အမုန်းတရား၏နောက်တော်ပါး Ep-47
Zawgyi
သားသမီးဆိုသည်မှာ ရတနာ. . .
မလိုချင်ရင် မယူပါနဲ့. . .
သို့သော်. . .သားသမီးဆိုတာ ကိုယ့်ဝမ်းထဲရောက်ရှိလာကတည်းက ဘုရားပေးတဲ့ရတနာတစ်ပါးလိုပင်၊ လိုချင်သည့်သူတွေ မရတတ်သလို. . .မလိုချင်သည့်သူတွေလည်း ရတတ်ကြစမြဲ၊ လင်ယောကျာ်းဘက်က အပြစ်အနာဆာတစ်ခုခုရှိလို့ ကလေးမရတတ်သော အိမ်ထောင်တစ်ခု၊ ဇနီးသည်ဘက်မှ အပြစ်အနာဆာတစ်ခုခုရှိလို့ ကလေးမရတတ်သော အိမ်ထောင်တစ်ခု. . . . .
သူတို့နှစ်ယောက်မှာတော့ ယောကျာ်းလေးတွေဖြစ်ပေမယ့် သားသမီးထွန်းကားနိုင်သော အိမ်ထောင်တစ်ခု. . . . .
သားသမီးဆိုတာ ရတနာပါ. . .ထို့ကြောင့် ရတုန်းယူထားကြလျှင် ပိုကောင်းပေလိမ့်မည်။
--------------------
"ကျန့်. . .မောင် ပြောထားတယ်လေ အလေးအပင်တွေ မ,မရဘူးလို့၊ မောင့်ကို လှမ်းခေါ်ပြောပေါ့ကွာ. . .မောင်လာယူမှာပေါ့"
အချိုရည်ဗန်းလေးကိုကိုင်ပြီး ဧည့်ခန်းအတွင်းသို့ ဝင်လာသောသူ့ကို မောင်က စိုးရိမ်တကြီး လှမ်းပြောသောကြောင့် ခပ်ရေးရေးလေးပြုံပြီး ခေါင်းခါမိသည်။
မောင်ဟာလေ. . .တော်တော်အစိုးရိမ်ကြီး. . . . .
"ဒီအဖျော်ရည်သုံးခွက်လေးကို မ,တာလောက်ကတော့ ဘာမှမဖြစ်ပါဘူး မောင်ရယ်၊ ခုမှနှစ်လပဲရှိသေးတဲ့ဗိုက်က ပြားကပ်နေပြီး ပြေးလွှားရင်တောင် ရပါတယ်"
"အိုး. . .နိုး. . .နိုး. . .ကျန့် လမ်းကိုပုံမှန်ပဲလျှောက်၊ ပြေးလွှားနေရင် ကျန့်နဲ့ရင်သွေးလေးပဲ ထိခိုက်မှာ၊ မောင့်ကို စိတ်ထိခိုက်အောင် မလုပ်ပါနဲ့ကွာ"
သူ့လက်ထဲမှအချိုရည်ဗန်းကို လက်လွှဲယူပြီး စားပွဲခုံပေါ်သို့တင်ကာ၊ သူ့ခန္ဓာကိုယ်ကို ထိန်းကိုင်ပြီး ဖြည်းဖြည်းချင်းထိုင်ခိုင်းနေသောမောင်က မျက်ခုံးနှစ်ဖက်စုကျုံ့ထား၍ အလိုမကျဟန်ပြောနေသောကြောင့်၊ မျက်စောင်းလေးရွယ်လိုက်ပေမယ့် နှုတ်ခမ်းထက် အပြုံးတို့က ဖြစ်ထွန်းလာရသည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan