Unicode
ရှဲ့ချန်းဝူတို့နှစ်ယောက် ထွက်လာတော့ နှစ်ယောက်စလုံး ကားပေါ်တက်ကြလိုက်သည်
ရှဲ့ချန်းဝူက ချောင်လင်းဘက်လှည့်ကာ သူမဆံပင်သပ်ပေးလိုက်ပြီး ပြောလိုက်သည်
'' ဘေဘီ ကိုယ်တို့ ဘယ်သွားကြရင်ကောင်းမလဲ ''
ထိုသို့မေးလာတော့ ချောင်လင်းလည်း ရှဲ့ချန်းဝူရဲ့ လက်မောင်းကို ဖက်တွယ်လိုက်ကာ ချွဲ့နွဲ့ပြောလာသည်
'' ကိုကို ခုတလော ဘေဘီဝတ်ဖို့ အဝတ်အစားတွေကုန်နေပြီ... အရင်ဆုံးအဝတ်အထည်ဆိုင်သွားမယ်လေ ''
'' အိုး..ဟုတ်လား...ကိုယ်က ဘေဘီအဝတ်မဝတ်ရင် ပိုလှတယ်ထင်တာပဲ ''
'' ကိုကိုနော်...ရှက်စရာတေ ပြောနေတယ် ''
အရှက်သည်းနေတဲ့ ပုံနဲ့ ပြောလာတဲ့ ချောင်လင်းကြောင့်
ရှဲ့ချန်းဝူလည်း ပြုံးလိုက်ကာ သူမကို ခေါင်းက ဆွဲယူလိုက်ကာ ပန်းဆီရောင်သန်းနေတဲ့ နှုတ်ခမ်းကို ထိရုံလေး တစ်ချက်နမ်းလိုက်သည်
ပြွတ်စ်
'' ဘေဘီက အဲ့လိုချစ်ဖို့ကောင်းအောင် လုပ်နေတော့ ကိုယ်တကယ်မထိန်းနိုင်ဖြစ်တော့မယ် ''
'' ကို..ကိုကို...သွား..သွားတော့လေ...ရပ်နေတာကြာပြီ ''
'' ဟ ဟ..ကောင်းပြီလေ ဘေဘီစိတ်တိုင်းကျ ဖြစ်စေရမယ် ''
ထို့နောက် သူတို့ကားဟာ ရှော့ပင်မောလ်ဆီသို့ ဦးတည်သွားတော့သည်
.
.
.
.
.
.
.
.
.
.
ရှဲ့ချန်းဝူတို့ သူတို့သွားချင်တဲ့ နေရာကို ရောက်သွားတော့ တစ်ခုပြီးတစ်ခု ကြည့်နေလိုက်သည်
'' ကိုကို ဒါရော ဘယ်လိုလဲ လိုက်လား ''
'' ဟင်...ဒါက ယွမ် ၆၀၀၀ ဘဲလား စျေးနည်းလွန်းတယ်လေ ဘေဘီရဲ့....ဘေဘီက စျေးကြီးတဲ့ဟာတွေနဲ့မှ လိုက်တာကို ''
''ဒါပေမယ့်...ဘေဘီက ဘယ်လိုလုပ် ဝတ်ရဲမှာလဲ ဒါတွေက စျေးကြီးလွန်းတာကို ''
'' ဟူး...ဒါဆိုလည်း စျေးနည်းတာပဲယူတော့ ဘေဘီသဘောပဲ ''
ထိုစကားကို ကြားတော့ ချောင်လင်းရဲ့ မျက်နှာဟာ ခဏတာ မဲ့သွားပေမယ့် ရှဲ့ချန်းဝူကတော့ မြင်ဖြစ်လိုက်သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)