အမုန်းတရား၏နောက်တော်ပါး Ep-56
Zawgyi
သမီးငယ်လေးသည် ပန်းရောင်သမ်းပြီး ဖြူဖွေးနေသည့်အသားအရေလေးတွေနှင့် မျက်လုံးဝိုင်းဝိုင်းလေးတွေက အလွန်ချစ်စရာကောင်းလွန်းလှသည်။ သုံးလအရွယ်ရှိပြီဖြစ်သောကြောင့် အဝေးမှအရာဝတ္ထုများကိုလည်း ကောင်းစွာမြင်ရနိုင်ပြီဖြစ်သော အရွယ်မလို့ ပုခက်ထဲမှ သူတစ်ကိုယ်တည်းနေ၍လည်း တခစ်ခစ်ရယ်နေတတ်သည်။
ယောကျာ်းလေးမိသားစုတွေထဲမှာမှ မိန်းကလေးတစ်ယောက် ရောက်ရှိလာပြီဖြစ်လို့ တစ်မိသားစုလုံး အချစ်ပိုရပြန်သည်။ ချစ်စရာကောင်းသည့် သမီးငယ်လေးကို ဝမ်ရှောင်းရှောင်ဆိုပြီး အမည်နာမပေးခဲ့ကြ၏။
အမြွှာနှစ်ယောက်သည်လည်း ချစ်စရာကောင်းလွန်းသည့် ညီမငယ်လေးရသောကြောင့် ကျောင်းတွင်စကားနည်းသည်ဆိုသော အမည်နာမဘွဲ့ကို တစ်ချိန်ကရရှိခဲ့သော်လည်း ခုများတွင်တော့ သူတို့ညီမလေးက ဘယ်လိုချစ်စရာကောင်းသည်၊ သူတို့ကဘယ်လိုချစ်သည်ဆိုတာ အမြဲတစေ ကြွားဝါတတ်ကြသည်။
ကလေးငယ်တွေဟာ နို့စို့ဖို့ရာအတွက်ရော၊ သာယာမှုအတွက်ပါ ပါးစပ်က စုပ်လေ့ရှိ၏။ သားအိမ်ထဲမှာနေတုန်းက ရေမြွှာအိတ်ထဲကအရည်တွေကို စုတ်တယ်၊ တချို့က လက်မကိုစုပ်နေတတ်သည်။ မွေးကင်းစကလေးငယ်တွေဟာ သူနဲ့မိခင်နှစ်ဦးတည်းသာရှိတဲ့ ကမ္ဘာလောကကလေးထဲမှာရှိနေစဉ်မှာပင် အစာရှာဖွေခြင်းဆိုင်ရာ တုံ့ပြန်မှုတွေရှိနေတတ်၏။ မွေးကင်းစကလေးငယ်ရဲ့ပါးကို အသာအယာ ပွတ်သပ်ပေးလိုက်မယ်ဆိုရင် ကလေးဟာ ပွတ်သပ်ခံရတဲ့ဘက်ကို လှည့်ပြီး၊ ပါးစပ်ကို တစ်ခုခုစုပ်ရတော့မယ်အထင်နဲ့ နှုတ်ခမ်းကလေး တပြင်ပြင်ဖြစ်လာတတ်သည်။
ယခုတွင်လည်း ကျန့်ရဲ့ရင်ခွင်ထဲမှနေ၍ ပါးတစ်ဖက်ကို သူပွတ်သပ်လိုက်တော့ ပွတ်သပ်ခံရသည့်ဘက်လှည့်ကာ ပါးစပ်ကလေးတွေတပြင်ပြင်လုပ်နေသည်ကြောင့် သဘောကျတာ ရယ်လိုက်၏။
"ကျန့်ရဲ့သမီးက နို့ဆာနေပြန်ပြီ"
"သူ့အစ်ကိုတွေလိုဘဲ အစားပုတ်လေး"
"ကြာရင်တော့ ဖက်တီးပုတ်လေးဖြစ်ပြန်တော့မှာပေါ့"
မောင့်ရဲ့အပြောကြောင့် သမီးလေးကိုငုံ့ကြည့်မိတော့ သူ့ကိုမျက်ဝန်းတောက်တောက်လေးတွေဖြင့် ကြည့်နေသည်မလို့ အင်္ကျီကိုလှန်တင်ကာ ပါးစပ်နား နို့ကိုတေ့ပေးလိုက်တော့ အသံမြည်အောင် တပြွတ်ပြွတ်စုပ်ယူနေပြန်သည်။
"အိုး. . .ကျန့်ရဲ့နို့တွေကတင်းပြီး နို့ရည်တွေလျှံနေပါလား"
"ဟင်"
ဟုတ်သည်။ သူ့ရဲ့နို့အုံတွေဟာ တင်းရင်းနေပြီး တစ်ဖက်လွတ်နေသည့်နို့ဟာ နို့ရည်တွေစိမ့်ထွက်နေကာ အင်္ကျီပေါ်၌ နို့ရည်လေးတွေစိုရွှဲနေ၏။
သုံးခါမြှောက်ကလေးအဖေဖြစ်ကာ ကော,တစ်ယောက်ဖြစ်သောကြောင့် ပထမကိုယ်ဝန်ဆောင်,ကောတွေထက် နို့အုံတွေက ကြီးထွားနေလေသည်။ တစ်ဖက်အင်္ကျီကိုပါလှန်တင်ပြီး နို့သီးလေးကို လက်ချောင်းဖြင့် ဖိကပ်ထားလိုက်၏။
"ကျန့်နို့ရည်တွေ အရမ်းထွက်နေတယ်"
"ရှောင်းရှောင်လေးက တစ်ဖက်ဆိုရင်တောင် ဝတော့ အမြဲတမ်းအဲဒီလိုပဲ"
"ရှောင်းရှောင်ကဝပေမယ့် မောင်ကတော့ မဝဘူး၊ ရှောင်းရှောင်လေးကိုမွေးပြီး ပထမရက်တုန်းက နို့ရည်မထွက်တတ်လို့ မောင်ကိုယ်တိုင် နို့ရည်ထွက်အောင်စုပ်ယူပေးကတည်းက ငတ်နေတာအခုထိပဲ"
ပြောပြောဆိုဆို သူ့ရဲ့လက်ကိုဖယ်ပြီး ရှောင်းရှောင်လေးနဲ့အပြိုင် နို့ရည်တွေစုပ်ယူနေတဲ့မောင်ကြောင့် သက်ပြင်းချကာ ခေါင်းခါမိသည်။ ညဘက်တွေအိပ်ရင် ညသန်ခေါင်အချိန်တွေဆို ထ,ထပြီး သူ့နို့တွေအား လာစုပ်နေတာကို သူမသိဘူးများထင်နေသလား. . .
ရှောင်းရှောင်လေး အိပ်ရာထဲမှာ ရှူးပေါက်ချပြီးငိုလျှင် နို့လှန်တိုက်လိုက်တိုင်း သူ့နို့ရည်တွေက ခမ်းနေသည်။ သူ့ကိုယ်သူ ပိရိလှပြီလို့ထင်နေတဲ့မောင်က နှုတ်ခမ်းတစ်ဝှိုက်နားမှာ နို့ရည်စတွေ ကျန်တတ်စမြဲ။
ရှောင်းရှောင်လေးကို အမြွှာနှစ်ယောက်ဖိမိမည်စိုးသဖြင့် သူနဲ့မောင့်ရဲ့ကြားထဲ အမြွှာနှစ်ယောက်ကို အိပ်စေကာ၊ ရှောင်းရှောင်လေးကို ကုတင်တစ်ဖက်စွန်း၌ အိပ်စေသည်။ အမြွှာနှစ်ယောက်ကို ကျော်ခွပြီး ညဥ့်နက်သည့်အချိန် သူ့နို့တွေကို အငမ်းမရလာစုပ်ယူနေတဲ့မောင်က နို့ဘီလူကြီး. . .
