အမုန်းတရား၏နောက်တော်ပါး Ep-53
Zawgyi
ရီပေါ်သည် ကိုးလထဲရှိပြီဖြစ်သော ရင်သွေးလေးအတွက် အခန်းနေရာပြင်ဆင်ကာ လိုအပ်သောအသုံးအဆောင်များ ဝယ်ယူပြီး ကိုယ်တိုင်ပြင်ဆင်နေလေသည်။
ကုတင်ပုခက်၊ ကလေးထည့်သိပ်စရာခြင်းတို့တွင် ဘေးသို့တိုက်မိလျှင် မနာကျင်အောင် ပျော့ပျောင်းသောကာရံကလေးများပါ ပြုလုပ်ထားလေသည်။
ပုခက်နှင့်ကုတင်အတွက် ရေစိုခံအဖုံးပါရှိသည့် ပြန့်ပြူးသောအခင်းများကိုပါ ဝယ်ယူထား၏။ မွေးပွခေါင်းအုံးပါး၊ အနှီး၊ ဖလန်နယ်အနီး၊ အမွေးပွအနှီး၊ ငှက်မွေးဖြင့်ပြုလုပ်ထားသည့် စောင်၊ သွားရည်ခံလေးများ၊ ဒိုင်ဘာထုပ်များ၊ အလွန်နူးညံ့လှသည့်မျက်နှာသုတ်ပဝါ၊ ဝါဂွမ်း၊ ဗက်စလင်း ကိုယ်လိမ်းအလှဆီ၊ သန့်စင်ဆေးရည်၊ နူးညံ့သောစက္ကူလိပ်၊ တွန်းလှည်း၊ ကြိုးသိုင်းနောက်ကျောပိုးနှင့် ရှေ့ကြိုးသိုင်းလွယ်ရသည့် ပိုးသဘက်၊ ပါးလှပ်သည့် အဝတ်အစားများ၊ အနွေးထည် အဝတ်အစားများ၊ ဝါဂွမ်းခြေအိတ်နှင့် ဝါဂွမ်းလက်အိတ်လေးများ၊ ဦးထုပ်အနွေး,အပါးလေးများ၊ အတွင်းခံ စွပ်ကျယ်လေးများကို ဝယ်ယူကာ သူ့နေရာနှင့်သူ အစီအရီထားလေသည်။
အပေါ်ထပ်ရှိ သူတို့မိသားစုအိပ်ခန်းလေးသည် ခုများတွင်တော့ ဝါဂွမ်းများဖြင့်ပြုလုပ်ထားသောကော်ဇော ခင်းကျင်းထား၏။ အန္တရာယ်ရှိစေနိုင်သော ပစ္စည်းတစ်မျိုးပင် တပ်ဆင်ထားခြင်းမရှိ။
မွေးခါနီးဖွားခါနီး ရက်သတ္တပတ်အကြာတွင်တော့ ကလေးနှစ်ယောက်ကို မာမီတို့အိမ်ပို့ထားရန်လည်း စီစဉ်ထားပြီးလေပြီ။ အငယ်လေး လူ့လောကထဲရောက်ရှိလာလို့ သူတို့လေးတွေရဲ့စိတ်ထဲ ဂရုမစိုက်ဘူး၊ မချစ်တော့ဘူးဆိုတာတွေလည်း မဖြစ်စေချင်။
ခုဆို ဝမ်ရီပေါ်တင်မဟုတ် မိသားစုနှစ်ဖက်မိဘများတွေပင် ရှောင်ကျန့်ကို ပိုဂရုစိုက်နေကြသည်။ အလေးအပင်မဖို့မဆိုးထားနှင့် နွားနို့တစ်ခွက်ကိုပင် ကိုယ်တိုင်မသောက်ရတော့ပဲ ခွံ့ကျွေးခံရသည်အထိ အဖြစ်သည်းနေကြသည်။
လမ်းလျှောက်လေ့ကျင့်ခန်း၊ ရေကူးလေ့ကျင့်ခန်း၊ ယောဂကျင့်စဉ်တွေ ကိုယ်ဝန်ရှစ်လမှစ၍ ယခုကိုးလရောက်သည့်အချိန်ထိ နေ့စဉ်လေ့ကျင့်ခဲ့ရ၏။
လမ်းလျှောက်လေ့ကျင့်ခန်းသည် အစာလည်းကြေ၊ သွေးလှည့်ပတ်မှုကောင်းပြီး ခန္ဓာကိုယ်အလှမပျက်အောင် ထိန်းပေးနိုင်၏။ လမ်းလျှောက်ချိန်တွင် ခါးကိုတည့်တည့်မတ်မတ်ဆန့်ထုတ်ထား၍ တင်ပါးကိုနောက်ပစ်ကာ၊ ခေါင်းနှင့်ခါးရိုးကို တည့်မတ်ထားစေသည်။ မွေးဖွားပြီးချိန်တွင် ကျောရိုးဆက်အရွတ်တွေ လျော့ရဲပြီး၊ ခါးနာသည့်ခံစားမှုက ကင်းဝေးစေ၏။
ရေကူးလေ့ကျင့်ခန်းသည် ကြွက်သားတွေရဲ့ခံနိုင်ရည်အားကို အကောင်းဆုံးဖြစ်စေတဲ့ အားကစားနည်းဖြစ်၏။ ရေထဲဆင်းကူးနေချိန်တွင် ခန္ဓာကိုယ်အလေးချိန်းကို ကြွက်သားတွေ၊ အရိုးအဆစ်တွေက သယ်ဆောင်ပေးဖို့မလိုဘဲ ရေကသယ်မ,ပေးထားသောကြောင့် ခန္ဓာကိုယ်ဟာပေါ့ပါးနေပြီး၊ ထိခိုက်မှု အလွန်နည်းပါးစေသည်။
ယောဂကျင့်စဉ်သည် ခန္ဓာကိုယ်တောင့်တင်းမှုတွေ၊ စိတ်ကျဉ်းကျပ်မှုတွေကို လျှော့ချစေနိုင်၏။ ကလေးမွေးဖွားနေစဉ် အချိန်ပိုင်းအတွင်း အသက်မှန်မှန်ရှူသွင်းပြီး၊ စိတ်ကို မပျံ့လွင့်အောင် ထိန်းသိမ်းထားနိုင်ရေးအတွက် ယောဂကျင့်စဉ်ကို လေ့ကျင့်စေသည်။ မွေးဖွားမှုအပေါ် ခံနိုင်ရည်အပြည့်ရှိစေသောကြောင့် အလွန်အကျိုးရှိ၏။
လမ်းလျှောက်လေ့ကျင့်ခန်းနှင့် ရေကူးလေ့ကျင့်ခန်းကို သူနဲ့သာလေ့ကျင့်စေပြီး၊ ယောဂကျင့်စဉ်ကိုတော့ ဆရာမကိုခေါ်ကာ နှစ်ဖက်မိခင်တွေနဲ့အတူ လေ့ကျင့်စေသည်။
နှစ်ဖက်မိဘများအလုပ်နားရက်နှင့် ကလေးတွေရဲ့ကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူတို့ရဲ့အိမ်တွင် လူစုံတက်စုံရှိနေကြ၏။ ကိုယ်ဝန်ဆောင်ချိန်တွင် နှစ်ဖက်မိဘများနှင့် ကိုယ်ချစ်ရသည့်လူသားတွေ အနားမှာရှိနေခြင်းအပေါ် စိတ်သက်သာရာရပြီး အတိုင်းအဆမသိ ပျော်ရွှင်နေမည်ဆိုတာ ကျန့်မျက်ဝန်းလေးတွေနှင့် အပြုံးလေးတွေမှတဆင့် သိမြင်နေရသည်။
ကလေးနှစ်ယောက်နှင့် ပွဲကျနေသော နှစ်ဖက်မိဘတွေရဲ့မျက်နှာပေါ်တွင် အပြုံးတွေဝေဆာနေ၏။ သူတို့လေးတွေ သိသမျှတတ်သမျှ၊ သီဆိုတတ်၊ ကတတ်တာလေးတွေကိုကြည့်ပြီး ပြုံးပျော်နေကြသည်ကြောင့် အောက်ထပ်ဧည့်ခန်းကျယ်ကြီးအတွင်း ရယ်သံများဖုံးလွှမ်းနေကြသည်။
"သားဝမ်"
"ဗျာ ဒက်ဒီ"
"ဒက်ဒီရဲ့ကုမ္ပဏီကို လက်လွှဲယူဖို့ စိတ်ကူးမရှိဘူးလား"
ဒက်ဒီရဲ့စကားကြောင့် အားလုံးရဲ့အကြည့်တွေက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြ၏။
"ဒက်ဒီတို့က အသက်ကြီးနေပြီ၊ မင်းက ဆေးရုံတစ်ဖက်နဲ့ဆိုပေမယ့် ဒက်ဒီတို့က နောက်တစ်နှစ်,နှစ်နှစ်ဆို ဦးစီးနိုင်တော့မှာမဟုတ်ဘူး"
"ကျွန်တော်လည်း လုပ်ငန်းခွဲတွေလုပ်ဖို့ စီစဉ်ထားပါတယ်"
"အင်း"
"ခုလုပ်နေတဲ့အလုပ်ကို ခဏနားပြီး ဒက်ဒီရဲ့ကုမ္ပဏီကို လက်လွှဲယူပါ့မယ်၊ ကုမ္ပဏီကိုလည်း ဒီထက်မကပိုအောင်မြင်အောင် ကြိုးစားပါ့မယ်၊ ဒက်ဒီတို့အားလုံး စိတ်မပျက်စေရပါဘူး"
သူ့အပြောကို ဒက်ဒီကခေါင်းညိတ်၍ အသိအမှတ်ပြု၏။ ကျန့်ကိုကြည့်လိုက်တော့ မျက်နှာညှိုးငယ်နေပြီး သူ့ရဲ့လက်ဖဝါးကို ဆုပ်ကိုင်လာသော လက်ကလေးကို သူ့လက်ဖဝါးကြီးနှင့် ပြန်ဆုပ်ကိုင်ထားလိုက်သည်။
"မောင် အဆင်ပြေရဲ့လား"
"ဘာလို့အဆင်မပြေရမှာလဲ ကျန့်ရ"
"ဟို. . .မောင့်က ဆရာဝန်အလုပ်ကို အရမ်းမြတ်နိုးတာလေ၊ ခုလိုဗြုန်းစားကြီး ရပ်နားလိုက်မယ်ဆိုရင်. . ."
"ရှူး. . .မောင်ကိုယ်တိုင်က ရပ်နားထားဖို့ အစကတည်းက စီစဉ်ထားပြီးသား၊ အခုလို ဒက်ဒီကတောင်းဆိုပြန်တော့ မောင့်ရဲ့အစီစဉ်က အကောင်အထည်ဖော်ဖြစ်သွားတာပေါ့၊ ပြီးတော့ ကျန့်တို့အားလုံးကို တင့်တောင့်တင့်တယ်ထားနိုင်ဖို့ရာအတွက် မောင် ပိုကြိုးစားရမယ်လေ"
"အင်း. . .မောင်"
"ကဲ. . .ကဲ မိသားစုဓာတ်ပုံရိုက်ဖို့ မာမီ ဓာတ်ပုံဆရာကို ဖုန်းဆက်ခေါ်ထားတယ်၊ သားဝမ်က သားကျန့်ကို ရေမိုးချိုးပြင်ဆင်ပြီး သားဝမ်ကိုယ်တိုင် ပြင်ဆင်ထား၊ ကလေးနှစ်ယောက်ကိုတော့ မာမီနဲ့ မိန်လီတို့ပြင်ဆင်ထားပေးလိုက်မယ်"
"ဟင်. . ."
"ဟင်တွေလုပ်မနေနဲ့ အမြွှာနှစ်ယောက်တုန်းကလည်း ခုလိုဓာတ်ပုံအတူတူရိုက်ကြတာပဲ၊ အခုလည်း ဒီထဲကရင်သွေးလေးနဲ့ အမြွှာလေးနှစ်ယောက်ပါ အတူတူရိုက်ကြတာပေါ့"
"သွားကြ၊ ပြင်ဆင်ကြ"
"ဟုတ်. . .ဟုတ်ကဲ့"
"လာ. . .ရှုဟန် ကိုယ်တို့လည်း အမြွှာနှစ်ယောက်ကို ပြင်ဆင်ပေးကြစို့"
"အင်း. . .မိန်လီ"
"ဒါဆို ကိုယ်တို့က ဘာမှလုပ်စရာမရှိဘူးပေါ့"
"ရှင်တို့က ဘာလိုက်လုပ်ချင်သေးလို့လဲ၊ အရမ်းလုပ်ချင်နေရင်လည်း လိုက်ခဲ့ပြီး မြေးနှစ်ယောက်ရဲ့အဝတ်စားတွေ လာလျှော်"
"အောင်မလေးဗျာ. . .မလိုက်တော့ပါဘူး"
"ဒီမှာပဲနေပြီး စီးပွာရေးအကြောင်းပဲ ဆွေးနွေးနေလိုက်ပါတော့မယ်"
"ခစ်ခစ်. . .ခစ်ခစ်"
"ဘာရီတာလဲ မင်းတို့က"
သဘောတွေကျကာ ရယ်နေကြသည့်ကလေးနှစ်ယောက်ကို ကြည့်၍ ရီပေါ် မေးလိုက်၏။ မျောက်လောင်းနှစ်ကောင်ရယ်နေကြသည်မှာ အသောမတတ်နိုင်။
"ဖိုးဖိုးတို့ကလည်း ဒက်ဒီ့လိုပဲ မယားကြောက်တွေ"
"ဟား. . .ဟား"
အမြွှာနှစ်ယောက်၏ စကားကြောင့် အိမ်ထောင်ဦးစီးသုံးယောက်ဖြစ်သွားသော မျက်နှာတွေကိုကြည့်၍ ထရယ်လိုက်ကြသည်မှာ ဒေါ်ကျန့်မိန်လီ၊ ဒေါ်ရီရှုဟန်နှင့် ရှောင်ကျန့်တို့ပင်။
ကလေးနှစ်ယောက်ကို မားတို့က အပေါ်ထပ်အိပ်ခန်းသို့ ခေါ်ဆောင်သွားပြီး၊ သူတို့နှစ်ယောက်က အောက်ထပ်အိပ်ခန်းသို့သာ ဝင်လာခဲ့ကြ၏။ လရင့်လာပြီဖြစ်သောကိုယ်ဝန်ကြောင့် အပေါ်ထပ်မှ အောက်ထပ်အိပ်ခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
မွေးရမည့်ရက်သည်သိပ်မလိုတော့သည်ကြောင့် ကျန့်ရဲ့ဆီးခုံပေါ်မှအမွေးတွေကို သေချာဂရုတစိုက် ရိတ်ပေးမိသည်။ ရိတ်ပေးနေသည့်အတောအတွင်း ထိရှမိမည်စိုးသောကြောင့် သေချာဂရုစိုက်၍ ဖြည်းဖြည်းရိတ်ပေး၏။ တစ်ချက်တစ်ချက် တွန့်သွားသော ကျန့်ကြောင့် လက်မတုန်မိစေရန်လည်း ဂရုစိုက်နေရသည်။
