Unicodeလီဟွားဟာ စာအုပ်ဖတ်နေတုန်း လူတစ်ယောက်က သူ့ (မ) စားပွဲ လာခေါက်တာကြောင့် လီဟွားမော့ကြည့်လိုက်တော့ ရင်းစုချင်းဖြစ်နေတာကြောင့် နဲနဲတော့ အံ့ဩသွားသည်
'' စကားပြောရအောင် ထွက်လာခဲ့ ''
ရင်းစုချင်းက သူ့ (မ) ကိုပြောပြီး ထွက်သွားသည် လီဟွားလည်း သူ့နောက်က လိုက်လာပြီး လူနည်းတဲ့ နေရာရောက်တော့ သူ့တို့ ရပ်လိုက်ကြသည်
'' ရှင်ဘာလိုချင်တာလဲ ''
ရုတ်တရက်ထွက်လာတဲ့ ရင်းစုချင်း စကားကြောင့် လီဟွားအံ့ဩသွားတာတော့ အမှန်ပင်
' ခန ဒီစကားက ငါမေးရမှာ မဟုတ်ဘူးလား ဘာလို့ ဒီဇာတ်လိုက်မက လာမေးနေတာလဲ '
'' ငါလိုချင်တာက ဘာပါလိမ့်? စဥ်းစားအုံးမယ်... ဟက်... ''
'' ငါပြောချင်တာက ရွှမ်ချင်းယွီ နားကပ်ပြီး ဘာလုပ်ဖို့ ကြိုးစားနေတာလဲလို့... ''
'' အိုး... မင်းအပူပါလို့လား.. ''
'' ကျမ ကောင်းကောင်းပြောတုန်း သူ့အနားက ထွက်သွားရင်ကောင်းမယ် မဟုတ်ရင်တော့.... ကျမ.... ''
'' ဘာလဲ အရင်တုန်းကလို သူများကို အနိုင်ကျင့်ခိုင်းအုံးမလို့လား ...ဆောရီးပဲ ငါက အရင်ကလို လွယ်နေတဲ့သူမဟုတ်တော့ဘူး... ''
'' မင်း...!! ''
'' ပြောစရာမရှိတော့ရင် သွားလိုက်အုံးမယ် ''
လီဟွားပြောပြီး ထိုနေရာမှ အမြန်ထွက်သွားလိုက်သည် တစ်နေရာရောက်မှ system ကို စကားပြောလိုက်သည်
' system ဇာတ်လိုက်မလို့ မင်းထင်လား ''
[ host ဘာကို ပြောချင်တာလဲ ]
' တခြား host ရှိတယ်ဆိုတာလေ ဇာတ်လိုက်မ
လို့ထင်လား '[ မသိသေးဘူး host ကျနော် စုံစမ်းနေတုန်းပါ ]
' အင်း... ဒါဆိုလည်း ပြီးရော '
လီဟွားလည်း တစ်နေ့တာကို စာသင်ရင်း ကုန်ဆုံးလိုက်သည် ကျောင်းဆင်ချိန်ရောက်တော့ မနေ့ကလို ရွှမ်ချင်းယွီ ရဲ့ ပို့ဆောင်ခြင်းကို ခံရပြန်သည် တစ်လမ်းလုံးလည်း ရွှမ်ချင်းယွီ ရဲ့ ပေါက်ပေါက်ဖောက်သံကို နားညီးအောင် နားထောင်ရသည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)