Unicode
နောက်တစ်နေ့ မနက်ရောက်တဲ့အခါမှာတော့ ဝီးလ်ဆန်လည်း နိုးလာပြီး ဒီနေ့ဟာ တစ်ပတ်ပြည့်တဲ့နေ့ဖြစ်ပြီး တရားရုံးကို သွားမယ့်နေ့ ဆိုတာ သတိရလိုက်တယ်
သူလည်း ရေမိုးချိုးကာ လိုအပ်သည်များ စာရွက်စာတမ်းများကို ပြင်ဆင်လိုက်ပြီးနောက် မနက်စာစားကာ တရားရုံးကို ဦးတည်လိုက်သည်
ဝီးလ်ဆန် တရားရုံးဆီကို ကားမောင်းလာတဲ့ လမ်းတစ်လျှောက်လုံး နောက်က လိုက်လာတဲ့ ကားအနက်ရောင်ကို သတိထားပြီး ကားမှန်ကနေ ကြည့်နေမိသည်
လမ်းဆုံကို ရောက်တော့ ကားတွေ များနေတာကြောင့် သူလည်း ဘရိတ်ကို နင်းလိုက်ပေမယ့် ဘာမှ မထူးပေ
သူဘယ်လောက်ဘရိတ်ခ် အုပ်ပါစေ နည်းနည်းလေးမှ ကားက နှေးမသွားပေဒါကြောင့် ဝီးလ်ဆန်လည်း system ကို ခေါ်ကြည့်လိုက်တော့ တုန့်ပြန်သံမကြားရတာကြောင့် သူလည်း စိတ်ညစ်ညစ်နဲ့ ကားကို ကွေ့ချလိုက်တော့ လမ်းဘေးက ဓာတ်တိုင်ကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်မိတာကြောင့် ကားက တိခနဲရပ်သွားပေမယ့် ဝီးလ်ဆန်ကတော့ ကားစတီယာနဲ့ နှဖူးကိုဝင်ဆောင့်မိပြီး သွေးတွေဟာ ဒလဟောစီးဆင်းလာတော့တယ်
သူ့ရဲ့အမြင်အာရုံဟာလည်း တဖြည်းဖြည်းဝါးလာပြီး သတိမေ့ချင်နေပြီဖြစ်သည် ထိုချိန်မှာပဲ အချိန်ကိုက်ကို system ရဲ့အသံကို ကြားလိုက်တာကြောင့် ဝီးလ်ဆန်ဟာ အနည်းငယ်ပြုံးလိုက်မိတယ်
သေချာတာကတော့ ထိုအပြုံးဟာ ပျော်လို့ပြုံးခြင်းမဟုတ်ပေ[ host!! ဒါဘယ်လိုဖြစ်တာလဲ? ကျနော်ခနလေးပဲ သွားတာကို ]
' systemစုတ် စကားများမနေပဲ ငါ့ကို မြန်မြန်ကုပေး '
[ အင်း သောက်host ]
' ဘာ!! မင်း... ဒါဘယ်က တတ်လာတာလဲ '
[ host သင်ပေးလို့လေ ]
' ငါ ဘယ်တုန်းက သင်ပေးတာလဲ '
[ host က အမြဲတမ်းဆဲနေတာကိုး....ဟွန့် ]
' ဟူး...ထားပါ မြန်မြန်ကုပေးတော့ အရစ်ရှည်မနေနဲ့ '
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)