အမွေးများသည် ညစ်ပတ်ပြီး ဘက်တီးရီးယားပိုးများကို ခိုကပ်နေစေခြင်းကြောင့် မွေးဖွားရန်အတွက် မွေးလမ်းကြောင်းတစ်ဝိုက်ကို ပိုးသတ်ခြင်းမပြုနိုင်။ အမွေးရိတ်ခြင်းသည် ရောဂါပိုးဝင်ခြင်းကို လျော့နည်းစေသည်ဟု ဆရာဝန်အများစုကပြောကြပေမယ့် တကယ်တမ်း အမွေးရိတ်ရခြင်းအကြောင်းအရင်းမှာ ဆရာဝန်ဆရာမများအတွက် မွေးလမ်းကြောင်းကို ပြန်ချုပ်ရန်အတွက် လွယ်ကူစေရန်သာဖြစ်သည်။
အမွေးရိတ်ခြင်းသည် အမှန်တကယ် ရောဂါပိုးဝင်ခြင်းကို လျော့နည်းစေသလားဆိုလျှင် သူလေ့လာထားချက်အဖြေအရ အမွေးမရိတ်ခြင်းကြောင့် ရောဂါပိုးဝင်ခြင်း၏နှုန်းသည် ပိုတက်မလာ။ ထိုအချက်တွေကြောင့် ဆီးခုံမှအမွေးများရိတ်ခြင်းကို ကန့်ကွက်သည်။
အင်္ဂါဇာတ်တစ်ခုလုံးတွင် ပေကျံနေသော အချွဲများ၊ သွေးများ၊ အညစ်အကြေးများ သန့်ရှင်းသွားစေရန် ဂွမ်းစနှင့်သုတ်ပြီး ရောဂါပိုးများကို ဖယ်ရှားပစ်ရန် ဆေးရည်ဖြင့် ပက်ဖြန်းခြင်းပြုလုပ်ရ၏။
သူကိုယ်တိုင်က ကျန့်ကို ဘာလို့ရိတ်ပေးတာလဲလို့ တခြားသူတွေမေးခွန်းထုတ်လျှင် သူ့မှာဖြေစရာတစ်ခုသာရှိသည်။
ကျန့်ရဲ့ဆီးခုံပေါ်ကအမွေးတွေကို သူတစ်ယောက်မှလွှဲ မည်သူ့ကိုမှ မကြည့်စေခြင်းသောကြောင့်ပင်. . .
နှစ်ယောက်စလုံး ရေချိုးသန့်စင်ပေးပြီးအခန်းထဲဝင်ခဲ့တော့ ကုတင်ပေါ်၌ အဖြူရောင်ဝတ်စုံနှစ်စုံ တင်ထားသည်ကို တွေ့ရ၏။ ဝတ်စုံတစ်စုံမှာ ခါးပေါ်ဖြစ်ပြီး ဘောင်းဘီအတိုတစ်ထည်။ နောက်ဝတ်စုံတစ်ခုသည် အင်္ကျီလက်ရှည်နှင့် ဘောင်းဘီရှည်သာဖြစ်၏။
ကျန့်ကို ဝတ်ဆင်ပေးလိုက်တော့ ဗိုက်လုံးလုံးလေးကပေါ်နေပြီး ဘောင်းဘီအတိုလေးဝတ်ဆင်ထားသောကြောင့် ပေါင်တံဖြူဖြူလေးတွေက ပေါ်လွင်နေသည်။
အားလုံးပြင်ဆင်ပြီး ဧည့်ခန်းထဲထွက်ခဲ့တော့ ဧည့်ခန်းထဲတွင် ဒက်ဒီတို့နှင့်စကားပြောနေသော အမျိုးသားတစ်ဦး။ စားပွဲခုံပေါ်တွင်လည်း ပစ္စည်းပစ္စယများထည့်ထားသည့် အိတ်အမည်းတစ်လုံး။ သူတို့ကို ကျောပေးထိုင်ထားသည့်အတွက် ဘယ်သူဘယ်ဝါမှန်းမသိသော်လည်း ရင်းနှီးနေသည့်ဟန်။
