အမုန်းတရား၏နောက်တော်ပါး Ep-55
Zawgyi
မွေးဖွားပြီးစကလေးငယ်နှင့် ပထမရက်တွင် ပြုလုပ်ရသည့်တာဝန်ဝတ္တရားများသည် မပြီးနိုင်မစီးနိုင် နှစ်ဆယ့်လေးနာရီပတ်လုံး ကလေးငယ်ကိစ္စနှင့် လည်ပတ်နေရပြီး အစာစားရန်၊ ရေချိုးရန်နှင့် မိမိကိုယ်မိမိ အနားယူရန်အချိန်ပင်မရှိ။
ပထမရက်တွင် ကလေးငယ်သည် အချိန်အတော်များများအိပ်ပျော်နေတတ်သောကြောင့် ကလေးငယ်နိုးနေသည့်အချိန်များတွင် အနားမှာရှိနေပေးသည်။
တစ်ပတ်လောက်အကြာမှာ အားလုံးနေရထိုင်ရအဆင်ပြေပြီဖြစ်၍ ဆေးရုံမှဆင်းခဲ့၏။ မွေးကင်းစကလေးသည် နူးညံ့သောအရာတွေနှင့် ထိတွေ့ရန်လိုအပ်သလို ပွတ်သပ်ချော့မြူဖို့ရာလည်းလိုအပ်၏။
"ကျန့်. . .သမီးလေးကနို့ဆာလို့ထင်တယ် ငိုနေပြီ"
ကလေးမွေးထားရသည့်အရှိန်နှင့် ညဘက်တွေမအိပ်ရသောကျန့်ကို အနားယူစေပြီး၊ ကလေးကို ပွေ့ချီချော့မြူလိုက်သောကြောင့် သူ့လက်ပေါ်တွင် အချိန်အတော်ကြာအထိ အိပ်ပျော်သွားကာ နို့ဆာ၍ထင် အော်ငိုနေသည့်ကလေးငယ်ကြောင့် ကျန့်ကိုနှိုးရသည်။
တော်သေးတာပေါ့. . .ဟိုမျောက်လောင်းနှစ်ကောင်ကို မာမီတို့အိမ်ပို့ထားလို့ နို့မို့ဆို သူတို့နှစ်ယောက် ပိုပင်ပန်းရချေပြီ. . .
"ကျန့်"
"ဟင်. . .အင်း"
အိပ်မှုံစုံမွားထလာသည့်ကျန့်က မျက်ခွံလေးတွေမှာ ချိုင့်ဝင်နေ၏။
"ကလေးငိုနေတယ် ကျန့်"
"ဟင်. . .ပေး. . .ပေး"
မောင့်လက်ထဲမှကလေးငယ်ကို လက်လွှဲယူပြီး ချော့မြူကာ နို့ချိုတိုက်ကျွေးရပြန်သည်။
"ကျန့်. . .မောင့်ပခုံးပေါ်မှီပြီး အိပ်ခဲ့"
ကျန့်ရဲ့ခေါင်းလေးကို ထိန်းကိုင်ပြီး သူ့ပခုံးပေါ်မှီစေ၏။ အနှီးထုတ်ထဲက ကလေးငယ်သည် နို့ကိုတပြွတ်ပြွတ်စုပ်ယူနေပြီး ကျန့်ပွေ့ချီထားသည့်အတိုင်း ငြိမ်သက်နေသည်။
အမျိုးသမီးအများစုနှင့် အမျိုးသားကော,အများစုသည် မိခင်နို့တိုက်ကျွေးရန်အတွက် သဘာဝ၏တွန်းအားပေးခြင်းကို ခံရပြီး အနည်းငယ်သော အမျိုးသမီးနှင့် အမျိုးသားကော,လောက်သာပင် မိခင်နို့တိုက်ကျွေးရန်အတွက် လုံလောက်သော ကိုယ်ခန္ဓာကျန်းမာသန်စွမ်းခြင်း မရှိကြ။ မိခင်၏သားမြတ်သည် မည်မျှပင်သေးငယ်စေကာမူ ကလေးငယ်အား ထိန်းသိမ်းကြီးထွားစေနိုင်သည့် လုံလောက်သောနို့ရည်ကို ထုတ်ပေးနိုင်၏။
