Unicode
'' တော်တော်မှ ပျော်ခဲ့ရဲ့လား ကော ''
အေးစက်စက် အသံကြောင့် ရှဲ့ချန်းဝူ ကြောင်မိသွားတယ်
သူလှည့်ကြည့်လိုက်တော့ သွေးသားမတော်စပ်တဲ့ ညီလေး
ရှဲ့ယွမ်
'' အော် ယွမ်လေးပါလား ဘာကိစ္စလဲ ''
'' ပျော်ပြီးပြီ ဆိုတော့ အခု ကျနော့်ရဲ့ အပြစ်ပေးတာခံရမယ့် အလှည့်ပေါ့ ''
ထိုသို့ ပြောပြီး ရှဲ့ချန်းဝူရဲ့ လက်ကောက်ဝတ်ကနေ အကြမ်းပတမ်း ကိုင်ဆွဲကာ ရှေ့ကဦးဆောင်သွားလိုက်သည်
သူတို့သွားတဲ့ နေရာကတော့
မြေအောက်ခန်း။
'' ခန...ယွမ်လေး ဘာလို့ ကောတို့က ဒီကိုလာရတာလဲ ''
'' ကောကို အပြစ်ပေးမို့လေ စကားနားမထောင်လို့ ''
[ ခွီးးးး ]
ထိုစကားကို ကြားပြီး ခွက်ထိုးခွက်လန် ရယ်နေတာကတော့ ရှဲ့ချန်းဝူရဲ့ အချစ်တော် systemလေးပင်
' မင်း ဘာရီနေတာလဲ '
[ ဘာမှမဟုတ်ပါဘူး....ဟား ဟား...host က အမြဲကျနော်ကို အနိုင်ကျင့်နေတော့ အခုလို hostက အနိုင်ကျင့်ခံရတာမြင်တော့ တကယ်ကောင်းတယ် ဟား..ဟား..ဟား ]
' အေး မင်း ရီနိုင်တုန်း အားရပါးရရီထား သိလား
သောက် system '
[ အဟမ်း... host ကျနော်က စတာလေ ရယ်စရာမှ မပါတာကို ဟုတ်တယ်မလား host ]
' မင်း ရယ်ချင် ရယ်အုံးလေ နောက်မှ အဟင်း....သိတယ်မလား '
[ ho..host အထက်က Godက ခေါ်နေလို့ သွားလိုက်အုံးမယ်နော် ]
' အဟက် '
ရှဲ့ချန်းဝူလည်း စိတ်ထဲက system နဲ့ ပြောနေတာကို ရပ်လိုက်ပြီး ရှဲ့ယွမ်ဆီကို အာရုံပြန်စိုက်လိုက်တယ်
'' ယွမ်လေး ငါက မင်းရဲ့ အကိုလေ ညီလေးက အကိုကို အပြစ်ပေးတာ ရှိဖူးလို့လား ''
'' မရှိဖူးရင်လည်း ကျနော်ကျမှ ရှိတယ်မှတ်လိုက် သွား အထဲဝင် ''
ရှဲ့ချန်းဝူလည်း ပြောမရဘူးဆိုတာ သိတဲ့အခါမှာ ဘာမှမပြောတော့ဘဲ မြေအောက်ခန်းထဲဝင်သွားတော့သည်
သူအထဲရောက်တော့ ရှဲ့ယွမ်က တံခါးကို ပိတ်ကာ အပြင်ကနေ သော့ခတ်ထားလိုက်သည်
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)