Part-10

16.3K 1.3K 52
                                    

အမုန်းတရား၏နောက်တော်ပါး Ep-10

Zawgyi

  ကားသံ​ပျောက်ဆုံးသွားသည်အထိ ငြိမ်သက်စွာ ငေးမောနေမိသည်။

  အနီးဆုံးမှာ ရှိနေသော်လည်း အဝေးဆုံးသို့ ရောက်နေသည့် ယောကျာ်းအတွက် မိမိ တစ်ခုခုဆုံးဖြတ်သင့်သည်ဟု ထင်သည်။

  လောကကြီး၏ ဆန်းကြယ်မှုကို မိမိ တအံ့တဩ တွေ့မြင်ခံစားလိုက်ရပြီ။

  ယောကျာ်းလုပ်သူအပေါ် စိတ်ပျက်ခြင်း၊ နာကျည်းခြင်းတို့ ဖြစ်ပေါ်လာတိုင်း ယောက္ခမအိမ်သို့ ထွက်လာတတ်၏။ ယောက္ခမများ၏ မေတ္တာရိပ်မှာ ခိုလှုံပြီး ယောကျာ်းအပေါ် ခွင့်လွှတ်စိတ်ကို မွေးမြူရသည်။ ဒါကို မိမိယောကျာ်းက သိမည်မဟုတ်ပေ။

  တိုက်တိုက်ဆိုင်ဆိုင် မိမိ ရောက်လာတော့ စာကြည့်ခန်းက အယ်ဘမ်အဟောင်းများ ရှင်းနေချိန်နှင့် ကြုံကြိုက်သည်။

  "ပါး ညနေစာ အမီပြန်လာမယ်၊ ပြီးမှ ပါးကိုယ်တိုင် လိုက်ပို့ပေးမယ်"

  ယောက္ခထီးက မိမိကို နှုတ်ဆက်ထွက်သွားသည်နှင့်. . .

  "ဓာတ်ပုံအယ်ဘမ်​တွေက များလှချည်လား မား"

  "များဆို နိုင်ငံတွေကလည်းစုံသကိုး သားလေးရယ်၊ မားတို့မင်္ဂလာဆောင်ကတည်းက စလာတဲ့အယ်ဘမ်​လေ"

  "သား ကြည့်ချင်တယ်"

  "ကြည့်လေ သားလေး၊ အညောင်းလဲ မိဦးမယ်နော် ကားတွေဘာတွေ ကိုယ်တိုင်မမောင်းပါနဲ့ကွယ် မားစိတ်မချဘူး၊ ဒါရိုင်ဘာလည်း ခန့်ထားပေးရဲ့သားနဲ့ကွယ်"

  "အားမရဘူး မားရဲ့၊ သူ ဈေးသွားနေတုန်း သားထွက်လာတာ"

  "သားဝမ်ကော"

  "မနိုးသေးဘူး"

  ". . . . ."

  "နိုးတာနဲ့ ဆေးရုံတန်းသွားမှာဆိုတော့ မထူးပါဘူး နေမြင့်မှာစိုးတာနဲ့ ထွက်လာတာ"

  ယောကျာ်းနှင့်စာလျှင် ယောက္ခမများနှင့် နေရသည်ကမှစိတ်ချမ်းသာသည်။

  နွေးထွေးမှု ရှိသည်။

  ဓာတ်ပုံအယ်ဘမ်​လေးများကို ခုနှစ်စဉ်အလိုက် ခုနှစ်,လနှင့်နံပါတ်စဉ် တပ်ပေးထား၏။

အမုန်းတရား၏နောက်တော်ပါး [Completed]Where stories live. Discover now