မိခင်နို့တိုက်ကျွေးသောကလေးများသည် နို့ဘူးတိုက်ကျွေးသော ကလေးငယ်များထက် ပိုပြီးအဖျားအနာကင်းတတ်ကြသည်။ အထက်လှန်အောက်လျှော ဝမ်းသွားခြင်း၊ အဆုတ်အအေးမိခြင်း၊ ဝက်သက်ဖြစ်သောကလေးများ ပို၍နည်းပါးတတ်၏။ မိခင်ရဲ့သွေးထဲတွင်ရှိသော ဘက်တီးရီးယားပိုးမွှားများနှင့် ဗိုင်းရပ်စ်ပိုးများကို ခုခံကာကွယ်နိုင်သော ပဋိဇီဝပစ္စည်း Antibodiesများသည် Colostrumခေါ်သော နို့ဦးရည်တွင်ပါဝင်သည်။
နို့ဦးရည်သည် မိခင်၏နို့များတွင် ကိုယ်ဝန်ငါးလအချိန်မှစပြီး ဖြစ်ပေါ်နေသောကြောင့် မွေးကင်းစကလေးငယ်သည် မွေးခါစအချိန်တွင် မိခင်၏နို့ဦးရည်ဖြစ်သော အသားဓာတ်များပါဝင်သည့် Co-lostrumတစ်ခုတည်းသာ မှီဝဲနေပါက ကလေးငယ်သည် မိခင်၏ ကိုယ်ခံအားပဋိဇီဝတည်းဟူသော ထီးအရိပ်အောက်၌ အသက်ရှင်နေသလိုဖြစ်မည်။
မိခင်နို့သည် ကလေးငယ်အတွက် အာဟာရဓာတ်အကောင်းဆုံးရရှိနိုင်ရာ အရင်းအဖြစ်တစ်ခုဖြစ်သည်။
"ကျန့်"
ကျန့်က သူ့ပခုံးပေါ် ခေါင်းမှီတင်၍ အိပ်ပျော်သွားသလို သမီးလေးသည်လေး ကျန့်ရဲ့နို့ကို ငုံခဲရင်းအိပ်ပျော်သွားလေပြီ။ ကျန့်ရဲ့ခေါင်းကိုအသာထိန်းရင်း ခေါင်းအုံးပေါ် အသာချပေးတော့ အင်းအဲအသံပြုနေသည့် ထိုလူသားလေးနှစ်ယောက်ကို ချော့မြူလိုက်တော့ နှစ်ခြိုက်စွာ အိပ်ပျော်သွားကြသည်ကြောင့် ခပ်ရေးရေးပြုံးလိုက်မိသည်။
"တီ. . .တီ"
အောက်ထပ်မှ ကားဟွန်းတီးသံကြားလိုက်ရသည်ကြောင့် မျောက်လောင်းနှစ်ကောင် ရောက်နေပြီဆိုတာ အတတ်သိလိုက်သည်။ ခြေသံခပ်ဖွဖွနင်းပြီး တံခါးကိုအသံမမြည်အောင်ပိတ်၍ အောက်ထပ်ဆင်းခဲ့တော့ တွေ့ရပါပြီ ဖက်တီးပုတ်လေးတွေကို။
မတွေ့ရတဲ့ရက်အတွင်း ပိုဝလာကြသလို. . .
သူကပဲ စိတ်ထင်နေတာလားဆိုတာ မပြောတတ်. . .
