Unicode
ရှဲ့ချန်းဝူတစ်ယောက် နေလို့မကောင်းလို့ ပါတီကျင်းပတဲ့ ဟိုတယ်အခန်းမှာပဲ နားဖို့ စဥ်းစားတာကြောင့် ထိုဖက်ကို ထွက်လာပြီး အခန်းတစ်ခုငှားကာ ကုတင်ပေါ် လှဲလိုက်သည်
သူsystemကို ခေါ်ဖို့ပြင်လိုက်တဲ့ အချိန်မှာပဲ တံခါးခေါက်သံကို ကြားရတာကြောင့် စိတ်မကြည်စွာ သွားဖွင့်ပေးလိုက်တော့ ချောင်လင်းဖြစ်နေသည်
'' အာ..ဘေဘီ ဘယ်လိုလုပ်ဒီရောက်နေတာလဲ? ''
'' ခုနက ကိုကို့ကို ကြည့်ရတာ အဆင်မပြေတဲ့ပုံပေါ်လို့ ဘာဖြစ်တာလဲ ဆိုပြီး လာကြည့်တာပါ ကိုကိုနေမကောင်းတာလား ''
ဆိုပြီး ရှဲ့ချန်းဝူရဲ့ နှဖူးကို လက်နဲ့ လာထိတော့ ရှဲ့ချန်းဝူရဲ့ ခန္တာကိုယ်ဟာ ထူးဆန်းသွားပြီး နေလို့ပိုကောင်းသလိုရှိလာသည် ဒါပေမယ့် ဘာမှမဖြစ်သလိုနေကာ ပြန်ပြောလိုက်သည်
'' ဘာမှမဖြစ်ပါဘူး ဒီတိုင်း စိတ်အိုက်လာလို့ပါ ဘေဘီပြန်ချင်ရင် ကိုယ်ဒါရိုင်ဘာခေါ်ပေးလိုက်မယ်လေ ''
'' မလိုပါဘူး ခနလောက်တော့ ကိုကို့ဘေးမှာ နေအုံးမလားလို့ ဘေဘီလည်း ဘာမှလုပ်စရာမရှိတော့လေ ''
ချောင်လင်းလည်း ပြောပြီး အခန်းထဲသို့ဝင်လာတော့ ရှဲ့ချန်းဝူတစ်ယောက် ထိတ်လန့်သွားသည် သူလည်း သူအခုဖြစ်နေတာ အနည်းနဲ့အများတော့ ခန့်မှန်းမိလိုက်တယ်လေ
သူတစ်ယောက်တည်းဆို အဆင်ပြေလောက်ပေမယ့် ခုက တစ်ခန်းထဲမှာ မိန်းကလေးတစ်လေးတစ်ယောက်နဲ့ နောက်ပြီး ခုလိုအခြေအနေကြီးမှာ
' system... system မင်းရှိလား? .... ဝေ့...ကျစ်..အရေးကြီးချိန်ဆို ဒီကောင်က ပျောက်ပြီ '
ရှဲ့ချန်းဝူလည်း system မရှိတာကြောင့် စိတ်ထိန်းနိုင်အောင် အသက်ကို ရှူသွင်းလိုက်ရှူထုတ်လိုက်လုပ်နေတုန်း ထိုင်ခုံမှာ ထိုင်နေတဲ့ ချောင်လင်းက ထလာပြီး သူ့အနားလျှောက်လာတော့ သူလည်း အမြန်ပင် နောက်ကို ဆုတ်လိုက်သည်
'' မလာနဲ့ ''
'' အမ်? ကိုကို ဘာဖြစ်တာလဲ နေမကောင်းလို့လား? ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Adventureစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)
