အမုန်းတရား၏နောက်တော်ပါး Ep-52
Zawgyi
ရှောင်ကျန့်ရဲ့ကိုယ်ဝန်က အခုဆိုလျှင် ခုနစ်လထဲရှိနေလေပြီ။ ဗိုက်ကလည်း တစ်လထက်တစ်လ ပိုဖောင်းလာပြီး ခြေထောက်တွေကဖောရောင်လာကာ အကြောတွေတင်းလာပြီး လမ်းလျှောက်ရတာပင် ခက်ခဲလာ၏။
အကြောတွေတင်းလာသည့်အချိန်ဆိုလျှင် ရီပေါ်က ရှောင်ကျန့်ရဲ့ခြေသလုံး၊ ခြေဖဝါးတွေကို နှိပ်ပေးသည်။ အပေါ်ယံအရေပြားတွေမှာရှိတဲ့ အာရုံကြောငယ်တွေကို နှိုးဆွပေးရာရောက်သည့်အတွက် သွေးလည်ပတ်မှု ပိုမိုကောင်းမွန်လာပြီး၊ ကြွက်သားတွေ ညောင်းညာတောင့်တင်းနေမှုက သက်သာစေပြီး၊ နေရထိုင်ရတာလည်း ပေါ့ပါးလန်းဆန်းလာ၏။
ရီပေါ်က ရှောင်ကျန့်ရဲ့တစ်ကိုယ်လုံးကို သံလွင်ဆီတို့လို အသားအရေနူးညံ့သွားစေမယ့် သဘာဝအဆီလေးတွေကို လက်ချောင်းတွေအပါအဝင် တစ်ကိုယ်လုံးနေရာအနှံ့ လိမ်းပေး၏။ အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေး၏။ နှိပ်ပေးသည့်အချိန်သည် အသားအရေပျော့ပျောင်းနေချိန်မှာဖြစ်သည့်အတွက် ပိုမိုထိရောက်လေသည်။
ဗိုက်၊ တင်ပါးဆုံ၊ ပေါင်တို့ကို အသာအယာပွတ်ပေးပြီး၊ ရင်သားတစ်ခုလုံးကို နို့သီးခေါင်းထိပ်ထိအောင် တစ်ပတ်လည်အနှံ့ ညင်ညင်သာသာ နှိပ်နယ်ပေး၏။
ယားယံတာ၊ ထုံကျဉ်တာတွေပျောက်ကင်းရအောင် ရီပေါ်က ပိုးသားဂွမ်းဖတ်၊ ငှက်မွေးတို့လို နူးနူးညံ့ညံ့အရာလေးတွေနဲ့ပွတ်ပေး၏။ ခပ်အုပ်အုပ်ဆံပင်လေးတွေကို မနူးညံ့လွန်းသည့်ဘီးလေးဖြင့် ညင်ညင်သာသာဖီးပေးသောကြောင့် စိတ်ရှုပ်မှုတွေပျောက်ကင်းပြီး စိတ်ချမ်းသာမှုတွေသာ ရရှိနေတော့သည်။
"ကျန့်"
"ဟင်"
"ခြံထဲလမ်းဆင်းလျှောက်ရအောင်"
"အင်း"
ဆိုဖာပေါ်ထိုင်နေသည့်ကျန့်ကို ကူတွဲပေးပြီး ခြံထဲဆင်းခဲ့တော့ ကလေးနှစ်ယောက်က ခြံထဲဆော့နေကြ၏။ ဆောင်းဝင်စမလို့ နှင်းဖွဲလေးတွေကျကာ ချမ်းစိမ့်စိမ့်လေးဖြင့် နေထိုင်ကောင်း၏။ အဖြူရောင်မွေးပွအင်္ကျီထူထူကြီးတွေကို ဝတ်ဆင်ထားပြီး၊ ယုန်နားရွက်ပါသောဦးထုပ်လေးတွေကို ဆောင်းထားသည့် ကလေးနှစ်ယောက်က နှင်းဖွဲလေးတွေကို လိုက်ဖမ်းနေကြသောကြောင့် ယုန်ဖြူလုံးလေးတွေနှင့်ပင် တူလှသည်။
မျက်နှာပေါ်၌ အပြုံးတွေဝေဆာပြီး ပျော်ရွှင်နေကြတဲ့ကလေးနှစ်ယောက်က သူတို့ရောက်နေသည်ကိုပင်မသိ။ နှင်းဖွဲလေးတွေလက်မှာကပ်နေသည်ကိုကြည့်ပြီး တခစ်ခစ်ရယ်မောနေကြသောကြောင့် သူတို့နှစ်ယောက်ထံပင် အပျော်တွေကူးစက်လာရသည်။
သားလေးတွေက ခုလိုနှင်းကျချိန်ဆို အရမ်းသဘောကျကြတာ. . .
"ရီကျန့်. . .ရီရှောင်"
"ဒက်ဒီ ပါပါး"
ပေါက်ဆီလုံးလေးတွေပမာဖြစ်နေကြသည့်ကလေးနှစ်ယောက်က သူတို့အနားကို ခြေပုတိုလေးတွေဖြင့်ပြေးလာကြပြီး လာဖက်ကြ၏။ ရီပေါ်က ကလေးတွေနှင့်အရပ်တစ်ပြေးညီဖြစ်အောင် ထိုင်လိုက်ပြီး ပါးဖောင်းဖောင်းလေးတွေကို ခပ်ဖွဖွညှစ်လိုက်တော့ ဖြူဖွေးပြီးပန်းရောင်သမ်းနေတဲ့ အသားနုနုလေးတွေက ချက်ချင်းရဲတက်လာသည်။
"မင်းတို့တွေ အရမ်းအဆော့သန်ပါလား ဟမ်"
"ခစ်ခစ်"
"ခစ်ခစ်. . .ခစ်ခစ်"
ငါးနှစ်အရွယ် ခြောက်နှစ်ဝင်စအရွယ်တွေမလို့ ရှေ့သွားလေးတွေသာ ရှိကြတော့သည်။ တစ်ချို့ကလေးတွေဆိုလျှင် ပိုးစားပြီးမညီမညာသွားလေးတွေသာ ရှိတော့မည်။ အမြွှာနှစ်ယောက်ကတော့ ထိုသို့မဟုတ်။ ဖခင်ဖြစ်သူဝမ်ရီပေါ်က ကလေးအထူးကုဖြစ်သောကြောင့် သွားပိုးမစားအောင် ဂရုစိုက်ပေးသည်။
"မောင်. . .ကလေးနှစ်ယောက်ကို ထမင်းစားခန်းထဲခေါ်သွားတော့"
"ကျန့်ကိုမောင်တွဲကူပေးမယ်"
"ကလေးနှစ်ယောက်ကိုသာ ခေါ်သွားပါမောင်ရယ်. . .ကျန့်ကိုယ့်ဘာသာ လျှောက်နိုင်ပါတယ်"
"သားသားလေးတို့ ကစားချင်သေးတယ် ဗိုက်ဆာသေးဘူးရယ်"
"ပါပါး သားသားလေးတို့အိမ်ထဲ ဝင်ချင်သေးဘူးလို့"
"မဆိုးရဘူး. . .မနက်စာစားပြီးမှ ခြံထဲဆင်းဆော့၊ အခုကနှင်းဖွဲတွေက နှာစေးမိမယ်၊ ပါပါးပြောတာ ကြားလား"
"ပါပါးကို မခေါ်ဘူး. . .အင့်"
"သားသားလေးတို့ကစားချင်သေးတာကို. . .အီး. . .ပါပါးက. . .အင့်. . .တားတယ်"
"ခဏနေပြန်ကစားလို့ ပါပါးပြောနေတယ်လေ"
"သားသားလေးတို့က အခုကစားချင်တာ. . .ရွှတ်"
"မဆိုးစမ်းနဲ့ကွယ်. . .သားသားလေးတို့ နှင်းဖွဲတွေနဲ့ကစားချင်မှန်း ပါပါးသိတယ်၊ ဒါပေမဲ့ နှင်းဖွဲထဲမှာကြာကြာနေရင် နေမကောင်းဖြစ်မှာစိုးလို့ ပါပါးသတိပေးနေရတာလေ"
"အီးဟီး. . .ပါပါးကို မုန်းတယ်"
"ဟင်"
သူတို့ကိုပင်မစောင့် ငိုယိုပြီး နှုတ်ခမ်းကြီးတွေစူထော်၍ အိမ်ထဲပြေးဝင်သွားကြသည့်ကလေးနှစ်ယောက်ကိုကြည့်ပြီး သက်ပြင်းမောချရသည်။ မျက်ဝန်းမှမျက်ရည်စတို့က မြေပြင်ပေါ်မကျခင်မှာပဲ မောင်က လက်ဖဝါးဖြင့်ဖမ်းယူလိုက်ပြီး၊ မျက်ရည်စတွေသုတ်ပေးကာ ရင်ခွင်ထဲဆွဲသွင်းတာခံလိုက်ရသည်။
သုံး,လေး,ငါးနှစ်ကလေးတစ်ယောက်အရွယ်ဟာ ရှုပ်ထွေးပွေလီလှတဲ့ သူတို့ရဲ့ကမ္ဘာလောကကြီးကို နားလည်သဘောပေါက်ဖို့ လုံလောက်တဲ့ အတွေ့အကြုံတွေ ရရှိခဲ့လေပြီ။
လသားအရွယ်တုန်းက ခြေလှမ်း,လှမ်းရင်ပဲ လဲကျတော့မလို အန္တရာယ်ရှိနေတဲ့ ကလေးတွေဟာ အခုချိန်မှာတော့ သူတို့အကူအညီမလိုပဲ ပြေးလွှားနေကြပြီ။ တော်ရုံတန်ရုံမြင့်တဲ့အမြင့်ပေါ်တွေကနေ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ ကျွမ်းကျင်စွာတွယ်တက်တတ်ပြီး၊ နောက်ပြန်တွေလည်း သွားတတ်နေပြီ။ အခန်းထောင့်တွေကို ပြေးသွားပြီး ရုတ်တရက် ပြန်လည်ချိုးကွေ့တတ်လာပြီး၊ ဆတ်ခနဲ ရပ်တတ်လာပြီ။ ခြေထောက်တစ်ချက်တည်းနဲ့ ရပ်တတ်ပြီး ခုန်ဆွခုန်ဆွတွေလည်း လုပ်တတ်လာကြပြီ။
မုန်းတယ်ဆိုတဲ့စကားတွေကိုလည်း သိနားလည်ပြီး ပြောတတ်လာကြပြီ။
ပါပါးကို မုန်းတယ်ဆိုတဲ့စကားမပြောကြပါနဲ့ ပါပါးမခံစားနိုင်လို့ပါ၊ ကိုယ့်ဝမ်းနဲ့လွယ်ပြီး မွေးထုတ်ထားရတဲ့ရင်သွေးတွေရဲ့နှုတ်ဖျားက ထွက်ကျလာတဲ့စကားလုံးတွေထဲမှာ မုန်းတယ်ဆိုတဲ့စကား ပါပါး ရင်အနာရဆုံးပဲ. . . ရင်အနားရဆုံးပဲ
ပါပါးရဲ့စေတနာတွေက ဝေဒနာဖြစ်ခဲ့ရပြီပေါ့ ဟင်. . .
ချစ်တယ်ဆိုတဲ့စကားကိုပဲ ရေရွတ်ပြောဆိုတတ်တဲ့သားလေးတွေက ခုဆို မုန်းတယ်ဆိုတဲ့စကားတစ်ခွန်း ရေရွတ်တတ်လာပြီ. . .
"အင့်. . .ဒီနားကအရမ်းနာတယ်"
ဘယ်ဘက်ရင်ဘတ်ကိုထု၍ ရှိုက်ကြီးတငင်ငိုနေသော ကျန့်ကြောင့် သူကိုယ်တိုင်ပင် ရင်ထဲဆို့နင့်နာကျင်ရသည်။ ကလေးသာသာစကားလေးတွေမလို့ ပါးစပ်ထဲရှိရာလျှောက်ပြောတတ်ကြပေမယ့် ကိုယ်ဝန်ဆောင်တဖြစ် စိတ်ခံစားချက်အတက်အကျဖြစ်နေတတ်တဲ့အချိန်မှာ ကိုယ့်ရင်သွေးတွေရဲ့နှုတ်ဖျားက ခုလိုဖွင့်ကျလာတာကို ခံနိုင်ရည်မရှိနိုင်။
သူ့ရဲ့မျက်ရည်တွေကို ကပျာကယာသုတ်ပြီး ကျန့်ရဲ့လက်မောင်းလေးကိုခပ်ဖွဖွပုတ်ကာ ကျောပြင်အား ပွတ်သပ်ပေးနေသော်လည်း ငိုသံတွေကမစဲ။
"သားလေးတွေက ကျန့်ကို မုန်းတယ်တဲ့. . .အင့်"
"ပါးစပ်ထဲရှိရာလျှောက်ပြောတာပါ ကျန့်ရယ်၊ သားလေးတွေက ကျန့်ကိုအရမ်းချစ်တာ မောင်အသိပဲ၊ မငိုနဲ့တော့နော်"
"မ. . .မဟုတ်ဘူး၊ ခဏကသူတို့ကြည့်တဲ့အကြည့်တွေထဲမှာ ကျန့်ကို. . .အင့်. . .မုန်းတဲ့အရိပ်အယောင်တွေ. . .အီးဟီး. . .ရွှတ်. . .မြင်လိုက်ရတယ်"
"ကျန့်. . .မောင့်ကိုကြည့်"