"ဟော. . .သားကျန့်တို့ ရောက်လာပြီ"
ဒေါ်ကျန့်မိန်လီရဲ့အသံကြောင့် သူတို့နှစ်ယောက်ထံ လှည့်ကြည့်လာကြ၏။ ကျောပေးထိုင်ထားသည့် အမျိုးသားသည် အမြွှာနှစ်ယောက်ကိုယ်ဝန်ဆောင်ချိန်က အမှတ်တရဓာတ်ပုံရိုက်ပေးခဲ့သော ဓာတ်ပုံဆရာပင်။
"ကဲ. . .ကဲ အားလုံးလည်းပြင်ဆင်ပြီးကြပြီဆိုတော့ ဓာတ်ပုံရိုက်ကြတာပေါ့"
အပေါ်ထပ်သို့တက်ကာ ဓာတ်ပုံဆရာခိုင်းသည့် အမူအရာအတိုင်း လိုက်လုပ်ကာ မိသားစုဓာတ်ပုံ ရိုက်ကြ၏။
ကျန့်ရဲ့ဗိုက်ကို သူ နမ်းရှိုက်ပုံ၊ အနောက်မှသိုင်းဖက်ကာ ဗိုက်လုံးလုံးလေးကို ထိနေသည့်ပုံ၊ အမြွှာနှစ်ယောက်က ဗိုက်လုံးလုံးလေးကို နမ်းရှိုက်နေသည့်ပုံ၊ ကင်မရာချိန်နေစဉ်အတွင်း လက်ဖဝါးရာနှင့် ခြေဖဝါးရာလေးတွေက ဗိုက်လုံးလုံးလေးတွင် ထင်ထင်ရှားရှား လာပေါ်သည်ကြောင့် ဝမ်းသာကြည်နူးရပြန်သည်။
အမြွှာနှစ်ယောက် သီးသန့်ဓာတ်ပုံများ၊ သူတို့နှစ်ယောက်ရဲ့ သီးသန့်ဓာတ်ပုံများ၊ နှစ်ဖက်မိဘများနှင့် ဓာတ်ပုံများရိုက်ပြီးချိန်မှာတော့ ကျန့်ကို အောက်ထပ်အိပ်ခန်းသို့ ပွေ့ချီခေါ်ခဲ့မိသည်။
မာမီတို့နှင့် အမြွှာနှစ်ယောက်က အပေါ်ထပ်ဧည့်ခန်းတွင် ဓာတ်ပုံဆရာနှင့် အလုပ်ရှုပ်နေကြ၏။
တစ်နေ့ထက်တစ်နေ့ ခြေလက်ဆစ်တွေရောင်ကာ မျက်နှာလေးတွေပင်ဖောအစ်နေသည့်ကျန့်က လမ်းလျှောက်ဖို့ပင် ခဲရင်းလာရသည်ကြောင့် ပွေ့ချီလာခဲ့ရခြင်းပင်။ ကျန့်ကိုအနီးကပ်ပြုစုဖို့ရန်အတွက် သူအလုပ်နားထား၏။
ကျန့်ကို ကုတင်ပေါ်ဂရုတစိုက်ချပေးပြီး သူပါ ဝင်ထိုင်လိုက်သည်။
ဆောင်းတွင်းအချိန်ဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်သည်တွေအားလုံး ယခုလိုဖြစ်လေ့ဖြစ်ထရှိခြင်းပင်။
တစ်နေ့သုံးကြိမ်ခန့်နှိပ်နယ်ပေးသည်မလို့ နေထိုင်ရခက်ခဲတာတော့ မရှိ။
