အမုန်းတရား၏နောက်တော်ပါး Ep-2
Zawgyi
"ကဲ...သားတို့ချင်း ညှိနှိုင်းကြဦး"
မိခင်က သူ့ကို ဧည့်ခန်း၌ ချန်ထားခဲ့ပြီး.....
"လာဟေ့ မိန်လီရေ နင့်ရဲ့ သစ်ခွမျိုးသစ်တွေ ငါ့ကို ပြပါဦးကွယ်"
ခမည်းခမက်လောင်းများက အလွမ်းသင့်ကြသည်။ အတိုင်အဖောက် ညီ၏။ ယောကျာ်းသားကြီးနှစ်ဦးက လသာဆောင်၌ စစ်တုရင် ကာစားနေကြသည်။ မိန်းမသားကြီးနှစ်ဦးက သစ်ခွရုံရှိရာ ထွက်သွားကြ၏။
ဧည့်ခန်း၌ ရှောင်ကျန့်နှင့် သူ နှစ်ယောက်တည်းကျန်ရစ်ခဲ့သည်။
အနောက်တိုင်းယဉ်ကျေးမှုကတော့ မိန်းမ/ယောက်ျား ပိုးရတာ လွယ်ကူသည်။ ဒိတ်လုပ်၊ ကပွဲသွား၊ ညစာစား၊ ပြဇာတ်ကြည့်ချင် ကြည့်၊ နိုက်ကလပ်သွားချင် သွား၊ ဘာကိုမှ အဟန့်အတားမရှိ။
ယခုတော့.....
သူ အနေကျဉ်းကြပ်သည်။ မိခင်/ဖခင်ကလည်း အိမ်က မထွက်ခင်ကတည်းက သူ့အား သွန်သင်လာပြီးသား။
"ဒါက တရုတ်နိုင်ငံနော်၊ သားဝမ် ကျင်လည်ခဲ့တဲ့ အနောက်နိုင်ငံမဟုတ်ဘူး၊ ကိုယ်ယူရမယ့် သတို့သားလောင်းအပေါ် လေးလေးနက်နက် မြတ်နိုးတန်ဖိုးထား ဆက်ဆံရမယ်"
"ဟုတ်တယ် တစ်သက်မှာ တစ်ခါပဲ ဆောင်ရတဲ့မင်္ဂလာအတွက် မားတို့ မိန်းမသားတွေဟာ သိပ်တန်ဖိုးထား မျှော်လင့်တတ်ကြတယ်၊ ခုသားဝမ်လက်ထပ်ရမယ့်သူက မိန်းမသားမဟုတ်ဘူးဆိုပြီး ဖြစ်ကလက်ဆန်းတော့ မလုပ်စေချင်ဘူး၊ ဒါကို သားက နားလည်ပေးရမယ်၊ သူ့ဆန္ဒတွေကို အတတ်နိုင်ဆုံး လိုက်လျောပေးရမယ်"
ထိုစကားတို့သည် လောလောလတ်လတ်ဖြစ်၍ သူ့နားထဲ၌ ထင်ဟပ်နေဆဲ။
"ရှောင်ကျန့် ဟုတ်တယ်နော်"
"ဟုတ်ပါတယ်၊ ခင်ဗျား ကျွန်တော့်ကို ဘာပြောစရာရှိလဲ၊ ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းသာပြောပါ"
"မရှိပါဘူး"
"တကယ် မရှိဘူးလား၊ သေချာရဲ့လား"
သူ ရှောင်ကျန့်ကို ကြည့်လိုက်သည်။ ဖြူဖွေးမွတ်သော အသားအရေနှင့် ရုပ်ရည်ရူပကာကလည်း အပြစ်ပြောဆိုဖွယ်ရာမရှိ။ ယောကျာ်းလေးတစ်ယောက်၌ ရှိသင့်ရှိထိုက်သည့် ချောမောမှုထက်ပင် သာလွန်နေ၏။ အနောက်တိုင်း အမျိုးသမီးများ၏အလှက ပူလောင်သည်။ သူ့ရှေ့က ရှောင်ကျန့်၏အလှက အေးချမ်းသည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan