Part-19

17.5K 1.4K 73
                                    

အမုန်းတရား၏နောက်တော်ပါး Ep-19

Zawgyi

ကျူးလီရန် ဦးနှောက်ခြောက်အောင် စဉ်းစားရသည်။

ဂျူနီယာနှင့် သွားတွေ့သင့်၊ မတွေ့သင့်။

ဂျူနီယာ ဖုန်းဆက်ပုံကလည်းကြည့်ဦး. . .

"နင့်ကို ငါ့အမျိုးသားက တွေ့ချင်တယ်တဲ့၊ နင့်ကို ပြောစရာတွေရှိနေတယ်၊ သူ့ဆီ မသွားခင် ငါ့ရုံးခန်းကို နင် အရင်လာခဲ့ဦးနော်"

"အေး. . .ဘယ်တော့လဲ"

"နင်အားတဲ့အချိန်ပေါ့"

"ငါအားတဲ့အချိန် နင်မအားရင်ကော"

"ခုထမင်းစားချိန် ငါအားနေတယ်"

"ကောင်းပြီလေ"

ကျူးလီရန် ဖုန်းချလိုက်ပြီးသည်နှင့် ဦးနှောက်ခြောက်အောင် စဉ်းစားရသည်။

Wangဆေးရုံအုပ်ကြီးရုံးခန်း၌ ဆေးရုံအုပ်ကြီးကို သွားတွေ့သင့်ခြင်းကို ထိုဆေးရုံ၌ ဆေးရုံတက်ကုသခံယူနေသော ဆေးရုံအုပ်ကြီးအမျိုးသားက မသိဘဲနေမည်လား။

ဘာပဲဖြစ်ဖြစ် ကိုယ့်ဘက်က မှန်ကန်နေသည်ပဲ ဘာမှကြောက်စရာ မလိုဘူးဟု ကျူးလီရန် ဆုံးဖြတ်ပြီး၊ ကားထုတ်ကာ ချက်ချင်းပင် Wangဆေးရုံသို့ ထွက်ခဲ့သည်။

ဆေးရုံအုပ်ကြီးရုံးခန်းသို့ တန်းသွားလိုက်၏။ ရုံးခန်းသို့ ဝင်ခွင့်မရသေး။ နာ့ပ်(စ်)မလေးက အတွင်းသို့ခွင့်တောင်းသေးသည်။ "ဝင်နိုင်ပါပြီရှင်" ဆိုမှ ဝင်ရ၏။

ရုံးခန်းအတွင်းရောက်တော့ ဆုံလည်ကုလားထိုင်ခုံပေါ်မှ ဂျူနီယာက ထလာပြီး ဆိုဖာသို့ ညွှန်ကာ. . .

"ထိုင် မိန်မိန်၊ ချင်းလီလီ ​ကော်ဖီနှစ်ခွက် ယူခဲ့ပေးပါ"

သူ့အားပြောရင်း တစ်ဆက်တည်းInter Callနှင့် ပြင်ပသို့ လှမ်းပြောလိုက်၏။

"မနေ့ညကျန့်က ငါ့ကို ကွာရှင်းခွင့်တောင်းတယ်"

ကျူးလီရန် မျက်လုံးပြူးသွား၏။

"နင် ပေးလိုက်ပြီလား"

"မပေးပါဘူး"

ထိုအခါမှ သက်ပြင်းချလိုက်ပြီး. . .

အမုန်းတရား၏နောက်တော်ပါး [Completed]Donde viven las historias. Descúbrelo ahora