"ဒက်ဒီ"
"မင်းတို့နှစ်ကောင် ပိုဝလာကြပါလား ဟမ်"
"သားသားလေးတို့က အိမ်ပြန်ချင်တယ်လို့ပြောတိုင်း ဖွားဖွားက မုန့်တွေအတင်းကျွေးတော့ ဝလာတာပေါ့"
"မစားနိုင်မသောက်နိုင်ဖြစ်နေတာကို ဒီတစ်ခုလေးစားပါဦး၊ ဟိုတစ်ခုလေးစားပါဦးနဲ့ ပြောနေတော့ သားသားလေးတို့က မစားချင်ဘဲစားလိုက်ရတာ"
"အမလေးအေ. . .နင်တို့လေးတွေကို ကျုပ်အတင်းမကျွေးမိသလို နင်တို့ဖိုးဖိုးလည်း မကျွေးမိပါဘူး၊ တစ်ပတ်စာဝယ်ထားတဲ့ မုန့်တွေ၊ အသီးတွေကို ရောက်ကတည်းက ရှိသမျှအစားအစာတွေ နင်တို့ကုန်အောင်စားပြစ်လိုက်လို့ ထပ်ဝယ်ရတာ ပြောပါဦးအေ"
နောက်မှလိုက်ဝင်လာပြီး အမြွှာနှစ်ယောက်ကို ဘုတောပြောနေသည့် မာမီကြောင့် ခပ်ဟဟရယ်လိုက်မိသည်။ ကိုယ့်သားတွေအကြောင်း ကိုယ်သာသိသည်မလို့ တိတ်တဆိတ်သာနေလိုက်သည်။
"ဖွားဖွားက သားသားလေးတို့ကို ငြိုငြင်တာလား"
"အမလေးအေ. . .နင်တို့ကိုသာ ငါငြိုငြင်နေရင် တစ်ပတ်တစ်ခါဝယ်ရတဲ့ဈေးအစား တစ်ရက်တစ်ခါဝယ်ပြီး ကျွေးနေတာတွေ ထည့်ပြောပါဦး"
"တော်ပြီ. . .ဖွားဖွားနောက် ပြန်မလိုက်တော့ဘူး"
"ဒက်ဒီတို့နဲ့ပဲ နေမယ်"
"ဒက်ဒီတို့နဲ့ နေလို့မရသေးဘူးလေကွာ၊ ညီမလေးက ငယ်ငယ်လေးရှိသေးတယ်၊ မတော်လို့အိပ်တဲ့အခါမှာ ညီမလေးကိုဖိမိမှာပေါ့. . .ဖွားဖွားတို့နဲ့ ပြန်လိုက်သွားနော်"
"ဘာလဲ. . .ဒက်ဒီရော ငြိုငြင်တာလား"
"မဟုတ်ပါဘူးကွာ"
"အီးဟီး. . .သားသားလေးတို့ကို ချစ်ကြတော့ဘူး"
"အူးဝါး. . .ဖွားဖွားမိန်လီတို့အိမ်ကို ပို့ပေး အီးဟီး"
"ဖွားဖွားမိန်လီတို့အိမ်ကိုပဲ သွားမယ် အူးဝါး"
"အို. . .မငိုနဲ့လေ မြေးလေးတို့ရယ်၊ တိတ်တိတ်"
"ရီကျန့်၊ ရီရှောင် မငိုရဘူး၊ ဒီမှာအိပ်ချင်တယ်ဆိုရင် ဒက်ဒီနဲ့ဆိုဖာပေါ်မှာပဲ အိပ်ရမယ်"
"ရွှတ်. . .ဆိုဖာပေါ်. . .အင့်. . .အိပ်မှာ"
"ဟုတ်ပြီ၊ အဲဒါဆိုမငိုရဘူးနော် တိတ်တော့"
"ဟုတ် ဒက်ဒီ"
"သားဝမ်"
"ဗျာ"
"သားကျန့်လည်း မမြင်ပါလား"
"ပင်ပန်းပြီးအိပ်ရေးတွေပျက်တော့ အိပ်နေတယ် မာမီ"
"ကလေးတစ်လ,နှစ်လအရွယ်ဟာ အပင်ပန်းဆုံးအချိန်ပဲ၊ ဖခင်က ကလေးကိုထိန်းသိမ်းစောင့်ရှောက်ပေမယ့် မိခင်လောက် မပင်ပန်းဘူး၊ ဖခင်က ကလေးငိုရင်သာချော့မြူပေးလို့ရတာ မိခင်ကျတော့ နို့တိုက်ရတာနဲ့ ကလေးကိုတစ်ချက်တစ်ချက် ထ,ထကြည့်ရတော့ ကောင်းကောင်းအိပ်မပျော်ဘူး"
မာမီ့ရဲ့စကားကို ခေါင်းညိတ်ထောက်ခံရင်း အမြွှာနှစ်ယောက်ကို လှမ်းကြည့်မိသည်။ သူတို့ရဲ့မျက်လုံးတွေက ဂနာမငြိမ်ဘဲ အပေါ်ထပ်သို့လှမ်းကြည့်နေကြ၏။
"ပါပါးဆီ သွားချင်လို့လား"
ခေါင်းလေးတွေညိတ်ပြလာသည်ကြောင့် ဖြည်းဖြည်းသွားရန်မှာလိုက်ပြီး အပေါ်ထပ်သို့ပြေးတက်သွားကြသော အမြွှာနှစ်ယောက်ကိုကြည့်၍ သဘောကျကာရယ်လိုက်သည်။
"မြေးလေးတွေက ဒီမှာအိပ်မယ်ဆို မာမီပြန်တော့မယ် သားဝမ်"
"ခုလေးတင်ပဲ ရောက်တာကို မပြန်ပါနဲ့ဦးလား"
"မြေးနှစ်ယောက်ပြန်မလိုက်မှတော့ မာမီက ပြန်ရုံပဲပေါ့၊ ပြီးတော့ အိမ်မှာလုပ်စရာတွေ ရှိသေးတယ်"
"ဒက်ဒီရော နေကောင်းလား"
"ကောင်းပါ့တော်. . .သူ့မြေးတွေနဲ့ အတူတူနေရလို့ထင်ပါရဲ့ ဒေါင်ဒေါင်ကိုမြည်လို့"
"အဟင်း. . .မာမီ့ရဲ့မြေးနှစ်ယောက်ကြောင့် မာမီတို့အိမ်က တိတ်ဆိတ်နေမယ်မထင်ဘူး၊ နှစ်ယောက်လုံးရဲ့အသံက ပြဲလန်နေတာ"
"ဟုတ်ပါ့. . .ဟုတ်ပါ့ ကဲ. . .သားဝမ် မာမီပြန်လိုက်ဦးမယ်၊ သားကျန့်ကိုလည်း မာမီးမေးတယ်လို့ ပြောလိုက်ဦး၊ သားကျန့်ကိုလည်း ဂရုစိုက်၊ ကလေးသုံးယောက်ကိုလည်း ဂရုစိုက်"
"ဟုတ်ကဲ့ မာမီ"
မာမီ့ကိုဆင်ဝင်အောက်ထိလိုက်ပို့ပြီး ကားလေးထွက်သွားသည်အထိ အတန်ကြာငေးကြည့်နေပြီးမှ အပေါ်ထပ်တက်လာခဲ့သည်။ အိပ်ခန်းရှေ့ရောက်တော့ အမြွှာနှစ်ယောက်ရဲ့ တခစ်ခစ်ရယ်သံက အခန်းပြင်ကနေ အတိုင်းသားကြားနေရ၏။
တံခါးကိုအသာလှပ်ပြီး ချောင်းကြည့်မိတော့ ကျန့်ထွေးပိုက်ထားသည့် သမီးငယ်လေးကို သူတို့လက်ကလေးတွေဖြင့် ထိပြီး သဘောကျနေကြခြင်းပင်။ ကျန့်ရဲ့မျက်နှာထက်တွင်လည်း အပြုံးတွေက ဝေဆာနေ၏။
မျက်လုံးမဖွင့်ဘဲ အသံတွေကိုနားထောင်ပြီး နှုတ်ခမ်းသားလေးတွေ ဖွင့်ဟပြီးရယ်နေသည့် သမီးငယ်လေးက သူ့ရဲ့အစ်ကိုတွေစနောက်နေသည်ကို သဘောကျနေသည့်နှယ်။