မျက်ဝန်းအိမ်၌ မျက်ရည်စတွေတွဲခိုနေပြီး တရှုံ့ရှုံ့ငိုနေသော ကျန့်ကိုကြည့်၍ ရင်တွေပေါက်ထွက်မတတ် နာကျင်ရသည်။ သွေးနုသားနုနဲ့မလို့ စိတ်ခံစားချက်အပြောင်းအလဲတွေ ဖြစ်ပေါ်တတ်သည်။
"မငိုနဲ့တော့နော် မျက်လုံးတွေနာနေလိမ့်မယ်၊ ပြီးတော့ ဗိုက်ထဲက,ကလေးအတွက်လည်း မကောင်းဘူး"
"ရွှတ်"
နဖူးမှဆံစလေးတွေကို ဖယ်ပေးပြီး နဖူးပြေပြေလေးအား နမ်းရှိုက်ပြီး အိမ်ထဲသို့ ပွေ့ချီခေါ်ခဲ့၏။ ခုနှစ်လထဲဝင်ပြီဖြစ်တဲ့ဗိုက်နှင့်မလို့ ကျန်ရဲ့ခန္ဓာကိုယ်က အရင်လိုပေါ့ပါးမနေတော့။ အငိုလွန်ကာ သူ့လက်ပေါ်မှာတင် အိပ်ပျော်သွားသည့်ကျန့်ကို အပေါ်ထပ်အိပ်ခန်းမှ ကုတင်ပေါ်ချပေးပြီး ကလေးနှစ်ယောက်ရှိရာ လာခဲ့သည်။
နောက်နေ့ကစပြီး လှေကားအတက်အဆင်းမလုပ်ရအောင် အောက်ထပ်အိပ်ခန်းသို့ ပြောင်းရွှေ့ဖို့ရန်ပင် စိတ်ကူးထားသည်။
ကလေးနှစ်ယောက် ဆော့ကစားရန်ပြင်ဆင်ထားပေးသည့် အခန်းထဲ Legoအပိုင်းအစတွေဖြင့် အလုပ်ရှုပ်နေကြတဲ့မျောက်လောင်းနှစ်ကောင်က သူ့ကိုတစ်ချက်သာကြည့်ပြီး Legoဆက်နေကြပြန်သည်။ မျောက်လောင်းနှစ်ကောင်ရှေ့တွင် ထိုင်ချလိုက်ပြီး Legoဆက်ရန် ကူညီပေးလိုက်၏။
"ပါပါးကို စိတ်ကောက်နေကြတုန်းလား"
တိတ်ဆိတ်မှုကို သူ့ဘက်ကစပြီး ဖြိုခွင်းကာ မျောက်လောင်းနှစ်ကောင်အား အကဲခတ်ကြည့်လိုက်တော့ သူ့ကို ဂရုပင်မစိုက်။
""ပါပါး. . .ငိုနေတယ်"
ဒီတစ်ခါတော့ သူ့ကို မသိမသာကြည့်လာကြသည်။
"ဘာလို့. . .ပါပါးကို မုန်းတယ်လို့ပြောကြရတာလဲ"
". . . . ."
". . . . ."
"ပါပါးကအရမ်းချစ်တာကို သားသားလေးတို့က အဲဒီလိုပြောလိုက်တော့ ပါပါးဘယ်လောက်ခံစားရမလဲဆိုတာ သိကြရဲ့လား"
နဂိုပုံမှန်လေသံဖြင့်သာ ပြောဆို၏။ လေသံမာမာဖြင့်ဆုံးမသည်ထက် လေသံပြေပြေနဲ့ ဆုံးမလျှင် ပိုပြီးထိရောက်ပေလိမ့်မည်။ ကလေးနှစ်ယောက်က တရွေ့ရွေ့တိုးလာပြီး သူ့ရင်ခွဲထဲဝင်ကာ လည်ပင်ကိုးသိုင်းဖက်လာကြ၏။
"သားသားလေးတို့ကို ပါပါးကိုယ်တိုင် အပင်ပန်းခံပြီး ဝမ်းနဲ့လွယ်မွေးခဲ့တာ သားသားလေးတို့သိတယ်မလား"
"ဟုတ်"
"ကိုယ့်ဝမ်းနဲ့လွယ်ပြီးမွေးခဲ့ရတဲ့ ရင်သွေးရဲ့နှုတ်ဖျားက မုန်းတယ်လို့ပြောရင် မနာကျင်ပဲနေမလား၊ သားသားလေးတို့ကိုရော ပါပါးက မုန်းတယ်လို့ပြောရင် ဟောဒီရင်ဘတ်ကမနာပဲ နေမလားဟင်. . ."
"အင့်. . .ရွှတ်. . .ပါ. . .ပါပါးကို သားသားလေးတို့ တောင်းပန်ပါတယ်၊ သားသားလေးတို့ကို မမုန်းပါနဲ့. . .အီးဟီးဟီး"
"နောက်တစ်ခါ မပြောတော့ပါဘူး. . .အီး. . .ဒီတစ်ခါ ပထမဆုံးနဲ့နောက်ဆုံး. . .အင့်. . .မ. . .မလို့ သားသားလေးတို့ကို ခွင့်. . .ခွင့်လွတ်ပါ. . .ရွှတ်"
"ဒါဆို သားသားလေးတို့ မှားတယ်၊ အပြစ်ရှိတယ်ဆိုတာ လက်ခံလား"
"ဟုတ်. . .ရွှတ်. . .သားသားလေးတို့ မှားမှန်းသိပါပြီ၊ အပြစ်လဲရှိပါတယ်"
"မှားမှန်းသိရင် ဘာလုပ်ရမလဲ"
"တောင်း. . .အင့်. . .တောင်းပန်ရပါမယ်"
"ဘယ်သူ့ကိုလဲ"
"ပါ. . .ပါပါးကို. . .ရွှတ်"
"အပြစ်လုပ်ထားတဲ့အတွက် ဒက်ဒီက ဘာအပြစ်ပေးရမလဲ"
"ကြိုက်. . .ကြိုက်တဲ့အပြစ်ပေးပါ၊ ခံယူပါ့မယ်"
"ဟုတ်ပြီ. . .ပါပါးအိပ်ရာနိုးရင် တောင်းပန်ကြ"
"ဟုတ်ကဲ့. . .ဒက်ဒီ"
"အင်း. . .လိမ္မာတယ်"
ဆံပင်လေးတွေကို လက်နဲ့ဖွပေးလိုက်ပြီး ပွေ့ချီကာ သူ့ပေါင်ပေါ်ထိုင်ခိုင်းစေလိုက်သည်။ Legoအပိုင်းဆက်လေးတွေ ဆက်တာမှားလျှင် ဝိုင်းကူဆက်ပေးပြီး သင်ပြပေးမိ၏။
"မနက်စာရော စားပြီးပြီလား"
"နွားနို့နဲ့မုန့် စားပြီးပြီ"
"အင်း. . .ဖက်တီးပုတ်လေးတွေ"
အချိန်အတော်လင့်အောင် ကစားကူပြီး တစ်ဖက်အခန်းသို့ ကူးခဲ့တော့ ကျန့်ကအိပ်ပျော်နေတုန်းပင်။ မနက်စာမစားရသေးတဲ့ကျန့်ကြောင့် နွားနို့နှင့် အာလူးတစ်လုံးကိုဖုတ်၍ အခွံနွှာကာ အိပ်ခန်းထဲသို့ပင် ယူဆောင်ခဲ့လိုက်သည်။
အာလူးကို လူအများစုက တန်ဖိုးလျှော့တွက်ကြသော်လည်း အာလူးသည် အာဟာရဓာတ်အလွန်ကောင်းမွန်၏။ အာလူးတစ်လုံးတွင် ပရိုတင်းဓာတ်သုံးဆယ့်ရှစ်ဂရမ် ပါဝင်ပြီး၊ ထို့ပြင် ကယ်လ်စီယမ်၊ သံဓာတ်၊ သိုင်ယာမင်၊ ရစ်ဘိုဖလက်ဗစ်နှင့် ဒိုင်ယာစင်ဓာတ်များအပြင်၊ ပန်းသီးတစ်လုံးထက် ဗိုက်တာမင်ဒီဓာတ် ခုနစ်ဆပါဝင်၏။
ကယ်လိုရီများများပါဝင်ချင်သောကြောင့် အာလူးကိုမကြော်တော့ပဲ မီးဖုတ်ခဲ့လိုက်သည်။ မီးဖုတ်ခြင်း၊ ပြုတ်ခြင်း၊ ထောင်းချေခြင်းတို့ တစ်ခုမဟုတ်တစ်ခုပြုလုပ်လျှင် ဒေါ်ကုအား အခွံကိုအရာနွှာပြီး မပြုတ်မဖုတ်ခိုင်းမိ။ အခွံအရင်နွှာလိုက်လျှင် အမျှင်အမြောက်အပြား၊ ပရိုတင်းဓာတ်အားလုံးနီးပါး၊ ဗီတာမင်အမြောက်အမြားနှင့် သံဓာတ်တစ်ဝက်မျှ ဆုံးသွားတတ်သည်။