ကျန့်ရဲ့ဗိုက်လုံးလုံးလေးကို သံလွင်ဆီလေးဖြင့် ခပ်ဖွဖွပွတ်နေမိသည့်အချိန် သူ့လက်ကိုလာထိသည့် အရာတစ်ခု။ ကျန့်လည်းခံစားလိုက်မိ၍ သူ့ကိုဖျတ်ခနဲမော့ကြည့်ကာ ပါးစပ်ဟပြီး အံ့ဩနေတဲ့ကျန့်က ရှေ့သွားခပ်ကြီးကြီးလေးနှစ်ချောင်းက ထင်းလို့။
"မောင်. . .မောင် ခံစားလိုက်မိတယ်မလား"
"အင်း. . .ကျန့်"
"ဟော. . .လှုပ်ရှားလာပြန်ပြီ"
မောင်က ခုန်ပေါ်တွင်တင်ထားသည့် ဖုန်းကိုမြန်မြန်ယူကာ ဗိုက်ကိုတွန်းကန်လာသည့် ခြေဖဝါးရာလေးနှင့် လက်ဖဝါးရာကလေးကို ဓာတ်ပုံလှမ်းရိုက်၏။
"မျောက်လေးနှစ်ကောင်ကို ကြွားရမယ်"
"မောင်. . .သားလေးတွေကို ဘာလို့မျောက်လောင်း,မျောက်လောင်းနဲ့ခေါ်နေရတာလဲ၊ သားလေးတွေအရွယ်ရောက်တဲ့အချိန်ထိခေါ်ရင် ကြားကောင်းတာမှမဟုတ်တာ"
မျက်စောင်းလေးဝင့်ရင်း နှုတ်ခမ်းတစ်လန်ပန်းတစ်သံ ရန်တွေ့နေသည့်ကျန့်က ချစ်စရာအလွန်ကောင်းသည်။ စကားပြောလိုက်တိုင်း ချွန်ချွန်ထွက်လာသည့် နှုတ်ခမ်းပါးလေးက ပန်းဆီရောင်သမ်းကာ ဆွဲငုံပစ်ချင်စရာကောင်းလှသည်။
"ပြွတ်"
"မောင်!"
မနေနိုင်သည့်အဆုံး ဖျတ်ခနဲ လှမ်းနမ်းရှိုက်လိုက်တော့ ကျန့်နှုတ်ခမ်းပါးမှ အော်ဟစ်သံလေး ထွက်ကျလာ၏။
"ဘာလို့ ချစ်စရာကောင်းနေရတာလဲ ဟမ်"
"မွေးကတည်းကနေ ခုချိန်ထိ ချောမောလှပနေတဲ့သူဆိုတော့ မပြောပြတတ်ဘူးလေ"
"လိပ်ကောင်လေးပါလား"
"အောဟော်. . .ချောလို့ချောတယ်ပြောတာ လိပ်ဖြစ်ပြန်ရောလား"
"အင်း"
"လိပ်ဆိုရင်တောင် ရှိရှိသမျှလိပ်တွေထဲမှာ ကျန့်က အကြည့်ကောင်းဆုံးနဲ့အချောမောဆုံးသော လိပ်ပါနော်"
"ဟား. . .ဟား"
Confident level so highနေသည့် ကျန့်က တကယ်လည်း ချစ်စရာအကောင်းဆုံးပါပဲ။ သူရယ်လိုက်တော့ မျက်စောင်းလေးဝင့်ကာ ပြန်လှည့်သွားပြန်သည်။
ဒီအမူအရာလေးတွေက ဒီလူသားကို အရူးတစ်ပိုင်းဖြစ်စေတာ ကျန့် မသိလေရောသလား. . .
ဒီလူသားက စိတ်မထိန်းနိုင်ဘဲ ကြမ်းတမ်းမိသွားရင် ကိုယ်ကပဲ လူယုတ်မာဖြစ်ရပြန်ပြီ. . .
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan