Unicode
'' ပိုင်ဝူချင်း မင်းက မသေသေးဘူးလား ဘာလို့ ပြန်လာတာလဲ ''
'' မင်းတို့...ဘာအကြောင်းတွေ ပြောနေတာလဲ? ''
'' မသိချင်ယောင်ဆောင်မနေနဲ့... အဲ့တုန်းက မင်းပဲ ရုပ်ရည်နဲ့နာမည်ကပါ အကုန်တူတယ် ''
'' အဲ....''
ဆက်ပြောဖို့ လုပ်ပေမယ့် တစ်ဖက်ကလူတွေက ရုတ်တရက်တိုက်ခိုက်လာတာကြောင့် ပိုင်ဝူချင်းလည်း ပြန်ခုခံလိုက်ရတယ်
ဒါပေမယ့် အများနဲ့တစ်ယောက်ဆိုတဲ့ပမာဏကြောင့်နဲ့ အခုနလေးမှာပဲ နတ်ဘုရားအစွမ်းနိုးထခါစ ဖြစ်တာကြောင့် ပိုင်ဝူချင်းမှာ ကြာလာတော့ မခုခံနိုင်ပဲ သူတို့ရဲ့ စွမ်းအားတွေနဲ့ ထိခံရတာကြောင့် မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်ပြီး လဲကျသွားတယ်
ဖူး
ပါးစပ်က သွေးတစ်ပွက်လိုက်တော့ ရုတ်ချည်းသူ့ခန္တာကိုယ်ဟာ အားနည်းလာတယ်
'' ဟေးးး ပိုင်ဝူချင်းအားနည်းလာပြီ..မြန်မြန် သူ့ကို သတ်ကြ မဟုတ်ရင် သူ့ကြောင့် ငါတို့ ဒုက္ခပြန်ရောက်ကုန်မယ် ''
ထို့နောက် သူတို့အားလုံးလည်း သူတို့ရဲ့ အစွမ်းတွေကို ကိုယ်စီထုတ်လိုက်ကြပြီး ပိုင်ဝူချင်းဆီကို ပစ်လွှတ်လိုက်ကြတယ်
ဒါပေမယ့် ဘယ်သူထင်မှာလဲ အဲ့ဒီအချိန်မှာပဲ ဘယ်ကမှန်းမသိတဲ့ စွမ်းအင်တစ်ချို့ရောက်လာပြီး သူ့တို့ပိုင်ဝူချင်းဆီ လွှတ်ထုတ်လိုက်တဲ့ စွမ်းအင်တွေကို ချေဖျက်လိုက်မယ်လို့
''ဘယ်သူလဲ!! ခိုးကြောင်ခိုးဝှက်နဲ့ ပုန်းမနေနဲ့ ထွက်လာခဲ့!! ''
ထိုစဥ် ကောင်းကင်တစ်ခုလုံးဟာ နီရဲလာပြီး ဘေးပတ်ဝန်းကျင်ဟာလည်း မီးတောင်ထဲခုန်ဆင်းလိုက်တဲ့အတိုင်း ပူအိုက်လာတာကြောင့် သူတို့နှဖူးမှာတောင် ချွေးစေးတွေကပ်ပါလာတယ်
'' ဟားဟား... ကိုယ်တော်ကို မမှတ်မိဘူးလို့တော့ မပြောနဲ့နော် ... ပိုင်ဝူချင်းကို သိရင် ကျုပ်ကိုလည်း သိရမယ် ''
နောက်တော့ တစ်စုံတစ်ယောက်က သတိရသွားဟန်ဖြင့် မျက်နှာမှာလည်း ထိတ်လန့်တဲ့ အမူအရာတွေနဲ့ ပြောလာတယ်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