"ဖတ်"
"အင့်"
သူ့ရင်သားတစ်ဖက်ကို ဖတ်ခနဲ ရိုက်ကျလာသည့် လက်ဖဝါးသေးသေးလေးကြောင့် လူမှာ အင့်ခနဲ။ မောင်စုပ်ယူနေသည့် နို့အုံကို လှမ်းကိုင်နေတဲ့ ရှောင်းရှောင်လေးကြောင့် မောင့်ရဲ့မျက်နှာက စူပုတ်ပုတ်။
ဝမ်ရီပေါ်မှာ ကျန့်ရဲ့နို့တစ်ဖက်ကို အငမ်းမရစုပ်ယူနေသည့်အချိန် ပါးစပ်ထဲကို လက်သေးသေးလေးဝင်ရောက်လာပြီး နို့သီးလေးကို ဆုပ်ကိုင်လာပြီး အသံမြည်အောင်ရိုက်ချလိုက်သည့် လက်ဖဝါးလေးကြောင့် အမြန်ခွာလိုက်ရသည်။ ပါပါးကိုယ်တိုင်က စေတနာရှိသလောက် သင်းလေးက ကပ်စေးကုတ်. . .
မွေးကင်းစကလေးငယ်များနှင့် လသားအရွယ်ကလေးများရဲ့ လက်ချောင်းလေးများသည် သန်မာစွာဆုပ်ကိုင်တတ်ကြ၏။ သုံးလအရွယ်ကလေးများသည် သူ့မျက်နှာနဲ့ လက်မအနည်းငယ်အကွာအဝေးမှာရှိတဲ့ အရာဝတ္ထုတစ်ခုခုကို သူတို့လက်နဲ့ လွှဲရိုက်တတ်ကြသည်။ ဒါပေမယ့် နေရာမှန်ကန်အောင်ရိုက်နိုင်မှုနဲ့ ဆုပ်ကိုင်နိုင်မှုကတော့ ကောင်းကောင်းမရသေးချေ။
သို့သော် ရှောင်းရှောင်လေးရဲ့ နေရာမှန်ကန်မှုကြောင့် သူ့မှာငတ်ရလေပြီ။
"မင်းမှမကုန်တာ ဒက်ဒီပါ ကူစို့ပေးမယ်လေ ရှောင်းရှောင်လေးရယ် နော်. . ."
ကိုင်ထားဆဲဖြစ်သည့်နို့တစ်ဖက်ကို လွတ်ပေးမည့် အရိပ်အယောင်မတွေ့ရ။ အကျင့်တွေက ဘာလို့အမြွှာနှစ်ယောက်နဲ့ တူနေရတာလဲ၊ အမြွှာနှစ်ယောက်ရှိလျှင် ကျန့်ကိုနှိုက်မြည်းမရလို့ အခုနှိုက်မြည်းပြန်တော့ သင်းလေးက သူ့ပါပါးကို ကာကွယ်နေပြန်ပြီ။
"ပါပါး. . .သားသားလေးတို့ ပြန်ရောက်ပါပြီ"
"ရှောင်းရှောင်လေးရေ ကောကောတို့ ပြန်ရောက်ပါပြီ"
"ဟင်. . .ဒက်ဒီရောရှိနေတာလား"
"ဒက်ဒီကို မတွေ့လိုက်မိဘူး"
သူ့ကိုကျော်ပြီး နှုတ်ဆက်နေကြတဲ့ မျောက်လောင်းနှစ်ကောင်ကြောင့် ပုပ်သိုးချင်နေသည့်မျက်နှာက သူကမတွေ့လိုက်ဘူးဆိုတဲ့ စကားကြားလိုက်ရချင်း ပုပ်ပွနေသည့်ခရမ်းသီးတစ်လုံးလို ဖြစ်ရ၏။
သင်းတို့က သူ့ကိုမတွေ့ဘူး၊ မမြင်ဘူးတဲ့ ကုတင်ပေါ်မှာကျန့်တို့နဲ့အတူ ထိုင်နေတာလေ. . .ပြီးတော့ ဒီလောက်ခန္ဓာကိုယ်ကြီးတာကိုတောင် မမြင်ချင်ဘူးပေါ့. . .
ငါ့ကို သင်းတို့ဒက်ဒီလို့ရော မှတ်ကြသေးရဲ့လား. . .