မွေးကင်းစကလေးငယ်များသည် ရက်သတ္တတစ်ပတ်အကြာ အတော်များများထိ ဝေးလံသောအရာဝတ္ထုများကို အာရုံစိုက်၍မြင်တွေ့ရန်ခက်ခဲသော်လည်း၊ မွေးစရက်စောစောပိုင်းမှစပြီး အနီးတွင်ရှိသောအရာဝတ္ထုများကို သဲသဲကွဲကွဲမြင်တွေ့နိုင်စွမ်းရှိသည်ကြောင့် အမြွှာနှစ်ယောက်ရဲ့လှုပ်ရှားမှုတွေကို သဘောကျနေခြင်းပင်။
ကလေးငယ်သည် သူ၏မျက်နှာ ရှစ်လက်မမှ တစ်ဆယ်လက်မအကွာတွင်ရှိသော အရာဝတ္ထုများကို ကောင်းမွန်စွာ စူးစိုက်ကြည့်နိုင်ပြီး၊ ကြည်လင်ပြတ်သားစွာ မြင်တွေ့နိုင်ကြသည်။ မျက်လုံးများနှင့် ပါးစပ်များကို မျက်နှာပေါ်ရှိ အစိတ်အပိုင်းများအနက် အာရုံစူးစိုက်ကြဆုံးပင်။
"အဟီး. . .ညီမလေးက ရယ်နေတယ်"
"ကောကောရဲ့ညီမလေးက ချစ်စရာကောင်းလိုက်တာ"
အခန်းထဲမှ ချစ်ရတဲ့လူသားလေးတွေရဲ့ ရယ်သံကြောင့် သူပါလိုက်ပြုံးမိသည်။ တံခါးဖွင့်ပြီး အခန်းထဲဝင်ခဲ့တော့ လှည့်ကြည့်လာကြသည့် ထိုလူသားလေးတွေကြောင့် ချစ်စိတ်များပိုတိုးလာရ၏။
"မွေးကင်းစကလေးတွေက တစ်ဆယ်လက်မအကွာက အရာဝတ္ထုတွေအားလုံးကို ရှင်းရှင်းလင်းလင်းမြင်ရတယ်လေ၊ ဒါကြောင့် အမြွှာနှစ်ယောက်ရဲ့လှုပ်ရှားတာတွေကို သဘောကျပြီး ရယ်တာ"
"ဪ"
"ကျန့် ပြန်အိပ်ချင်ရင်အိပ်လေ မောင် ကလေးထိန်းထားလိုက်မယ်"
"မအိပ်တော့ပါဘူး မောင်ရယ်၊ အနှီးတစ်ထည်ယူပေးပါလား မောင့်သမီးက ရှူးတွေပေါက်ချထားလို့ စိုရွှဲနေကုန်ပြီ"
"မောင့်ကိုကလေးပေးပြီး ကျန့်ဘောင်းဘီလဲလိုက်ပါလား"
"ခဏနေ အဝတ်တွေလျှော်ရင်း တစ်ခါတည်း ရေချိုးလိုက်မယ်"
"မလျှော်နဲ့. . .မလျှော်နဲ့ မောင်ပဲ လျှော်မယ်၊ သွေးနုသားနုနဲ့ ဆပ်ပြာတွေမကိုင်ရဘူး"
"ဒါဆိုလဲ ကလေးအနှီး ကျန့်ပဲလဲလိုက်မယ်"
"မလဲနဲ့. . .မလဲနဲ့ မောင် လဲလိုက်မယ်၊ ကျန့် နားနားနေနေ,နေ"
"ဒက်ဒီ သားသားလေး ရှူရှူးပေါက်ချင်တယ်"
"ကိုယ့်ဘာသာ သွားပေါက်"
"ပါပါးကိုပြောတဲ့ လေသံနဲ့ ပြန်ပြော၊ သားသားရီရှောင်လေးရေ ဒက်ဒီလိုက်ပို့ပေးမယ်လို့"
"အဟား. . .စကားတွေတော်တော်တတ်နေပါလား အငယ်ကောင်"
VOCÊ ESTÁ LENDO
အမုန်းတရား၏နောက်တော်ပါး [Completed]
FanficM-prage Family Type Fanfiction Wang YiBo & Xiao Zhan