အမုန်းတရား၏နောက်တော်ပါး Ep-32
Zawgyi
သူတို့နှစ်ဦး ကိုရီးယားမှပြန်ရောက်သည်မှာ တစ်ပတ်ကျော်ပင် ရှိတော့မည်။ ပြန်ရောက်သည်နှင့် မိဘအိမ်မပြန်တော့ဘဲ မင်္ဂလာလက်ဖွဲ့အဖြစ် ပေးထားသည့် အိမ်သို့သာပြန်ခဲ့ကြ၏။
ခုဆို ရီပေါ်က ဆေးရုံသို့ပြန်သွားနေပြီး သူကတော့ အိမ်မှာပဲအမြဲရှိနေတတ်၏။
ညကိုးနာရီအချိန်ဖြစ်၍ အိမ်သားတွေအိပ်နေပေမယ့် ဒုတိယထပ်ရှိအခန်းတစ်ခုထဲတွင် ချစ်သူနှစ်ဦးရဲ့ ပျားရည်လူးဆမ်း အချစ်ပန်းတွေ ပွင့်လန်းနေကြ၏။
"ကျန့်...မောင့်ကို ဘယ်လောက်ချစ်သလဲဟင်"
"ကမ္ဘာကြီးလောက်ချစ်တယ်"
"နည်းတယ်ကွာ"
"စကြဝဠာကြီးလောက်ချစ်တယ်"
"နည်းသေးတယ်"
"မောင် ထင်ထားတာထက် ပိုချစ်တယ်"
"Oh My Sweet...Oh My Darling...Oh My Love"
"ဘိုလိုမှုတ်နေတာလား"
"သိရဲ့သားနဲ့ ဘိုလိုမှုတ်ဘူး၊ ဘိုလိုပြောတာ"
"ကဲပါ...မောင်ကရော ကျွန်တော့်ကို ဘယ်လောက်အထိ ချစ်သလဲ၊ မှန်မှန်ပြောကြေး"
"ကျန့် ထင်ထားသလောက်ကို ချစ်တယ်"
"ကျွန်တော်ထင်ထားတာက နှမ်းစေ့လောက်ကလေးပဲ ချစ်တယ်ထင်နေတာ..."
"ဪ...ဒီလိုလား၊ ယုံအောင် ထပ်ပြီးသက်သေပြမယ်"
ရီပေါ်က ရှောင်ကျန့်ရဲ့ ခါးသိမ်သိမ်လေးကို ကောက်ပွေ့လိုက်၏။ ထွာဆိုင်လေးတွေ တုန်ခါသွားရသည်။ ကားတက်နေသော ပုံတူပန်းချီကားလေးထဲမှ ကောင်ကလေးရဲ့ ခြေလန်းဟန်က နိမ့်တုံမြင့်တုံ ရင်ခုန်မတတ်။ နွေးအိသော အထိအတွေ့မှာ မွှေးပျံ့သော ရနံ့သင်းသင်းက အာရုံတွေကို လင်းခနဲ၊ လက်ခနဲ။
သူ့အပေါ် စီးမိုးအုပ်လာသော မောင့်ရင်ခွင်အုပ်ကျယ်ကြီးကို သူ မတွန်းလှန်နိုင်တော့။ နှုတ်ခမ်းနှစ်လွှာထိကပ်လိုက်သည်နှင့် သူ့အာခံတွင်းထဲသို့ မောင့်လျှာဖျားလေးကအတင်းတိုးဝင်လာတော့သည်။
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan