Part-35

16.9K 1K 18
                                    

အမုန်းတရား၏နောက်တော်ပါး Ep-35

Zawgyi

  "သားသားလေးတွေရေ ရီကျန့်၊ ရီရှောင်၊ ကျန့်ရေ မောင်ပြန်ရောက်ပြီ"

  သူ အိမ်တံခါးတွန်းဖွင့်ပြီး ဝင်လာတော့ ဧည့်ခန်းထဲ၌ ဘယ်သူမှ မရှိ။ လက်ဆွဲအိတ်ကို စားပွဲပေါ်တင်ပြီး နားစွင့်လိုက်တော့ အိပ်ခန်းထဲက သားလေးနှစ်ယောက်ငိုသံ အဲ့အဲ့ကြားရသည်။ ရေချိုးခန်းထဲမှ ရေကျသံ ကြားရ၏။

  အိပ်ခန်းထဲတွင် သားနှစ်ယောက်ကိုပွေ့ချီပြီး သူ ချော့မြူနေချိန် ကျန့်က ရေချိုးခန်းထဲမှ ထွက်လာလေသည်။

  "ဟော...မောင်ပြန်ရောက်နေပြီလား၊ ရီကျန့်လေး ကျွန်တော့်အပေါ် အီးအီးပါချလို့ ရေချိုးလိုက်ရတယ်"

  "ကျန့်လဲ သားလေးနှစ်ယောက်နဲ့ ပင်ပန်းနေရပြီ"

  "မပင်ပန်းပါဘူး မောင်ရယ်၊ မောင် ဒီနေ့စောစောပြန်ရောက်လို့ပါလား"

  "ဟုတ်တယ်၊ ဆေးရုံမှာ Patientသိပ်မများတော့ တခြား​ဒေါက်တာ​တွေနဲ့ အဆင်ပြေတယ်၊ ပြီးတော့ ကျန့်နဲ့သားလေးတွေကို အချိန်မပေးနိုင်တဲ့ရက်တွေလည်း များနေပြီလေ ဒါကြောင့် စောစောပြန်လာခဲ့တာ"

  မောင်ထိုင်နေသည့် ဆိုဖာနံဘေးတွင် ဝင်ထိုင်ကာ ရီရှောင်လေးကို လက်ပြောင်းချီလိုက်၏။

  "မောင် မားတို့ဆီမရောက်တာကြာပြီ သွားကြရအောင်နော်"

  "အင်း သွားကြတာပေါ့၊ မောင် ရေချိုးလိုက်ဦးမယ်"

  "မောင် နေပူထဲကပြန်လာတာဆိုတော့ ရေမချိုးခင် ရေတစ်ခွက်လောက်သောက်လိုက်ဦး၊ ခဏစောင့်နော်"

  ရှောင်ကျန့် ရေတစ်ခွက်ငှဲ့ကာ ရီပေါ်ကိုပေးလိုက်၏။ ရီပေါ်လက်ထဲမှ ရီကျန့်လေးကို လက်ပြောင်းချီကာ ကလေးနှစ်ယောက်လုံးကို ပုခက်လေးထဲ ထည့်သိပ်လိုက်လေသည်။

  အသားဖွေးဖွေး ဝဝကစ်ကစ် မျက်လုံးဝိုင်းဝိုင်းလေးများနှင့် ကလေးလေးနှစ်ယောက်က မြင်တဲ့သူတိုင်း ချစ်မိကြမှာအသေအချာ။

  ဟိုကြည့်ဒီကြည့်နှင့် လက်မလေးတွေကို ငုံခဲပြီး တခစ်ခစ်ရယ်နေကြသည်။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now