နွားနို့သည် ဈေးနှုန်းလည်းသင့်တော်ကာ ပရိုတင်းဓာတ် အာဟာရကိုပေး၏။ ထို့ပြင် ကယ်လ်စီယမ်၊ ဗိုက်တာမင်အေတို့ကိုလည်း ရရှိစေသည်။ နို့တွင်ရှိသောမလိုင်သည် ကယ်လ်လိုရီဓာတ် အားလုံးတစ်ဝက်ပါရှိသောကြောင့် မလိုင်နည်းတာ ဒါမှမဟုတ် မလိုင်ထုတ်ထားသောနွားနို့ သောက်သုံးရန် ပိုမိုသင့်တော်သည်။
နွားနို့ကို မကြိုက်နှစ်သည့်သူဆိုလျှင် လူး၊ ဆပ်၊ ကြက်ဥနို့ပေါင်း၊ စွပ်ပြုတ်တို့ဖြင့် ရောပြီးသုံးဆောင်ပေးသင့်၏။
ကျန့်က နွားနို့ကြိုက်သည်မလို့ နွားနို့နှင့်အာလူးဖုတ်သာ ပြင်ဆင်ခဲ့လိုက်သည်။ အိပ်ခန်းအရှေ့အရောက် တံခါးဖွင့်မည်အပြု အိပ်ခန်းအတွင်းတွင် စကားပြောသံတွေ တစ်စွန်းတစ်စ ကြားနေရ၏။ အခန်းတံခါးကိုအသာလှပ်ပြီး ထိုသားအဖတတွေကို ချောင်းကြည့်ကာ နားစွင့်မိသည်။
"သားသားလေးတို့ တောင်းပန်ပါတယ်"
"သားသားလေးတို့ အဲလိုမပြောသင့်ဘူး၊ မှားပါတယ်"
"ပါပါးမျက်ရည်ကျအောင်၊ ဝမ်းနည်းအောင် သားသားလေးတို့ လုပ်မိပါတယ်၊ ပါပါးကြိုက်တဲ့အပစ်ပေးပါ သားသားလေးတို့ ခံယူပါ့မယ်"
"ပါပါးမငိုပါနဲ့"
ခေါင်းငုံ့ပြီး အသံတိတ်မျက်ရည်ကျနေသည့် ကျန့်ကို သူတို့လက်ဖဝါးသေးသေးလေးတွေင်ဖြင့် ခပ်ဖွဖွသုတ်ပေးနေကြသည်။ ကျန့်ကိုသာ မျက်ရည်တွေသုတ်ပေးနေကြသော်လည်း သူတို့ရဲ့ပေါက်ဆီလုံးလေးတဖွယ် ဖောင်းအစ်နေသည့် ပါးပြင်လေးတွေပေါ်၌ မျက်ရည်စတွေ စီးကျနေသည်။
"ပါပါး သားသားလေးတို့ တောင်းပန်ပါတယ် ရွှတ်"
"ပါပါးက ခွင့်လွှတ်တာမလို့ မငိုရဘူးနော်"
"ဟုတ်ကဲ့ အင့်"
"ပါပါး ပုံပြင်ပြောပြပါလားဟင်"
"သားသားလေးတို့က နားထောင်ချင်လို့လား"
"ဟုတ်. . .ရွှတ်"
"သားသားလေးတို့နားထောင်ချင်ရင် ပါပါးက ပြောပြမှာပေါ့"
စားပွဲပေါ်တင်ထားသည့် ပုံပြင်စာအုပ်လေးကို လှမ်းယူပြီး သူ့ကိုပေးလာ၏။ ငါးနှစ်ကျော်ခြောက်နှစ်အရွယ်ကလေးတွေဟာ မိဘတွေနှင့်အတူ ပုံပြင်၊ ကျောင်းစာ အစရှိတဲ့စာအုပ်တွေကို အတူဖတ်ချင်ကြသည်။ သူတို့သိတဲ့ပုံပြင်လေးတွေ သူတို့သိထားတဲ့အကြောင်းအရာတွေကို ကလေးတွေကိုပြောပြခိုင်းပြီး နားထောင်ပေးကြသင့်သည်။
နားထောင်သိရှိပြီးသားပုံပြင်တွေဖြစ်သော်လည်း သူတို့ပါပါးပြောပြနေသည်ကို သေချာဂရုစိုက်နားထောင်နေကြသော ကလေးနှစ်ယောက်ကြောင့် ပြုံးမိရပြန်သည်။
အခုလိုအချိန်တွေဆိုပြန်ရင်လည်း ချစ်ဖို့ကောင်းလိုက်ကြတာ. . .
