Part-54

7.5K 554 47
                                    

အမုန်းတရား၏နောက်တော်ပါး Ep-54

Zawgyi

  ကိုယ်ဝန်သည် ကိုးလပြည့်တော့မည်ဖြစ်သောကြောင့် မီးမဖွားမီ တစ်ပတ်နှစ်ပတ်အကြာတွင် မွေးဖွားရန်လက္ခာဏာများဖြစ်ပေါ်လာသည်မလို့ အမြွှာနှစ်ယောက်ကို မာမီတို့အိမ်ပို့ကာ ကျန့်ကိုဆေးရုံတွင်သာ နေစေပြီး၊ သူကိုယ်တိုင် အနီးကပ်ပြုစုစောင့်ရှောက်သည်။
 
  ကျန့်ရဲ့ဗိုက်ကိုစမ်းကြည့်တော့
 
  သန္ဓေသားရဲ့ဦးခေါင်းသည် တင်ပါးဆုံအတွင်းသို့ စိုက်လာသည့်အခါ ပေါ့သွားသောခံစားမှု၊ ဒါမှမဟုတ် ကွက်တိစိုက်ဝင်သွားသော ခံစားချက်မျိုးသည် ပထမဆုံးသောလက္ခဏာတစ်ခု. . .
 
  ကလေး၏ဦးတိုက်အနေအထားသည် အရိုးကွင်းအတွင်း ကွက်တိစိုက်ဝင်လာခြင်းကြောင့် ဆီးအိမ်အပေါ်ဖိသဖြင့် မကြာခဏ ဆီးသွားချင်စိတ်ဖြစ်​ပေါ်တတ်သည်။
 
  Braxton Hicks contractionခေါ် ဗိုက်အတွင်းသည် ညှစ်ခြင်းများ ပို၍အကြိမ်များလာရသည်။ ပို၍ ညှစ်အားသန်လာနိုင်သည်။
 
  မီးမဖွားမီ တစ်ရက်နှစ်ရက်အလိုတွင် အင်္ဂါဇာတ်အတွင်းမှ အရည်များ ပိုထွက်တတ်၏။
 
  နောက်ဆုံးရက်သတ္တပတ်အလိုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ကိုယ်အလေးချိန်သည် အနည်းငယ်လျော့သွားပြီး၊ တချို့အမျိုးသမီးများသည် အိမ်ကို ပိုသန့်ရှင်းသန့်ရပ်အောင် ပြုလုပ်ချင်စိတ် ဖြစ်ပေါ်တတ်သည်။ တချို့အမျိုးသမီးများသည် နားနားနေနေ,နေလိုသော စိတ်မျိုးဖြစ်ပေါ်တတ်ကြသည်။
 
  သောကြာနေ့ မတ်လ ညဆယ်နာရီနှစ်ဆယ့်လေးမိနစ်ခန့်အချိန်တွင် ဗိုက်ထွေးထွေး,ထွေးထွေးနာနေကာ ရေမြွှာပေါက်သည့် ကျန့်ကြောင့် နှစ်ဖက်မိဘတွေကို ဖုန်းဆက်ပြီး လိုအပ်သည့်ပစ္စည်းများ ယူပေးခဲ့ဖို့ရန်ပင် မှာလိုက်၏။
 
  ကျန့်ကို သူကိုယ်တိုင် ဆေးရုံအဝတ်အစားများ လဲပေးပြီး၊ ကလေးရဲ့အနေအထားကို သိစေရန် စမ်းသပ်ကာ၊ ကလေးနှလုံးခုန်သံကို နားထောင်မိသည်။ ကျန့်ကို သွေးပေါင်ချိန်တိုင်းစေပြီး သွေးခုန်နှုန်းနှင့် ကိုယ်အပူချိန်တိုင်း၍ သားအိမ်ခေါင်းမည်မျှ ပွင့်လျက်ရှိပြီဖြစ်ကြောင်း အထဲသို့ နှိုက်ဝင်၍စမ်းသပ်လိုက်သည်။
 
  ဗိုက်နာပြီးလူးလိမ့်နေသည်ကျန့်ကို ကုတင်ပေါ်တွင်သာ လှဲခိုင်းနေစေသည်။ ညတွင်းကြီးဗိုက်နာနေသည့် ဆေးရုံအုပ်ကြီးရဲ့အမျိုးသားဖြစ်သူကြောင့် ကလေးသားဖွားအထူးကုပါရဂူကြီးများ၊ ဒေါက်တာများ၊ ဝမ်းဆွဲဆရာမများ အလုပ်ရှုပ်နေကြ၏။
 
  ဆေးရုံကော်ရစ်ဒါတစ်လျှောက် ပြေးလွှားနေကြသည့် ဒေါက်တာများက ဆေးရုံအုပ်ကြီးရဲ့အခန်းသို့ တွန်းလှည်းတွန်းကာ သွားနေကြသည်။
 
  ဆေးရုံအုပ်ကြီးရဲ့အမျိုးသားကို ကုတင်တွန်းလှည်းပေါ်တင်ပြီး ခွဲခန်းသို့ ရွှေ့ပြောင်းရ၏။ ဆေးရုံအုပ်ကြီးရဲ့အမျိုးသားက ဆေးရုံအုပ်ကြီးရဲ့ဆံပင်တွေကို အတင်းဆွဲကိုင်ထားသည်ကြောင့် ဆေးရုံအုပ်အစား သူတို့ရဲ့ခေါင်းတွေကြိမ်းလာရသည်။
 
  "အား!. . .နာတယ်. . .မားရေ"
 
  "အား!!!"
 
  "ခဏပဲ သည်းခံလိုက်ပါ ကျန့်ရယ်၊ မကြာခင် သက်သာသွားမှာပါ"
 
  "အာ့. . .နာလိုက်တာ. . .တော်ပြီ နောက်ထပ်ကလေးမရချင်တော့ဘူး၊ အား!. . .နောက်တစ်ခါ ကလေးရချင်တယ်လို့ ထပ်ပြောရင် ခင်ဗျားကိုယ်တိုင်ပဲ​မွေး အား!. . .မား"
 
  "အင်း. . .အင်းပါ နောက်တစ်ခါ ကလေးရချင်တယ်လို့ မောင်မပြောတော့ပါဘူး"
 
  ဝမ်ရီပေါ်တို့နှစ်ယောက်ရဲ့စကားတွေကြောင့် တွန်းလှည်းတွန်းနေကြသည့် ဒေါက်တာလေးတွေရဲ့မျက်နှာသည် ရယ်ချင်နေသည့်စိတ်ကို ထိန်းချုပ်ထားကြရသည့်ဟန်။
 
  ခွဲခန်းသို့ရောက်သည်နှင့် ရှောင်ကျန့်ကို မွေးဖွားရန်ကုတင်ပေါ်သို့ ပွေ့ချီလိုက်ပြီး ခွဲစိတ်ကုသရာတွင်ဝတ်ဆင်သည့် အဝတ်စားကို သူပါ အမြန်ဝတ်ဆင်လိုက်သည်။  ကလေးသားဖွားအထူးကုပါရဂူကြီးများသည် ရှောင်ကျန့်ကို ထုံဆေးပေးရန်တစ်ဖက်လှည့်ခိုင်း၏။
 
  "အား!. . .နာတယ်. . .မား"
 
  နာကျင်လွန်း၍အော်ဟစ်နေသည့် ကျန့်ရဲ့လက်ဖဝါးလေးတွေကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အားပေးစကားပြောနေမိသည်။
 
  ကျန့်ကို ဘယ်ဘက်တစောင်းအိပ်စေပြီး ဒူးကွေး၍ တစ်ကိုယ်လုံးဘောလုံးသကဲ့သို့ လုံးနေစရန် ခြေထောက်ကို တင်းကျပ်အောင်ဆွဲတင်ထား​ပေး၏။ ကျောဘက်ပိုင်းကို အရက်ပြန်နှင့်သုတ်သင်ပြီး ခါးကို ထုံဆေးအနည်းငယ်ထိုး၍ ကျောသို့ အပ်တစ်ချောင်းဖြင့် အပေါက်ဖြစ်အောင် ထိုးသွင်းလေသည်။ အပ်ကိုပြန်ဆွဲထုတ်၍ ထိုနေမှာပင် အခေါင်းပေါက်ပါသောအပ်ကို ထိုးသွင်းပြန်၏။
 
  Epidural spaceကွက်လပ်ကို စမ်းသပ်ရှာဖွေးပြီး အပ်အခေါင်းမှတစ်ဆင့် ပိုက်ချောင်းသေးသေးကို ထိုးသွင်းပြန်၏။ ထိုပိုက်မြဲနေစရန် ပလာစတာဖြင့် အရေပြားတွင်ကပ်ထားလိုက်သည်။ ထိုးဆေးထုံဆေးရည်သည် ပိုက်မှတစ်ဆင့် ပြွန်ဖြင့်ထိုးသွင်းပြီးနောက် အပေါက်ကို ပြန်၍ပလာစတာဖြင့်ပိတ်ထားပြန်၏။
 
  မိနစ်အနည်းငယ်အကြာတွင် ဆေးအာနိသင် စတင်ခံစားရပေမည်။
 
  Tranqiulliger (sparine phenergan) ဆေးကိုနည်းနည်းချင်းအသုံပြုပါက သားဖွားခြင်းအစောပိုင်းတွင် စိုးရိမ်ပူပန်ခြင်းကို လျော့နည်းစေပြီး၊ အော်ဂလီဆန်ခြင်းကို ထိန်းထားနိုင်ပြီး သွေးပေါင်ချိန်လျော့ချရတွင် အသုံးပြု၏။ ကလေးကိုအိပ်ပျော်မသွားစေဘဲ မိခင်၏စိတ်ပူပန်ခြင်းကို လျော့နည်းစေနိုင်လောက်သည်အထိ သုံးစွဲရမည့်ဆေးရဲ့အတိုင်းအတာသည် များရမည်။ များလွန်းသွားပြန်လျှင်လည်း မိခင်၏နှိုးကြားခြင်းကို လျော့နည်းစေပြီး၊ မူးယစ်ဆေးဝါးကို သားဖွားခြင်းနောက်ပိုင်းတွင် ထပ်မံပေါင်းစပ်၍ အသုံးပြုရ၏။
 
  Sedatives (Nembutal, Am-ytal, Seconal Valium)ဆေးကို အနည်းငယ်အသုံးပြုပါက စိတ်ပူပန်ခြင်းကိုလျော့နည်းစေပြီး ထိုင်းမှိုင်းစေ၏။ သားဖွားခြင်းအစပိုင်းတွင် အိပ်ပျော်စေရန်ပြုလုပ်ပေးပြီး၊ Valiumဆေးသည် သတိရ,ရမည့်အကြောင်းအရာများ မေ့လျော့သွားတတ်သည်။ မိခင်ရဲ့လန်းဆန်းနှိုးကြားခြင်းကို လျော့စေနိုင်ပြီး(1-5)မိနစ်အတွင်းတွင် အချင်းကိုဖြတ်ပြီး သန္ဓေသားထံရောက်ရှိသွားစေနိုင်သည်။ ကလေးငယ်အား အိပ်ပျော်စေနိုင်သော အာနိသင်သည် မွေးပြီးတစ်ပတ်ကျော်ထိ ကြာညောင်းတတ်သည်။
 
  Narcotics(မူးယစ်ဆေးဝါးများ) (Morphine, pethid-ine) အိပ်ပျော်စေနိုင်သည့် စိတ်ပူပန်ခြင်းကို လျော့စေနိုင်သည့် သားဖွားခြင်းပထမအဆင့်တွင် နာကျင်ခြင်းကို သက်သာစေ၏။ အာရုံခံစားမှုကိုလျော့နည်းစေပြီး မွေးဖွားခြင်းကို အချိန်ကြာစေသည်။ အချင်းကို(5)မိနစ်အတွင်း ဖြတ်သွားနိုင်၍ မွေးပြီးသောအခါ ကလေးငယ်ကို အသက်ကောင်းကောင်းရှူစေနိုင်သည်။ နို့စို့ခြင်းသည် အားမသန်ဖြစ်တတ်၏။ မိခင်အား ပျို့အန်ခြင်း ဖြစ်ပေါ်စေတတ်သည်။
 
  Inhalation analge-sia (အနာသက်သာသည့် ဓာတ်ငွေ့ဆေး) (Entonox,trilene)ဆေးသည် နာကျင်ခြင်းကို သက်သာစေပြီး၊ များများရှူမိပါက ထိုင်းမှိုင်းမူးဝေစေသည်။ (Trilene) နိုးကြားခြင်းကို လျော့နည်းစေသော်လည်း ထိုဓာတ်ငွေ့သွေးထဲ၌ ကုန်သွားသည်နှင့် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ထိုဓာတ်ငွေ့ရှူသွင်းနေချိန် ဦးခေါင်းပေါ့ပါးစေပြီး၊ သန္ဓေသားတွင် ဘယ်အာနိသင်မှ မရှိ။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now