတော်ပြီး ထက်မြက်တော့ ငယ်ငယ်လေးနဲ့ ဒီရာထူးကိုရနိုင်တာပေါ့... ပြီးတော့ ဒုတိယဇာတ်လိုက်ဆိုတဲ့အတိုင်း သူက ဇာတ်လိုက်မကို ရိုဝမ်ရဲ့ အမှုကိစ္စမှာ စတွေ့တာပေါ့ ဒီလိုနဲ့ ချစ်သွားပေမယ့် ဇာတ်လိုက်မက သူ့ကို မရွေးပေမယ့် သူကတော့ နောက်ကွယ်ကနေ ကာကွယ်ထောက်ပံ့ပြီး တသက်လုံးအိမ်ထောင်မပြုပဲနေတော့တယ်လေ... ]
' တကယ်လား....သနားစရာပဲ...ခုကစပြီ...ငါသူ့ကို တာဝန်ယူလိုက်မယ်...ဟင်းဟင်း...'
[ host ပုံစံက လင်ငတ်နေတဲ့ရုပ်နဲ့...]
' မင်း! ထားပါ.. အခု မှုခင်းဖြစ်တဲ့နေရာကို သွားမယ် '
[ အဲ့ကို ဘာသွားလုပ်မှာလဲ ]
' သွားကြည့်ကြည့်မယ်လေ '
[ လမ်းမကြီးမှာလေ]
' အမ်...ဟုတ်လား...ဘယ်လိုဖြစ်တာလဲ '
[ တကယ်ပါပဲ... မူလကိုယ်ရဲ့ မှတ်ဥာဏ်ကိုလည်း ကြည့်ဦးလေ အမှုက ကားတိုက်မှုလေ.. ]
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
