Unicode
ရှဲ့ပါးပါးတို့ရဲ့ တုန့်ပြန်မှုကို ကြည့်ပြီး ရှဲ့ယွမ်လည်း မထူးတော့ဆိုပြီး နောက်တစ်ကြိမ်ပြန်ပြောလိုက်တော့တယ်
'' ဟုတ်တယ် ကျနော် ကောကို ချစ်သူတစ်ယောက်လို ချစ်တယ် ပြီးတော့ သူ့ကိုလည်း ပိုင်ဆိုင်ချင်တယ် အဖေတို့တားရင်လည်း မရရအောင် ကျနော်လုပ်ယူမယ် ''
ရှဲ့ပါးပါး: မင်း!! မင်း ပြောတာရော ဘာလဲဆိုတာ သိရဲ့လား?
ရှဲ့မားမား: သားငယ် ဒါကဘယ်လိုဖြစ်တာလဲ
ရှဲ့ချန်းဝူ: ပါး မား ယွမ်လေးပြောတာကို အတည်မယူပါနဲ့ သူစိတ်ရှုပ်နေလို့ ဒီတိုင်းပြောတာပါ
ရှဲ့ယွမ်: မဟုတ်ဘူး ကော ကျနော် ကောကို တကယ်ချစ်.....
ရှဲ့ပါးပါး: တော်လောက်ပြီ ဒီကိစ္စကို နောက်မှပြောမယ် မနက်ဖြန်က ကုမ္ပဏီရဲ့ ၂၅နှစ်ပြည့် အထိမ်းအမှတ်ပဲ ညကျ ပါတီပွဲကို မင်းတို့လည်း လာခဲ့ကြ ကျင်းလု ( ရှဲ့မားမား ) လာသွားကြမယ်
ထို့နောက် သူတို့နှစ်ယောက်လည်း ထိုအိမ်ကနေထွက်လာကြပြီး သူတို့နေတဲ့ အိမ်ဆီ ပြန်လာတော့သည်
ကျန်ခဲ့တဲ့ နှစ်ယောက်မှာတော့ တစ်ဖက်မှာထိုင်တဲ့ ရှဲ့ချန်းဝူက ရှဲ့ယွမ်ကို စူးစိုက်ကြည့်နေတော့တယ်
နောက်ဆုံးမှာတော့ ရှဲ့ချန်းဝူဆီက အသံထွက်လာတယ်'' မင်း ရူးသွားပြီလား ဟမ်!! မင်း ရူးသွားပြီလားလို့ ဘာလို့ အဲ့လိုစကားတွေကို ပါးတို့ကို သွားပြောတာလဲ!! သူတို့ဒေါသထွက်ပြီး ရှော့ခ်ရရင် ကျန်းမာရေးတွေဘာတွေ ထိခိုက်နိုင်တာ မသိဘူးလား !!! ''
'' ဟုတ်တယ် ကျနော်ရူးနေပြီ!! ကောကို ချစ်လွန်းလို့ ပိုင်ဆိုင်ချင်လွန်းလို့ ရူးနေပြီ!! တစ်နေ့နေ့ကျရင် ကောတစ်ခြားသူနဲ့ အိမ်ထောင်ပြုမယ်ဆိုတဲ့ အတွေးနဲ့တင် ကျနော့်ကို ဘယ်လောက်တောင် ရူးသွပ်စေနိုင်တာလဲ ဒါကိုရော ကောသိရဲ့လား!!! ''
'' မသိဘူး!! မသိဘူး!! သိလည်း မသိချင်ဘူး!! ငါသိတာက မင်းလို ရူးနေတဲ့သူအနားမှာ မနေချင်ဘူး အဲ့တော့ ငါဒီအိမ်ကနေထွက်မယ် ''
YOU ARE READING
အခ်စ္စစ္ရွာေဖြျခင္း / အချစ်စစ်ရှာဖွေခြင်း system (oc)
Phiêu lưuစကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်ဝူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system) စကားနားမထောင်ရင် ငါလေးကမင်းကိုရိုက်မယ် (ပိုင်၀ူချင်း) ဒီ host ကိုကျနော်မလိုချင်ပါဘူးနော် လှဲပေးကြပါ (system)