အမုန်းတရား၏နောက်တော်ပါး Ep-1
Zawgyi
လူဆိုတာ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ကိုယ် ရဲရဲဝံ့ဝံ့ လျှောက်ရဲရမယ်ဆိုတာ သိပါရဲ့နဲ့ ကြေကွဲမှု၊ ဝမ်းနည်းမှုတွေကို ရင်ဆိုင်လာရတော့ နောင်တဆိုတာကို ရင်ဝယ်ပိုက်မိချင်သလိုလို...ဒါပေမယ့်...
ရုန်းထွက်မရအောင်ဘဲ ဖြစ်နေပြီ.....
လူသားတစ်ဦးကို ဖန်တီးပေးနိုင်တော့မယ့်ကိုယ် ဖြစ်နေပြီဆိုတော့၊ ဖော်မပြနိုင်တဲ့ ဝေဒနာအစုစုက ရင်မှာ ငြိတွယ်နေပြီ။
ရုတ်ချည်းဆို မျှော်လင့်ချက် ရောင်ခြည်သန်းလာသည်။
မိမိကို အကူအညီပေးတာ နေအိမ် တည်ဆောက်ပေးနိုင်စွမ်း၊ ဖန်တီးပေးနိုင်စွမ်းရှိသော လူသားလေး မိမိအပါး ရောက်လာတော့မှာပါလား.....
ဒါကို သူ သိမယ်ဆိုရင်.....
"ဟား...ဝမ်းသာလိုက်တာ၊ သေချာရဲ့လား ဒေါ်လီရန်"
အံ့ဩဝမ်းသားလုံးဆို့နေရာမှ ပိုမိုသေချာစေရန် သူငယ်ချင်းဖြစ်သူ ဒေါက်တာကို ထပ်မေးလိုက်သည်။
"သေချာပါတယ် ရှောင်ကျန့်ရယ်၊ ရှင့်ကို ကျုပ်က ညာရမယ့်သူလား၊ ကျုပ်က မာမီ့ခြေရာ နင်းမယ့်သူပါအေ"
"ဒီလိုဆို ငါ အရမ်းကျေးဇူးတင်သွားပြီ သိလား၊ ငါ မျှော်လင့်နေတဲ့ ရည်မှန်းချက်ကလေး ငါ့အနားကို ရောက်လာတော့မယ်"
"နေစမ်းပါဦး ရှင့် Pregnancyက နှစ်လကျော်လောက်ရှိတဲ့ အနေအထားအထိ ရှင့်ပုဂ္ဂိုလ်က မသိဘူးတဲ့လား"
ပျော်ရွှင်မှုတို့ တဒင်္ဂပျောက်ဆုံးသွားရ၏။
ကျူးလီရန်ရဲ့မေးခွန်းက မိမိအား တုန်လှုပ်ခြောက်ခြားမှုကို ဖြစ်ပေါ်စေသည်။
မျှော်လင့်ချက်ရောင်ခြည်တို့ မှေးမှိန်သွားပြီလား.....
"သူ မအားပါဘူးဟာ"
ဖြေသင့်သည်ဟု ယူဆသောအဖြေကို ပေးလိုက်သည်။
ကျူးလီရန် လက်မခံ။
အပျိုကြီးပီပီ ယောကျာ်းများအပေါ် အပြစ်မြင်တတ်သော ဥာဉ်ကလည်း ရှိရာ.....
VOCÊ ESTÁ LENDO
အမုန်းတရား၏နောက်တော်ပါး [Completed]
FanficM-prage Family Type Fanfiction Wang YiBo & Xiao Zhan