အမုန်းတရား၏နောက်တော်ပါး Ep-26
Zawgyi
"သူ့ကို အိပ်ရာပေါ်တင်ခဲ့ ဦးယန်း"
ရှောင်ကျန့်ကိုယ်လေး မွေ့ရာအိအိလေးပေါ် မြုပ်ဝင်သွား၏။ မေ့ချင်ယောင်ဆောင်ပြီး ရီပေါ်ကို မျက်တောင်မှေးကြားက အကဲခတ်ကြည့်မိသည်။ ဘာများလုပ်တော့မှာလဲဆိုတာလည်း ရင်တဖိုဖိုနှင့်။
ရီပေါ်က ရှောင်ကျန့်ကိုယ်လုံးလေးကို ဝါးစားမတတ် စူးစိုက်ကြည့်လိုက်ပြီး အနားကပ်လာ၏။ ရှောင်ကျန့်က ရုတ်တရက် ထထိုင်လိုက်ပြီး ကြောင်ကလေးလို လက်သည်းတွေနှင့် ကုတ်ဆွဲဖို့ ဟန်ပြင်လိုက်၏။ ရုတ်တရက်မို့ ရီပေါ်လည်း နောက်တွန့်တွားပြီး၊ ရှောင်ကျန့်ကို ပြုံးစိစိနှင့် ကြည့်နေပြန်သည်။
"ခင်ဗျားနော်၊ သိပ်တရားလွန်လာပြီ၊ ကျွန်တော်က ခင်ဗျား ကြိုးဆွဲရာကမယ့် အရုပ်မဟုတ်ဘူး၊ လုပ်ချင်သလို လုပ်လို့မရဘူး၊ စမ်းရဲရင် စမ်းကြည့်၊ အသက်ချင်း လဲပစ်မယ်၊ ဟွန်း....."
ရီပေါ်က အခန်းတံခါးကို သော့ခတ်လိုက်၏။ နံရံတွေက အုတ်နံရံဖြစ်ပြီး၊ ပြတင်းပေါက်များကိုလည်း သံပန်းများကာထားကာ၊ လိုက်ကာထူထူများ ကာထားသေး၏။ အခန်းထဲတွင် မီးလုံးတစ်လုံးသာ ထွန်းထားသည်။ အဲယားကွန်းတပ်ထား၏။ အိစက်ညက်ညောသော ပန်းနုရောင်နှစ်ယောက်အိပ် မွေ့ရာ၊ ခေါင်းအုံး၊ ဖက်လုံးတွေကို တွေ့လိုက်ရ၍ ရှောင်ကျန့် ရင်ရော၊ ကျောပါ ချမ်းသွားရလေတော့သည်။
"ကျန့်ကို မောင် မခွဲနိုင်ဘူး"
"ဟင့်အင်း၊ ခင်ဗျားနော် အနားမကပ်နဲ့၊ နင်ဂျာတွေလို ကိုယ့်လျှာကို ကိုယ်ကိုက်ပြီး သတ်သေပစ်လိုက်မယ်၊ ဘာမှတ်နေလဲ"
"အဟွန်း...ဟွန်း...ဟွန်း"
နိုင်လိုနင်းထက်ရယ်သံဖြင့် ရီပေါ်ရဲ့ပုံစံကို ရှောင်ကျန့် အသည်းယားနေမိ၏။
"လျှာကိုက်သေတယ်ဆိုတာ ကိုက်တတ်မှ၊ နည်းရှိတယ်၊ မကိုက်တတ်ရင် လျှာတွဲလောင်းကြီး ဖြစ်သွားမယ်၊ လျှာပဲ့ကြီးနဲ့ အစာစားတိုင်း မလှတဲ့ကောင်ကလေး ဖြစ်သွားမှာပေါ့ ကျန့်ရယ်"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan