Part-39

12.2K 890 26
                                    

အမုန်းတရား၏နောက်တော်ပါး Ep-39


Zawgyi




အင်္ကျီအဖြူ Greyerဒူးခေါင်းလောက်ရှိသော ဘောင်းဘီလေးကို ဝတ်ဆင်ထားကြပြီး၊ နီညို​ရောင်လွယ်အိတ်လေးကို လွယ်ထားကာ၊ Shoeအနက်​ရောင်လေးကို အဖြူရောင်ခြေစွပ်လေးခံပြီး၊ ဆင်တူအဝတ်အစားများနှင့် ဆင်တူနေသောရုပ်ရည်များက ချစ်စရာကောင်းချင်တိုင်း ချစ်စရာကောင်းနေလေသည်။

Mondayဖြစ်၍ ကျောင်းသို့ မောင်နှင့်အတူ သားလေးနှစ်ယောက်ကို လိုက်ပို့ကြ၏။

"ကျောင်းမှာ ရန်မဖြစ်ရဘူးနော် ပါပါးပြောတာ ကြားလား"

"ဟုတ်ကဲ့"

နောက်ကြည့်မှန်မှတစ်ဆင့် နောက်ခန်း၌ထိုင်နေသော သားလေးနှစ်ယောက်ကို ကြည့်ကာ မှာတမ်းချွေရသည်။

"စာတွေကို သေချာလိုက်မှတ်၊ အိမ်ပြန်လာရင် ပါပါး မေးမှာနော်"

"ဟုတ်ကဲ့ပါဗျ"

"ကျောင်းမှာ မတည့်တာတွေ လျှောက်မစားနဲ့၊ ပါပါးထည့်ပေးလိုက်တဲ့ မုန့်နဲ့ထမင်းပဲစား"

"ပါပါးကလည်း အဖွားကြီးကျနေတာပဲ မှာလို့ကိုမပြီးတော့ဘူး"

စလာပါပြီ ရီရှောင်ရဲ့အကျင့်တွေ။

"ငါခေါက်ထည့်လိုက်ရ"

အနောက်ကလှည့်ကာ ခေါက်မည့်ဟန် လုပ်ပြလိုက်တော့ ခုံပေါ်ခြေထောက်တင်ကာ ကုပ်ကုပ်လေးနေ၍ ခေါင်းကိုပင် လက်နှစ်ဖက်က အုပ်ထားသေး၏။

"ကဲ...ကျောင်းရောက်ပြီ"

မောင်က ကားကိုလမ်းနံဘေးတွင် ထိုးရပ်ကာ သူတို့ဘက်လှည့်၍ ပြောလာနေသည်မို့ ရီရှောင်ကို မျက်စောင်းလှမ်းထိုးကာ ဆင်းလိုက်၏။

"ပါပါး ဒက်ဒီ ကောင်းကောင်းပြန်ပါ"

လက်နှစ်ဖက်ကိုဆုပ်ကိုင်ပြီး ခါးလေးတွေကိုင်းကာ နှုတ်ဆက်နေသည့် သားသားလေးနှစ်ယောက်ကြောင့် ခဏကထွက်နေသည့် ဒေါသတွေပင် ကြက်ပျောက်ငှက်ပျောက်။

"သားသားလေးတို့လည်း ကောင်းကောင်းနေနော်၊ ဆရာ/ဆရာမ စကားနားထောင်ကြနော်"

"ရက်စ် ပါးပါး"

"အတန်းထဲမှာပဲနေကြ လျှောက်မသွားကြနဲ့ စာသေချာလိုက်မှတ်"

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now