ရီပေါ် တံခါးဖွင့်ပြီး လက်ထဲမှဗန်းကို စားပွဲပေါ်တင်ကာ ကုတင်ပေါ် တင်ပါးလွှဲထိုင်လိုက်၏။ ခြေဆင်းထိုင်နေသည့်ကျန့်ရဲ့ခြေသလုံးလေးတွေကို နှိပ်နယ်ပေးရင်း ကလေးတွေကိုပြောပြနေသည့် ပုံပြင်လေးကို နားထောင်နေမိသည်။
ပုံပြင်နားထောင်ရင်း ကျန့်ရဲ့လက်မောင်းတွေပေါ် ခေါင်းမှီတင်၍ အိပ်ပျော်သွားသော ကလေးနှစ်ယောက်အား ခေါင်းအုံးပေါ်အသာအယာချ၍ ကျန့်ကိုပွေ့ချီပြီး ဆိုဖာပေါ်ချကာ နွေးနေသည့်နွားနို့နှင့် အာလူးဖုတ်ကို စားစေသည်။
စားသောက်ပြီး နှုတ်ခမ်းပေါ်ပေကျံနေသည့် အာလူးအပိုင်းအစလေးတွေကို လက်နဲ့ဖယ်ရှားလိုက်ပြီး၊ လက်ကိုင်ပုဝါလေးဖြင့် ခပ်ဖွဖွသုတ်ပေး၏။
"မောင်"
"ဟင်"
အိပ်ရာထစဖြစ်၍ မဖြီးသင်ရသေးသည့် ဆံပင်ခပ်အုပ်အုပ်လေးကို လက်ချောင်းလေးတွေဖြင့် ဖြီးသပ်ချပေးနေရင်း အသံပြုလိုက်၏။ ပြီးနောက် ကလေးတွေလက်လှမ်းမမှီအောင် တင်ထားသည့် ဆေးပုလင်းတွေထဲမှအနက် သံလွင်ဆီပုလင်းကိုယူပြီး ကျန့်ရဲ့နံဘေး ဝင်ထိုင်လိုက်သည်။
"သားသားလေးတွေက ကျန့်ကို တောင်းပန်တယ်"
"အင်း"
"သားလေးတွေက လိမ္မာပါတယ်"
"အင်း"
ကျန့်ရဲ့အင်္ကျီလေးကို ရင်ဘတ်အထိဆွဲတင်ပြီး ပူလုံးနေသည့်ဗိုက်ကလေးကို သံလွင်ဆီဖြင့် ခပ်ဖွဖွပွတ်ပေး၏။ သံလွင်ဆီမလိမ်းခင် ပြတ်ထွက်နေကြသည့်အကြောလေးတွေက ခုတော့ ပင်ကိုယ်အတိုင်း ပြန်ဖြစ်နေလေပြီ။
"ဒီဗိုက်ထဲက ပုစိလေးရော ဘယ်လိုလာဦးမလဲမသိဘူး"
"သူ့ကောကောတွေနဲ့တူရင် မောင်တော့ ရှိရှိသမျှအမွေးတွေပြောင်လောက်တယ်၊ ခုတောင် ဒီမျောက်လောင်းနှစ်ကောင်ကို မနည်းထိန်းနေရတာ"
"အဟင်း. . .ဟင်းဟင်း"
သဘောကျစွာရယ်နေသည့် ကျန့်ရဲ့နှုတ်ခမ်းပါးလေးကို ဖျတ်ခနဲ ခပ်ဖွဖွနမ်းရှိုက်၏။
"ဘာလိုလိုနဲ့ ပုစိလေးတောင် လူ့လောကထဲရောက်ဖို့ ဘယ်လောက်မှ သိပ်မလိုတော့ဘူး"
"ပုစိလေး လူ့လောကထဲရောက်လာရင်တော့ ဒီထက်ကျယ်တဲ့ကုတင် ဝယ်ရတော့မှာပေါ့"
"ပုစိလေးအတွက် ကျန့်ကိုယ်တိုင် သိုးမွေးအင်္ကျီလေးတွေ တခြားအသုံးအဆောင်လေးတွေ ထိုးရဦးမယ်"
