Unicode
နောက်တစ်နေ့နံနက်ရောက်တော့ ထုံးစံအတိုင်း လီဟွားကျောင်းသွားဖို့ပြင်ဆင်သည် သူဝတ်နေကျ အနက်ရောင်ကိုပဲ ပြန်ဝတ်ပြီး ကျောင်းကို ထွက်လာတော့သည် အရင်က ရွှမ်ချင်းယွီက လာကြိုနေကျပေမယ့် အခုတော့ ဒယ်ဒီက လိုက်ပို့ဖြစ်သွားတာကြောင့် ကျောင်းမှာပဲ တွေ့တော့တယ်
လီဟွားလည်း ကျောင်းရောက်တော့ မြင်နေကျအတိုင်း
ရွှမ်ချင်းယွီက ဂိတ်ပေါက်မှာ စောင့်နေတာကြောင့် ကားနောက်ခန်းက ကုချန်ချိုးရဲ့ မျက်နှာက မည်းမှောင်သွားပြီး မျက်မှောင်ကြုံ့လိုက်သည်
လီဟွားကတော့ သတိမထားမိပဲ သူ့ကိုနှုတ်ဆက်ပြီး တက်ကြွစွာ ထွက်သွားတော့တယ်
လီဟွားရောက်လာတော့ ရွှမ်ချင်းယွီ လည်း မျက်လုံးထောင့်က ကားအနက်ရောင်ကိုကြည့်ပြီး မဲ့ပြုံးပြုံးလိုက်တယ် ပြီးတော့ လီဟွားကို ဆွဲဖက်လိုက်ပြီး နောက်မှ ကျောင်းဝန်းကိုဝင်တော့မယ့်အချိန်မှာပဲ သူ့ပါးပေါ် လက်သီးတစ်ချက်ကျလာတယ် ကြည့်လိုက်တော့ ကုချန်ချိုး
'' ဟွားဟွား အဲတာဘာလဲ? ဘာအဓိပ္ပါယ်လဲ ? ဟွားဟွားက ကိုယ့်ကွယ်ရာမှာ တခြားလူနဲ့ တွဲနေတာလား.. ဟမ်!.. ''
'' မ...မဟုတ်ပါဘူး ဒယ်ဒီ..သူက သူငယ်ချင်းပါ ''
'' အဟက်... စကားတောင်ထစ်နေပြီ.... ''
'' မဟုတ်...မဟုတ်ပါဘူး... ဒယ်ဒီ... ''
^အရေးထဲ သောက်စကားက လာထစ်နေတယ် ဒယ်ဒီကအထင်လွဲနေပါတယ်ဆို.... ကျစ်..^
သူလည်း ရွှမ်ချင်းယွီ ရှေ့ကိုကာရပ်လိုက်တယ်
'' အဟက်... သတ္တိတော်တော်ကောင်းနေတယ်ပေါ့ ''
'' ဒယ်ဒီ.... မဟုတ်ဘူး... ဒယ်ဒီအထင်လွဲနေတာပါ... ''
'' ဟွားဟွား...ခနဖယ်နေ.. ''
'' ဟင့်အင်း... ''
'' ဖယ်လို့ပြောနေတယ်!!.. ''
'' အကိုချင်းယွီကို ဘာမှမလုပ်ပါနဲ့ သမီးတို့က သူငယ်ချင်းတွေပါ ''
ကုချန်ချိုးလည်း စိတ်မရှည်တော့တာကြောင့် လီဟွားကို ဘေးကိုရွှေ့တော့ စိတ်တိုနေတဲ့အချိန်ဖြစ်တာကြောင့် အားပါသွားပြီး လီဟွား ေဘးကို လဲကျသွားသည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
