2.2

2.2K 198 7
                                        


Unicode

ဝီးလ်ဆန်တို ရိုဝမ်ရှိတဲ့ ထောင်ဘက်ကို ရောက်တော့ ရိုဝမ်ကထလာပြီး ဝီးလ်ဆန်ကို စိုက်ကြည့်လေသည်

'' အဟမ်း...Mr. Rowan အဲ့နေ့က အဖြစ်အပျက်ကို ကျုပ်ကို ပြန်ပြောပေးလို့ရမလား ''

ဝီးလ်ဆန်ကို စိုက်ကြည့်နေတဲ့ ရိုဝမ်ဟာ သူ့အသံကကြားမှ မျက်နှာလွှဲလိုက်ပြီး တုန့်ပြန်ပြောလိုက်တယ်

'' ကောင်းပြီလေ ...... အဲ့နေက ငါ ဆိုင်းလပ်စ်နဲ့တွေ့ပြီး အပြန်မှာ အေးဆေးကားမောင်းနေတုန်းမှာ အရှေ့မှာ ကျယ်လောင်တဲ့ အသံကြားလို့ သေချာကြည့်လိုက်တော့ ကားတစ်စီးက လမ်းဘေးမှာ အခိုးအငွေ့တွေနဲ့ မှောက်လဲနေတာကို တွေ့လိုက်ရတယ် တစ်ဖက်ကို လှည့်ကြည့်လိုက်တော့ နောက်ထပ်ကားတစ်စီးက ဝေးဝေးကို ရောက်နှင့်နေပြီ ဒါကြောင့် ငါလည်း ကားထဲက လူကို ကူညီဖို့ လုပ်တော့တယ် ဒီလိုနဲ့ အဲ့ဒီလူကို ဆေးရုံကိုပို့ပေးလိုက်တယ် ဒါပေမယ့် အဲ့ဒီကားတိုက်မှုကို စွပ်စွဲခံရမယ်လို့တော့ မထင်ခဲ့ဘူး ဘယ်လိုတောင် သောက်ကျိုးနည်းအဖြစ်ကြီးလဲ...''

ရိုဝမ်ရဲ့ ရှင်းပြချက်ကို နားထောင်လို့အပြီးမှာတော့ ဝီးလ်ဆန်ဟာ ခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး ပြောလိုက်တယ်

'' ရှင်းပြပေးလို့ ကျေးဇူးပါ ခင်ဗျားကို ဒီအမှုက ကင်းလွှတ်အောင် ကျုပ်အတတ်နိုင်ဆုံးကြိုးစားပါ့မယ်.....ဒါနဲ့ ထွက်ပြေးသွားတဲ့ ကားအရောင်ကိုရော မှတ်မိလား  .... ''

'' အင်း....အနီရောင် ဆိုတာပဲ မြင်လိုက်တယ်... ''

'' ကောင်းပြီ.. ဒါဆို မစ္စတာ ဝဲလ်စ့်... ကျုပ် ရိုဝမ်ရဲ့ကားကို တစ်ချက်လောက်ကြည့်လို့ရမလား ''

'' ရပါတယ်.... နောက်ပြီး ကိုယ့်ကို ရင်းရင်းနှီးနှီး ဆိုင်းလပ်စ်လို့ပဲ ခေါ်ပါ.... ''

'' ကောင်းပြီ ဆိုင်းလ်စ်....ဒါဆို သွားရအောင် ''

.
.
.
.

မိနစ်အနည်းငယ်ကြာတော့ သက်သေတွေသိမ်ထားတဲ့ နေရာကို ရောက်သွားကြတယ်

ဝီးလ်ဆန်လည်း ကားကို တစ်ချက်ကြည့်ပြီး သူ့ဖုန်းကို ထုတ်ကာ ဓာတ်ပုံရိုက်လိုက်တယ် လုပ်ပြီးတဲ့အချိန်ထိ ဘာစကားမှမပြောတဲ့ ဆိုင်းလပ်စ်ဘက်ကို လှည့်ကာ ပြောလိုက်တယ်

အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)Where stories live. Discover now