ခေါင်းတောင်မနိုင်သေးဘဲ သူ့ကိုလှည့်ကြည့်ပြီး အသံမထွက်ဘဲရယ်နေသည့် ရှောင်းရှောင်က မသိရင်သူ့မျက်နှာအမူအရာပုံစံက စနောက်နေသလို. . .
"ဒက်ဒီ"
"ဒက်ဒီရေ"
သူ့မျက်နှာကို လက်ဖဝါးသေးသေးလေးတွေနဲ့ လှုပ်ကိုင်နေပြီး အသံအနိမ့်အမြင့်ပေါင်းစုံဖြင့် ခေါ်နေကြသော မျောက်လောင်းနှစ်ကောင်က ပေါင်တစ်ဖက်တစ်ယှက်စီတွင် မတ်တပ်ရပ်ကာ ခေါ်နေ၏။
"စိတ်မကောက်ပါနဲ့ အာဘွားပေးမယ်လေ"
"အာဘွားအားကြီးများကြီးပေးမှာမလို့ စိတ်မကောက်ပါနဲ့၊ သားသားလေးတို့က ချစ်လို့စတာ"
"မွ. . .မွ. . .မွ"
"အာ. . .ဘွား. . .မွ. . .ပြွတ်"
"စိတ်ကောက်ရအောင် ငါကမိန်းကလေးလား"
"စိတ်မကောက်တဲ့သူက နှုတ်ခမ်းကြီးထော်နေမယ်တဲ့လား"
"ဒက်ဒီနှုတ်ခမ်းကြီးက သားသားလေးတို့ကို ထိုးမိကုန်တော့မယ့်ဟာကို အဲဒါစိတ်ကောက်နေတာပေါ့ ဟွန်း. . ."
"အဟင်း. . .ဟင်းဟင်း"
မျောက်လောင်းနှစ်ကောင်ရဲ့စကားကြောင့် ကျန့်ကရယ်သလို၊ နို့ကိုငုံခဲရင်း ခြေထောက်လေးတွေ လှုပ်ရှားနေသည့် ရှောင်းရှောင်လေးကလည်း သဘောကျနေသည့်ပုံ။ နှုတ်ခမ်းလေးတွေစူထော်ပြီး လက်ပိုက်ကာ သူ့ကိုကြည့်နေသည့် မျောက်လောင်းနှစ်ကောင်က ရယ်ချင်နေသည့်စိတ်ကို ထိန်းချုပ်နေကြရသည့်ဟန်။
"သားကြီး သားငယ်"
"ဗျာ"
"ဗျာ"
"အဟင်း. . .မစနဲ့တော့ ခဏနားပြီးရင် ရေချိုးရမယ်"
"ဟုတ်ကဲ့ ပါပါး"
မျောက်လောင်းနှစ်ကောင်က သူ့ပေါင်ပေါ်မှဆင်းသွားကြပြီး ရှောင်းရှောင်လေးကို စနောက်နေကြ၏။ ငုံခဲထားသည့်နို့ကို ဆက်မစို့တော့ဘဲ သူ့အစ်ကိုတွေစနောက်နေသည်ကို ပြုံးရယ်နေတဲ့ ရှောင်းရှောင်လေးက သွားဖုံးရဲရဲလေးတွေ ပေါ်သည်အထိ။
"လာပါဦး. . .ဒက်ဒီသမီးလေး ရွှတ်"
ခေါင်းမနိုင်သေးသည့် ရှောင်းရှောင်လေးကို ခေါင်းမှထိန်းကိုင်ပြီး ပွေ့ချီလိုက်တော့ အမြွှာနှစ်ယောက်က သူ့အနားတိုးကပ်လာကြပြီး ရှောင်းရှောင်လေးကို မြူနေကြ၏။
"ရှောင်းရှောင်လေးက ကျန့်လိုပဲ ပါးချိုင့်ရေးရေးကလေးပါတယ်"
"သားသားလေးမှာလည်း ပါပါးလို သွားအကြီးကြီးပါ,ပါတယ်၊ ဒီမှာကြည့်"
ရီရှောင်ကပါးစပ်ဟကာ သူတို့အရှေ့မှာလာပြသော်လည်း ရှေ့သွားလေးတွေကျိုးနေသည်ကြောင့် ရှေ့သွားခပ်ကြီးကြီးအစား အပေါက်ဖြစ်နေသည့်သွားသာ တွေ့မြင်ရသည်ကြောင့် နှစ်ယောက်စလုံးသဘောကျကာ ရယ်လိုက်ကြသည်။
"ဟီး. . .သားသားလေး သွားကျိုးနေတာ မေ့သွားတယ် ဟီးဟီး"
အရှက်ပြေရယ်ပြနေသည့် အငယ်ကောင်လေးကြောင့် နှစ်ယောက်စလုံး အော်ရယ်မိကြသလို၊ ရီကျန့်သည်လည်း အငယ်ကောင်ကို လက်ညှိုးထိုးကာ ဟက်ဟက်ပက်ပက်ရယ်လေသည်။
"ငယ်လေးက သွားကျိုးကြီး ဟားဟား. . .ဟား. . .ဟား"
"ကိုကိုကြီးမှာလည်း သွား,ရှိလို့လား"
"ရှိတယ်လေ ဒီမှာကြည့် ဟင်း"
သွား,စိကာပြနေသည့် အကြီးကောင်သည်လည်း အငယ်ကောင်လိုပင် မတူထူးခြားနား သွားကျိုးလေးတွေ ဖြစ်နေ၏။ သွား,စိပြနေသည့် ကိုကိုကြီးရဲ့သွား,တွေကလည်း သူ့လိုပဲအပေါက်ဖြစ်နေသည်ကြောင့် ထိုအပေါက်ထဲ လက်ညှိုးထိုးထည့်ကာ. . .
"ကိုကိုကြီးရဲ့သွားတွေက ငယ်လေးထက်တောင်ဆိုးတယ် ဒီမှာကြည့် ငယ်လေးရဲ့လက်ညှိုးတောင် ဝင်သွားတယ်"
"အပေါက်နံဘေးနားမှာ သွားတွေအများကြီး ရှိတယ်လေ"
"အဲဒီလိုဆို ငယ်လေးလည်း ရှိတာပေါ့"
"ငယ်လေး မင်းရဲ့လက်က ငံကျိကျိကြီး"
"ဟင်. . .ဟုတ်လား ငယ်လေး ဘာကိုင်မိထားပါလိမ့်"
". . . . ."
"ဪ. . .မှတ်မိပြီ၊ ခဏတုန်းက ငယ်လေး နှာခေါင်းပေါက်ထဲ နှိုက်ထားတာ"
"ဘာ!"
"ဟို. . .ဟိုလေ. . ."
"အား!. . ."
သန့်စင်ခန်းထဲ အော်ပြီးပြေးသွားတဲ့ ရီကျန့်နောက်၊ တဟိုတည်းဟိုပြီး ပြေးလိုက်သွားတဲ့ ရီရှောင်တို့နှစ်ယောက်ကြောင့် အိပ်ခန်းထဲမှာကျန်ခဲ့သည့် အဖေနှစ်ယောက်မှာ အူတက်နေရသည်။
"ဒီကလေးတွေဟာလေ"
ရှောင်ကျန့် ကလေးနှစ်ယောက်နောက် သန့်စင်ခန်းထဲလိုက်ဝင်လာတော့ ထိုင်ခုံပုလေးပေါ်တက်ပြီး ပလုတ်ကျင်းနေသည့် ရီကျန့်နှင့် မျက်နှာငယ်လေးဖြင့် ကြမ်းပြင်ပေါ်ရပ်နေသည့် ရီရှောင်။
"ပါပါး"
တိုးဖျဖျအသံလေးဖြင့်ခေါ်ကာ မော့ကြည့်လာသည့် ရီရှောင်ကို ပွေ့ချီလိုက်ပြီး ဖောင်းအစ်နေသည့် ပါးလေးကို မွှေးကြူလိုက်သည်။ ခုံပုလေးပေါ်ရပ်နေသည့် ရီကျန့်ကို ခါးမှထိန်းကိုင်စေပြီး ပလုတ်ကျင်းစေ၏။
"ပါပါးရေချိုးပေးမယ်"
"ဟုတ်"
"ဟုတ်"
နှစ်ယောက်စလုံးကို ကြမ်းပြင်ပေါ်ချပေးလိုက်ပြီး ကျောင်းဝတ်စုံလေးတွေကို ချွတ်ကာ လျှော်ရမည့်ခြင်းထဲထည့်၏။ ကိုယ်တီးလုံးလေးတွေဖြစ်နေကြသည့် ကလေးနှစ်ယောက်က အဝတ်စားချွတ်လိုက်မှ ပိုဝတယ်ထင်ရသည်။
"နှစ်ယောက်စလုံး ခေါင်းလျှော်ရမယ်၊ အနံ့ထွက်နေပြီ"
ရေပန်းအောက်ဝင်စေပြီး ရေချိုးခေါင်းလျှော်စေလိုက်တော့ ခုန်ဆွခုန်ဆွလုပ်ကာ ဆော့ကစားနေကြပြန်သည်။
"မဆော့ရဘူး၊ ရေတွေစင်ကုန်ပြီ"
"ဟုတ်"
"ဟိုမှာကြည့်ပါဦး၊ ကောကောတို့ ရေချိုးနေကြတာ"
ရှောင်းရှောင်လေးကိုပွေ့ချီ၍ ရေချိုးခန်းအပေါက်ဝမှာရပ်ကာ မသိနားမလည်သေးသည့် ရှောင်းရှောင်လေးကို လက်ညှိုးထိုးပြနေသည့် မောင်။
"ရှောင်းရှောင်လေးရော ရေချိုးချင်တာလား"
"မောင် ကလေးကိုပုခက်ထဲထားပြီး ရေလာချိုး"
"အေးတယ်၊ မချိုးချင်ဘူး"
"ဒက်ဒီက ညစ်ပတ်လိုက်တာ"
"ဒက်ဒီရေမချိုးရင် သားသားလေးတို့နဲ့အတူတူ လာမအိပ်နဲ့နော်"
"ကဲ. . .မောင် ကလေးတွေတောင်ပြောနေပြီ မရှက်ဘူးလား၊ ချွေးအနံ့တွေ ဒီလောက်နံနေတာကို ဘာရေမချိုးလဲ"
"မနံပါဘူးကွာ တစ်နေ့လုံး အိမ်မှာပဲရှိနေတာကို"
"အိမ်မှာနေလည်း နံတာပဲ၊ သွား. . .ကလေးကိုပုခက်ထဲထားပြီး ရေချိုး၊ ကလေးတွေတောင် ရေချိုးခေါင်းလျှော်တာကို သူ့မလို့ မကြီးမငယ် ချမ်းရတယ်ရှိသေး၊ တစ်နေ့လုံး နေပူတာကို ဘယ်နေရာကအေးလို့လဲ"
"အင်းပါ. . .အင်းပါ"
ရေချိုးခန်းထဲ ဗျစ်တောက်ဗျစ်တောက်ပြောနေသည့် ကျန့်ကြောင့် အိပ်ခန်းထဲအမြန်ဝင်ကာ ကလေးကိုထားပြီး ရေချိုးရန်ပြင်ရသည်။ ရေချိုးဖို့အားလုံးပြင်ဆင်ပြီးတော့ အောက်ပိုင်းသဘက်လေးတွေပတ်ကာ အိပ်ခန်းထဲဝင်လာကြသော ကလေးနှစ်ယောက်ကြောင့် ဗီရိုထဲမှအဝတ်ထုတ်ကာ ဝတ်ပေးတော့ သူတို့ရဲ့သဘက်တွေကို မချွတ်ချင်ဘူးဆိုပြီး ဆွဲကိုင်ထားကြသည်။
"ဘာလို့ ဆွဲထားရတာလဲ ဘောင်းဘီဝတ်မယ်လေ"
"သဘက်မချွတ်ဘဲ ဒီတိုင်းဝတ်ပေး၊ ပြီးမှ ချွတ်မယ်"
"သားသားလေးတို့က ရှက်တတ်တယ်"
ရှက်တတ်တယ်ဆိုတဲ့စကားကြောင့် ဝမ်ရီပေါ်မျက်နှာ မည်းမှောင်သွားရသည်။
"ဘာရှက်စရာကောင်းလို့လဲ၊ မင်းတို့ဟာက ငါ့လောက်ကြီးလို့လား"
". . . . ."
". . . . ."
"ငါ့လက်သန်းလောက်တောင်မရှိတဲ့ ဟာလေးတွေက ငါလုပ်လိုက်ရ၊ မင်းတို့ဟာက သေးပေါက်ဖို့အတွက်ကလွဲရင် ဘာမှအသုံးမဝင်သေးဘူး၊ ငါ့ဟာဆို တွင်းအောင်းတိုင်းအရည်လည်းရွှမ်းပြီး သေးလည်းပေါက်လို့ရတယ်၊ မင်းတို့လေးတွေလို ထွက်လာအောင် လုပ်လို့လဲရတယ်"
"ဘုတ်"
"အာ့"
ကလေးနှစ်ယောက်ကို အဝတ်စားတွေဝတ်ပေးနေရင်း အရှက်မဲ့စွာပြောနေတဲ့မောင်က ဖြတ်ရိုက်ပစ်ချင်စရာ။ ထို့ကြောင့် အနီးအနာက ဒိုက်ဘာထုပ်နဲ့ ကောက်ယူပေါက်ပစ်သည်။ ကလေးနှစ်ယောက်ကငယ်သေးလို့ပေါ့ မောင့်ရဲ့စကားတွေကို နားမလည်တာ၊ မောင်ဟာလေ အသက်ကြီးလေ အပျင်းကြီးလေ၊ အရှက်မဲ့လေဘဲ. . .
"သွား. . .ရေမြန်မြန်ချိုး"
"အင်းပါ မောင့်ဇနီးလေး အလိုတော်ကျပါ"
ကလေးနှစ်ယောက်ကို အဝတ်စားအမြန်ဝတ်ပြီး ရေချိုးခန်းထဲဝင်လာရသည်။ မတော်လို့ တစ်ခုခုနဲ့ထပ်ပေါက်ခံရရင် သူပဲနာရမှာ၊ အခုတောင် ဒိုက်ဘာထုပ်နဲ့မလို့ပေါ့ တခြားတစ်ခုခုနဲ့သာဆို သူ့ခေါင်းပေါက်ရချည်သေးရဲ့။
ပြောင်လိုက်တဲ့ လက်သံ. . .
Bathtubထဲ ဝင်စိမ်မနေတော့ဘဲ ရေပန်းအောက်ဝင်လို့သာ ချိုးလိုက်သည်။
"ဆပ်ပြာပါတိုက်ပြီး ကြာကြာချိုးနော်၊ ခန္ဓာကိုယ်ရေစိုရုံလေးနဲ့ မလာခဲ့နဲ့"
ကျန့်က သူ့အကြံတွေကိုသိသည့်အလား အိပ်ခန်းထဲမှနေ၍ အော်ပြောနေသောကြောင့် ရေချိုးခန်းနံရံတွေကို 360°လှည့်ပတ်ကြည့်မိသည်။ စီစီတီဗွီတွေများ တပ်ထားပြီးကြည့်နေသလားလို့. . .
"အမျိုးသားကိုလည်း ကြောက်ရ၊ ကလေးနှစ်ယောက်ကိုလည်း မနိုင်၊ အငယ်မကြောင့်လည်း ငတ်ရ၊ အိုး. . .သနားစရာငါလေးရဲ့အဖြစ်"
"မြန်မြန်ချိုး"
အိပ်ခန်းထဲမှနေ၍ အမျိုးမျိုးပြောနေတတ်တဲ့ ကျန့်က မိန်းကလေးတွေဆိုလျှင် သွေးဆုံးမီးယပ်ဖြစ်တယ်လို့ ပြောရမည်။ ကျန့်ကိုက ဘယ်လိုပြောရမလဲ မီးယပ်ဖြစ်တယ်လို့ ပြောရမလား. . .
"ခုတစ်မျိုး တော်ကြာတစ်မျိုး ရှောင်းရှောင်ကျန့်တို့အချိုး"
YOU ARE READING
အမုန်းတရား၏နောက်တော်ပါး [Completed]
FanfictionM-prage Family Type Fanfiction Wang YiBo & Xiao Zhan