Part-45⚠

17.7K 618 59
                                    

အမုန်းတရား၏နောက်တော်ပါး Ep-45

Zawgyi

ရိုင်းစိုင်းသောအသုံးအနှုန်းများ ရေးသားထားသောကြောင့် အသက်မပြည့်သေးသူများ ဖတ်ရန်မသင့်တော်ပါ။ idol imageထိခိုက်မိပါက လာရောက်ပြောပေးနိုင်ပါသည်။ ဆဲဆိုသောမန့်များဖြင့် လာရောက်မပြောသားပဲ Message Boxမှတဆင့် လာရောက်ပြောပေးပါရန် မေတ္တာရပ်ခံပါသည်။

ရိုင်းစိုင်းသောအသုံးအနှုန်းများကြောင့် Warningပေးပါသည်။🔞⛔🚫

  ခြံဝန်းထဲတွင် မြူးကြွသောတီးလုံးသံများနှင့် များပြားလှသော ဧည့်ပရိတ်သတ်များက တလက်လက်တောက်ပြောင်နေသော အဝတ်အစားများဝတ်ဆင်ကာ အသိမိတ်ဆွေများဖြင့် စကားစမြည်းပြောနေသူများနှင့် ဈေးကြီးလှသော အစားအသောက်များက ပနံသင့်လွန်းနေလေသည်။

  ဒေါ်လီရန်၊ ဒေါ်ရှင်းယီ၊ လုကျင်းဝေတို့ပါ မောင့်ရဲ့မွေးနေ့ပွဲသို့ တက်ရောက်လာကြသောကြောင့် ဒေါ်လီရန်ရဲ့သားလေးများနှင့်အတူ အမြွှာနှစ်ယောက်သည်လည်း ပါတီပွဲအတွင်း ပျော်ရွှင်မြူးတူးစွာ ရယ်မောပျော်ရွှင်လျက် အတူတူရှိနေကြလေသည်။

  "ဒီနေ့က ကျွန်တော့်ရဲ့သုံးဆယ့်လေးနှစ်ပြည့်မွေးနေ့မှာ အားလုံးပဲ လွတ်လွတ်လပ်လပ် စားကြသောက်ကြပျော်ကြပါးကြပါ"

  "ဝေး. . ."

  "ဒါပေမယ့် အခုတော့ ကျွန်တော့်ရင်ထဲကစကားတွေကို ကျွန်တော်ချစ်ရတဲ့ ကျွန်တော့်အမျိုးသားကျန့်ကို စကားနည်းနည်းပြောပါရစေ"

  စင်ပေါ်မှ မောင့်ရဲ့စကားထဲတွင် သူ့နာမည်ပါလာသဖြင့် ဒေါ်လီရန်တို့နှင့် စကားပြောနေရာမှ ရှောင်ကျန့် အပြုံးတစ်ပွင့်ဆင်မြန်းကာ မောင်ရှိရာစင်ပေါ်သို့ လှည့်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်၏။

  "ကျန့်ဟာ ဒီကမ္ဘာပေါ်မှာ ကျွန်တော်အချစ်ရဆုံးသူတစ်ယောက်ဖြစ်ပြီး၊  ကျွန်တော့်ရဲ့ မြတ်နိုးရဆုံးသောသူတစ်ယောက်ဖြစ်ပါတယ်၊ ကျွန်တော်ဟာ ဆေးရုံအုပ်နဲ့ ကလေးအထူးကုပါရဂူတစ်ယောက်ဖြစ်ပေမယ့် ကျန့်ဟာ ကျွန်တော့်ရဲ့ ဆရာဝန်လောင်းလေးဖြစ်တယ်၊ ကျွန်တော်နဲ့သားလေးနှစ်ယောက် နေမကောင်းဖြစ်တဲ့အခါတိုင်း ကျန့်က အမြဲတစေ နည်းလမ်းရှာပြီး ကျွန်တော်တို့ကို အမြန်သက်သာပျောက်ကင်းအောင် လုပ်ပေးတတ်ပါတယ်"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now