4.1

902 88 1
                                        


Unicode

(အပေါ်က mediaထဲက ပုံက ဒီကမ္ဘာက ပိုင်ဝူချင်းနဲ့ အနီးစပ်ဆုံး ပုံစံပါ)

ပိုင်ဝူချင်းသည် ထိုလူထွက်သွားတော့မှ အခန်းထဲမှ ထွက်လာကာ ဂိုဏ်းချုပ်ဆီကို ဦးတည်တော့သည်
သူရောက်တော့ ဂိုဏ်းချုပ်ဆိုသူက ပြတင်းပေါက်ဘက်လှည့်ကာ လက်ထဲမှာလည်း ရေနွေးခွက်ကိုကိုင်ထားပြီး တစ်ခုခုကို တွေးနေပုံရသည်

'' ဆရာ တပည့်ဝူချင်း ရောက်လာပါပြီ ''

ပိုင်ဝူချင်း နှုတ်ဆက်တော့မှ တစ်ဖက်ကို လှည့်နေတဲ့ ဂိုဏ်းချုပ်က သူ့ဖက်ကို လှည့်လာပြီး ပြုံးလိုက်သည်

'' အာ...ဝူချင်းရောက်လာပြီလား လာ..ဒီမှာထိုင်လေ ''

'' ဟုတ်ကဲ့ ''

'' ဆရာ ခရီးတစ်ခုထွက်ဖို့ ဆုံးဖြတ်တာ ''

'' ဟုတ် ''

'' မင်းက ဆရာ့ရဲ့ ဒုတိယတပည့်ဆိုတော့ ဆရာမရှိတုန်း တစ်ခုခုလိုအပ်တာရှိရင် မင်းရဲ့အစ်ကိုကြီးဆီကို သွားပြီး အကူအညီတောင်းလိုက်ပေါ့ ဆရာသူ့ကို မှာလိုက်မယ် ''

'' ဟုတ်ကဲ့ ကျနော် အစ်ကိုကြီးကို အကူညီလိုရင် တောင်းလိုက်ပါ့မယ်.... ဒါနဲ့ ဆရာ ကျနော် မေးစရာရှိလို့ မေးလို့ရမလား ''

'' ဟုတ်လား ရတာပေါ့ ဘာများလဲ ''

'' ကျ..ကျနော့်ကို ဘာလို့ တပည့်အဖြစ် လက်ခံလိုက်တာလဲ တခြားလူတွေ ကျနော့်ကို အထင်သေးပြီး လှောင်ပြောင်နေကြတုန်းမှာ ဆရာက ကျနော့်ကို ရုတ်တရက်တပည့်လက်ခံလဲဆိုတာ သိချင်လို့ပါ ''

'' မင်းက တကယ်ထူခြားတဲ့သူပါ အဲ့တုန်းက မထင်မှတ်ပဲ ဆရာ့ရဲ့ အတွင်းအားက တစ်ခုခုကြောင့် မငြိမ်သက်ဘူးလေ အဲ့တာကြောင့် မထိန်းနိုင်ပဲ စွမ်းအင်အချို့ကို ထုတ်လွှတ်မိသွားတော့ မင်းရဲ့ အတွင်းအားကို စမ်းမိသလိုဖြစ်သွားတာ မင်းကျင့်ကြံခြင်းမှာ နှောင့်နှေးနေတာက မင်းကိုယ်ထဲမှာ တစ်ခုခုက သွေးကြောမကြီးတွေကို ပိတ်ဆို့ထားတာ အဲ့တာကိုသာ ဖွင့်လို့ရရင် မင်းက လူတွေအားလုံထက်ကို သာလွန်ပြီး သူတို့အထက်ကို ရောက်သွားလိမ့်မယ် အဲ့တာကို တွေ့လို့ ဆရာက မင်းကို ရွေးတာပါ ''

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now