"နားနားနေနေ လုပ်ပါ၊ ကလေးအသုံးအဆောင်တွေ မောင်ဝယ်ပေးလို့ရပေမယ့် ကျန့်ကိုယ်တိုင် သိုးမွေးထိုးပေးချင်လို့သာ မောင်က ကျန့်စိတ်ချမ်းသာအောင် လွှတ်ထားပေးရတာ"
"ကလေးတွေအတွက် ကျန့်လုပ်တတ်တာလေးတွေ လုပ်ပေးတာပါ"
"ဟုတ်ပါပြီကွာ. . .အများကြီးတော့ မလုပ်နဲ့ပေါ့၊ ဇက်ကြောတွေညောင်းပြီး တစ်ကိုယ်လုံး ကိုက်ခဲနေမယ်၊ ပြီးတော့ ကလေးက အချိန်ခဏအတွင်းကြီးလာမှာဆိုတော့ များများစားစားမလုပ်ပါနဲ့"
"အင်းပါ မောင်ရယ်"
"နေရထိုင်ရတာရော အဆင်ပြေရဲ့လား၊ တစ်နေရာရာ အဆင်မပြေတာတွေရော ရှိလား"
"အားလုံးအဆင်ပြေပါတယ် တစ်ခုပဲ"
"ဟင်. . .ဘာလဲ"
"ရင်သားတွေက တင်းရင်းနေတော့ အဆင်မပြေဘူး"
"အင်း. . .မောင်နားလည်ပြီ၊ ကျန့်အဆင်ပြေအောင် မောင်လုပ်ပေးမယ်"
ရီပေါ်သည် ဆိုဖာပေါ်တွင် အနေအထားပြောင်းထိုင်ကာ ခြေဆင်းထိုင်လိုက်ပြီး သူ၏ခြေထောက်ကြားတွင် ရှောင်ကျန့်အား ခြေဆင်းထိုင်စေလိုက်သည်။ ပြီးနောက် အင်္ကျီကိုရင်ဘတ်ပေါ် လိပ်တင်လိုက်ပြီး ရှောင်ကျန့်အား ကိုင်ထားစေ၏။
ရှောင်ကျန့်ရဲ့ရင်သားတွေကို လက်နှစ်ဖက်ဖြင့် ဖိညှစ်ကာ နှိပ်နယ်ပေး၏။ ကိုယ်ဝန်ဆောင်မိခင်မလို့ သားဖွားမိခင်တွေလို နို့ရည်မထွက်။ လုံးဝန်းနေသည့် ဗိုက်ကလေးပေါ်တွင် ချက်ကလေးသည်လည်း စူတူတူဖြစ်နေ၏။
လိပ်တင်ထားသည့်အင်္ကျီလေးကို ပြန်ချလိုက်ပြီး ရင်ခွင်ထဲမှ ကျန့်ကိုသိုင်းဖက်ကာ ရှေ့ဆက်လျှောက်ရမယ့် အနာဂတ်အတွက် တွေးနေမိသည်။ ကျန့်အတွက် ယောကျာ်းကောင်းတစ်ယောက်ပီသရမလို အမြွှာနှစ်ယောက်နဲ့ဗိုက်ထဲကရင်သွေးလေးအတွက် ဖခင်ကောင်းတစ်ယောက် ပီသရမည်။
အသက်ကြီးပြီဖြစ်ကြသော မိဘနှစ်ပါးအတွက် သားကောင်းတစ်ယောက်ပီသရမလို၊ ယောက္ခထီးနှင့် ယောက္ခမအတွက် သားသမက်ကောင်း ပီသရမည်။
ကိုယ်ချစ်ရတဲ့သူတွေကို တင့်တောင့်တင့်တယ်ထားနိုင်ဖို့ ဒီထက်မက အလုပ်ပိုကြိုးစားပြီး၊ တခြားလုပ်ငန်းခွဲတွေ လုပ်ကိုင်ရတော့မည်။ ချစ်ရတဲ့လူသားလေးတွေ လူ့အသိုင်းအဝိုင်းမှာ မျက်နှာမငယ်ဖို့ရာအတွက် ပိုကြိုးစားရတော့မည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan