1.5

2.3K 198 0
                                        

Unicode

မနက်မိုးလင်းတော့ လီဟွားက ကျောင်းသွားရန်ပြင်ဆင်ပြန်သည် အရင်နေ့ကလိုပဲ အင်္ကျီရော ေဘာင်းဘီပါ အနက်ရောင်ကို ရွေးဝတ်လေသည် အကုန်ပြင်ဆင်လို့ ပြီးသွားလို့ အောက်ထပ်ဆင်းလာတော့ ခြံရှေ့ရပ်နေတဲ့ ကားတစ်စီးကိုတွေ့လိုက်တော့ အံ့ဩသွားသည်

အစက သူ့ (မ) အဖေလို့ ထင်ပေမယ့် ကားကိုမှီကာ ဘောင်းဘီအိတ်ကပ်ထဲ စမတ်ကျစွာ လက်နှစ်ဖက်ကို ထည့်ထားတဲ့ ရွှမ်ချင်းယွီ ကြောင့် မနေ့က ရွှမ်ချင်းယွီ ပြောတာကို သတိရလိုက်သည်

' ဒီဇာတ်လိုက်က ဘာဖြစ်ချင်တာလဲ '

လီဟွားလည်း ရွှမ်ချင်းယွီ နားသွားလိုက်ကာ ဘာအမူအရာမှမပြပဲ ပြောလိုက်သည်

'' သွားရအောင် ''

'' အင်း ''

သူတို့နှစ်ယောက်လည်း ကားထဲဝင်ကာ ကျောင်းသွားတဲ့ဘက်ကို ဦးတည်ကာ ထွက်သွားကြသည်

'' ဟွားဟွား မနေ့ညက အိပ်ပျော်လား ''

'' အင်း ''

'' အော်... ဟွားဟွား မနက်စာရော စားပြီလား ''

'' အင်း ''

'' စားပြီးသွားပြီလား စိတ်မကောင်းလိုက်တာ ကိုယ်က ဟွားဟွားနဲ့အတူစားချင်လို့ ဘာမှစားမလာတာကို ''

'' ....''

'' ဟွားဟွား... ''

'' အင်း ''

'' ဟွားဟွားက ' အင်း ' တစ်လုံးတည်း ပြောတတ်တာလား ''

'' အင်း.... အမ်...ဘာပြောလိုက်တာလဲ... ''

'' ...''

စမောင်းလာတည်းက တောက်လျှောက်စကားပြောလာတဲ့
ရွှမ်ချင်းယွီ ကြောင့် လီဟွားလည်း ' အင်း ' တစ်လုံးတည်း ဖြေလိုက်တော့ စိတ်ပျက်သွားထင်တယ် ငြိမ်ကျသွားတာ
ထိုအခါမှ လီဟွားလည်း နားမငြီးတော့ဘူးလို့ တွေးနေတုန်းရှိသေး ရွှမ်ချင်းယွီ ဆီမှ နောက်ထပ်ပြောလာတဲ့ စကားကို ကြားလိုက်ရပြန်သည်

'' ဟွားဟွား ကိုယ်လေ........ ''

'' ဟွားဟွား..... မနက်ဖြန်........''

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now