အမုန်းတရား၏နောက်တော်ပါး Ep-23
Zawgyi
"ဒုန်း. . .ဒုန်း"
ရှောင်ကျန့် စိတ်ပေါက်ပေါက်နှင့် တံခါးကို အသားကုန်ထုပစ်လိုက်မိသည်။
"ဒီမှာ အထဲမှာ ရေဘယ်လောက်ထိ စိမ်နေမှာလဲ၊ အလုပ်သွားဖို့က နောက်ကျနေပြီ၊ တောက်! . ."
"ခဏလေး. . .ခဏလေး၊ ချန်း ဒီလိုပဲ ချိုးတတ်တာ၊ ကျန့်ကို မေ့သွားလို့"
ကျန့်တဲ့ သူ့ကို ဘယ်သူခေါ်ခိုင်းလို့လဲ. . .
ကျန့်ဆိုတာ တစ်ဦးနာမ်ပိုင် ခေါ်တဲ့သူရှိပြီးသား. . .
ကိုယ့်နာမည်ကို မောင်ကလွဲ၍ မည်သူမှ ပါးစပ်ထဲထည့်ထားတာကို ရှောင်ကျန့် မသာထာချင်ပါ။
စရောက်သည့်နေ့မှစ၍ ဘိုလိုမပြောတော့ဘဲ နေတာကိုသတိထားမိ၏။
ကိုယ်ဘာလုပ်လုပ် တစေ့တစောင်းလိုက်ကြည့်နေတတ်တာ အတင်းဝင်ရောတာမျိုးလည်း မဟုတ်ဘဲ ခုလိုမျိုး မလွဲရှောင်သာသော တိုက်ဆိုင်မှုတွေ မကြာခဏ ဖြစ်နေသည်။
ရှောင်ကျန့် ရေချိုးခန်းထဲဝင်တော့ အလုပ်ချိန်ကနီးနေပြီမို့ ရေကို အေးအေးဆေးဆေးပင် မချိုးရတော့ချေ။
ပြင်ဆင်ပြီး လက်ဆွဲအိတ်ကိုဆွဲ၍ ထွက်လာခဲ့၏။
အပြင်ရောက်တော့ ပေါ်တီကိုအောက်တွင် လီကျစ်ချန်းထင်ရောက်မှ ချက်ချင်းဝယ်ပစ်လိုက်သည့် နောက်ဆုံးပေါ်အမိုးပွင့်ကားအနီရောင်လေး ရပ်ထား၏။
သူ့ကိုလိုက်ပို့နေကျ ကားနံဘေးတွင် ဒရိုင်ဘာကိုမတွေ့သေးသော်လည်း ရောက်လာမှာပဲမို့ ကားဆီ အလျင်စလို သွားလိုက်မိသည်။
ထိုစဉ်. . .
တံခါးလက်ကိုင်ကို ကိုင်မိရုံရှိသေးသည် ကိုယ်ပေါ်သို့ ရေများက ဝေါခနဲ ကျလာ၏။
"ဟာ. . ."
ခေါင်းမှစ၍ ခြေအဆုံး တစ်ကိုယ်လုံးစိုရွှဲကုန်သဖြင့်၊ လန့်ဖြန့်အော်မိကာ အပေါ်မော့ကြည့်မိတော့ အပေါ်ဝရံတာပေါ်တွင် ငုံ့ကြည့်နေသည့်၊ လီကျစ်ချန်းထင်၏ မျက်နှာကို မြင်လိုက်ရသည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan