အမုန်းတရား၏နောက်တော်ပါး Ep-6
Zawgyi
"Patient ကျန်သေးသလား"
"မကျန်တော့ပါဘူး ဆရာ ဒါ နောက်ဆုံးပါပဲ၊ ဒါပေမဲ့ ဆရာ့ကို တွေ့ချင်တဲ့ ဧည့်သည်တစ်ဦးကတော့ ရှိနေပါတယ်"
သူ၏ လူနာစမ်းသပ်ခန်း တာဝန်ခံ သူနာပြုဆရာမလေးက ပြော၏။
"ဧည့်သည်"
နာရီကို ကြည့်လိုက်သည်။
ဆယ်နာရီခွဲနေပြီ။
တိုကင်နံပါတ်များကို လျှော့လိုက်သည်။
ဆယ်နာရီပဲ မှန်းထား၏။
ကျန့်နှင့် ရင်သွေးအတွက် သူ အချိန်ပေးရန် ဖြစ်သည်။
"ဘယ်ကဧည့်သည်လဲကွာ ချိန်းမထားဘဲနဲ့၊ ကဲ. . .ကဲ ပေးဝင်လိုက်ပါ"
သူနာပြုဆရာမလေးက တံခါးကို အသာဟကာ ခေါ်လိုက်သည်။
ဧည့်သည်ဆိုသူ ဝင်လာ၏။
လှပသော အမျိုးသမီးတစ်ယောက် ဖြစ်သည်။
သို့သော်. . . . .
ကျန့်ရဲ့အလှကိုတော့ မမီပါ။
ဤအမျိုးသမီး၏ မျက်နှာကတော့ ချိုသည်။ ကျန့်မျက်နှာက ခက်ထန်မာကြော၏။
"ကျွန်မ ရှောင်ကျန့်ရဲ့သူငယ်ချင်း ကျူးလီရန်ပါ"
ပြုံးလိုက်တော့ ပါးချိုင့်လေးနှစ်ဘက်က သိသိသာသာ ခွက်ဝင်သွား၏။ သွားတက်ကလေးများက လှစ်ခနဲ ပေါ်လာသည်။ လပြည့်ည၏ လပြည့်ဝန်းနှယ် အေးမြဝင်းပလှသည်။ ဖျတ်ခနဲ သူစွဲလန်းခဲ့သော ငယ်ကျွမ်းဆွေ မိန်မိန်ကို အမှတ်ရလိုက်မိ၏။
"ဒေါက်တာရီပေါ်ပါနော်"
သူ၏ ကြက်သေသေသွားမှုကို ဧည့်သည်အမျိုးသမီးက ထပ်ဆင့်သတိပေးလိုက်တော့မှ သူ သတိရကာ ငေးငိုင်သွားမှုကို ပြင်ဆင်ကာ. . . . .
"ထိုင်ပါ...ကျွန်တော် ဘာများအကူအညီပေးရမလဲလို့ပါ"
ကျူးလီရန် ပြုံးလိုက်သည်။
"ဒေါက်တာကလဲ လူမြင်တာနဲ့ လူနာပဲ ထင်တော့တာကို၊ ကျွန်မတို့အကြောင်း ရှောင်ကျန့်က ဒေါက်တာကို ပြောပြမထားဘူးထင်တယ်"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan