Unicodeပိုင်ဝူချင်းတစ်ယောက် ကြံရာမရတဲ့အဆုံး ဇလုံနဲ့ရေယူပြီး သတိလစ်နေတဲ့ ရွှေအိုရောင်ကြောင်လေးကို ပက်ဖြန်းလိုက်တော့တယ်
[ အား အား ဘ..ဘာတွေလဲ? ]
' ရေလေ '
[ ဘာ!!! ]
' ဟေးး systemလေး မင်းဒီနေ့ တစ်နေကုန် ဘာ ပဲပြောနေတာ တခြားဟာ မပြောတတ်တော့ဘူးလား '
[ ဘာ!! host!! ]
' ကြည့် ခုပဲပြောပြန်ပြီ '
[ အဲ့ဒါ host ကြောင့်လေဗျာ ]
' ဟင် ငါနဲ့ ဘာဆိုင်လို့လဲ? '
[ ကျစ် အဲ့ဒါတွေ ထားလိုက်တော့....ဒါနဲ့ ဘာလို့ host က ဟန်ရှင်းဝမ်ကို ချစ်သွားတာလဲ ]
' အော် ဒါလား? ငါလည်း မသိဘူးလေ ဒီတိုင်းချစ်သွားတာ ... အဲ..မေးအုံးမယ် ဒီကမ္ဘာမှာ ဇာတ်လိုက်တွေ ဘာတွေမရှိဘူးလား? '
[ အမ်..... ရှိမယ် ထင်တာပဲ ဇာတ်ကြောင်းအသစ်မပွင့်သေးဘူးလေ ]
' မပွင့်သေးဘူး? ငါက ပွင့်အောင် လုပ်ရအုံးမှာလား? ရှုပ်ယှက်ခပ်နေတာပဲ ဒီကမ္ဘာက '
[ host ကလည်း အရင်ကမ္ဘာမှာ ဘာမှမလုပ်ရပဲ အေးဆေးနေရတာပဲကို ]
' သိတယ် '
ပိုင်ဝူချင်းလည်း ဘယ်လိုလုပ်ရမလဲဆိုပြီး တွေးကာ တိတ်ဆိတ်နေတော့တယ်
system နဲ့စကားပြောပြီး နောက်တော့ ပိုင်ဝူချင်းလည်း ပျင်းနေတာနဲ့ အပြင်ထွက်ကာ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်လိုက်တယ်
တစ်နေရာကို ရောက်တော့ သူရပ်လိုက်ပြီး ကြည့်လိုက်တယ်
သူ့ရှေ့ကဟာက စင်မြင့်တစ်ခုဖြစ်ပြီး ဘေးပတ်လည်မှာလည်း တိုင်လုံးတွေဟာ ထောင့်လေးခုမှာ ရှိနေကြတယ်
နောက်ပြီး တိုင်တွေမှာက အရမ်းကြီးမားတဲ့ သံကြိုးတွေက ဘယ်အရာကိုမဆို တင်းကျပ်စွာ ချည်နှောင်ထားနိုင်တဲ့ ကြောက်စရာ အရှိန်တွေနဲ့ ရှိနေကြတယ်'' အ့ ''
ထိုစင်မြင့်ရဲ့ အလယ်ကို အတန်ကြာအောင် စိုက်ကြည့်နေတုန်း ရုတ်တရက်သူ့ခေါင်းဟာ ထိုးကိုက်လာပြီး သူ့အမြင်အာရုံထဲ ပုံရိပ်အချို့ပေါ်လာတယ်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Aventuraစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)